
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်ရှိ Aeon Orange Supermarket ဆိုင်အတွင်း ရောင်းချနေသော အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့အား မေလ(၂၆)ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ Aeon Orange Supermarket မှ ဆိုင်မန်နေဂျာနှင့် တွေ့ဆုံ၍ အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက် တို့ပါဝင်သော အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့သာ ရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော အခြားအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့သာ ရောင်းချခြင်းမပြုလုပ်ကြရန် ဆိုင်မန်နေဂျာအား မှာကြားခဲ့ပြီး Aeon Orange Supermarket ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
