သာယာဝတီခရိုင်တွင်စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

                 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်  ဇိမ်ဇာအုပ်စု၊ စမ်းတွင်းရွာ ဘုန်းကြီးကျောင်းအတွင်း ပြုလုပ်သောအသေးစားစက်မှုလက်မှုလုပ်ငန်း၊ စက်ချုပ်ပညာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၂.၆.၂၀၂၆) ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် သာယာဝတီမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်အေးသန္တာထွန်း၊ဒုတိယဦးစီးမှူးမှ  အသိပညာပေး ဟောပြောပွဲကို ပြည်သူ(၁၇၈)ဦးနှင့်တွေ့ဆုံ၍စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူးမှ သင်တန်းသူ ၂၅ဦးအား စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်း အရာများ အသိ ပညာပေး ဆွေးနွေး ဟောပြော ခဲ့ပါသည်။ စားသုံးသူသူရေးဦစီးဌာန ဆိုတာကတော့    ယခင်ကုန်သွယ်လယ်ယာဌာနကို ပြောင်းလဲ၍ဖွဲ့စည်းထားသည့် ဌာနဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနကို ၂၀၁၆ခုနှစ် ဧပြီလ(၁)ရက်နေ့ တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း  စားသုံးသူရေးရာဦးစီးဌာနရဲ့ ဆောင်ပုဒ်ကတော့ စားသုံးသူအခွင့် အရေး ဦး စားပေး မျှော်မှန်းချက်ကတော့    ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့်နိုင်ငံ့ စီးပွားဖွံ့ဖြိုး တိုးတက်စေရန်တို့ဖြစ်ပြီး ရည်မှန်းချက်(၄) ချက် ကိုလည်း ရှင်းလင်း ဆွေးနွေးခဲ့ ပါသည်။ဆက်လက်၍စားသုံးသူရေးရာဦးစီးဌာနဆိုတာ  စီးပွား/ကူးသန်း ဝန်ကြီးဌာန လက် အောက်မှာရှိတဲ့ ဌာနတစ်ခုဖြစ် ပြီးစားသုံးသူရေးရာဦးစီးဌာနလက်အောက်မှာ တော့ ဌာန ခွဲ(၆)ခု ရှိပါတယ်၊ ဌာနခွဲတိုင်းဟာလည်းဌာနခွဲ အလိုက်လုပ်ငန်းတာဝန်များ လုပ်ဆောင် လျှက် ရှိပါကြောင်း၊   စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်း အမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ သိရှိစေရန်နှင့်  စားသုံးသူရေးရာဦးစီး ဌာနတွင် Online Sale ဖြင့် မှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်းများကိုဌာနမှ တာဝန်ယူ၍ လုပ်ဆောင်ပေးလျှက် ရှိကြောင်း အသိပေးဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင့်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)