သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မင်းဘူးမြို့၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်တာဝန်ခံရုံးမှ ဒေါ်ဌေးဌေးဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် စားသုံးသူများဘေးကင်း လုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၅.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချ လျက်ရှိသည့် အမှတ်တံဆိပ်ပါစားသုံးဆီဘူးများတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/မရှိ၊  သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ထောက်ခံချက်များ ဖော်ထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိ သည့် အမှတ်တံဆိပ်ပါစားသုံးဆီဘူးများတွင် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး မင်းဘူးမြို့နယ် တာဝန်ခံမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ကန်သာစျေးရှိ ကုန်မျိုးစုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံ နှင့်ဝန်ထမ်းများ သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေ ရေး အတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို (၈.၁.၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၀၀)မှ (၀၉:၀၀) အချိန်ထိ မကွေးမြို့၊ ကန်သာစျေးအတွင်း ကုန်မျိုးစုံဆိုင်များအား မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးခဲ့ရာ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဘူးသွပ်ဆီများနှင့် ဟင်း လျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးဖြစ်သည့် “Goody” ဟင်းခတ်အချို မှုန့်၊ “ရွှေကြက်ဖ” ကြာညို့၊ “ပုလဲ”ငံပြာရည်၊ “ဂိုးလ်ဒန်းဒရွယ်ဂွန်” ခရုဆီနှင့် “မကျီးစင်” အဆင့်မြင့် ချိုမွှေးငပိတို့အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ် ချက်များအတိုင်း ပြည့်စုံစွာ ထည့်သွင်း ဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချနေခြင်းရှိ/မရှိတို့ကို စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ရမှုရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာ ဆိုင်တင်ရောင်းချရန် မကွေးခရိုင်တာဝန်ခံ ဒေါ်တင်တင်လှမှ အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ မင်္ဂလာဈေး နှင့်ကန်သာ​ေဈး ၌ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများအားနမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းသည် (၆.၁.၂၀၂၆)ရက်နေ့၊ နံနက် (၀၈:၀၀)မှ(၁၀:၀၀) အချိန်ထိ မကွေးမြို့၊ မင်္ဂလာဈေးနှင့် ကန်သာစျေး၌ ရောင်းချလျက်ရှိသော ကုန်စည်များအား၊ နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာ ရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာ မင်္ဂလာဈေး၌ နမူနာဝယ်ယူခဲ့သော ပဲပြား(S)၊ သရက်ချဉ်၊ အသားတု၊ ကြက်အူချောင်း၊ ငါးနီတူခြောက်၊ ကြာဇံနှင့် ကန်သာစျေး၌  နမူနာ ဝယ်ယူခဲ့သော ပိတ်ဆွယ်၊ ပဲပြား(K/ S)၊ ပိန္နဲသီးစိပ်၊ ချင်းပေါက်၊ ကြက်အူ ချောင်း၊ ဝက်အူချောင်း၊ ထန်းလျက်(အဖြူ) တို့၌ အစားအစာများတွင်သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်း ရှိ/ မရှိ     Mobile Lab Van ဖြင့် အဆိုပါ စျေးအတွင်း ချက်ချင်းစစ်ဆေးခဲ့ရာ ခွင့်မပြု တာရှည်ခံဆေးနှင့် ချွတ်ဆေးများ သုံးစွဲထားခြင်း မရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျန်ရှိနေသော မျှစ်(အနီရောင်)၊ မျှစ်(အဝါရောင်)၊ မျှစ်ပေါက်(အဝါ)၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ငရုပ်သီးမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ငပိ၊ တို့အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဓာတ်ခွဲခန်းသို့ ယူဆောင်စစ်ဆေးပြီး စားသုံးရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိပါက ထုတ်လုပ်သူ လုပ်ငန်းရှင်များအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 “ဇန်နဝါရီလ တတိယအပတ်တွင် အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ ကွင်းဆင်းစစ်ဆေး”

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားသုံးသူပြည်သူများနေ့စဉ်ဝယ်ယူစားသုံးလျက်ရှိသော အခြေခံစားကုန်ပစ္စည်းများနှင့် ဈေးနှုန်းပြောင်းလဲမှုအခြေအနေအား ဇန်နဝါရီလ(၁၂)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်ရှိ အခြေခံစားကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်ဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများသည် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ပြန်လည်ဖြန့်ဖြူးရောင်းချနေသည့် ဈေးနှုန်းများ၏အခြေအနေ၊ ကုန်ခြောက်ပစ္စည်းအရောင်းဆိုင်များရှိ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဈေးနှုန်းအခြေအနေ၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် ရေချို၊ ရေငံ၊ ငါး၊ ပုဇွန်အရောင်းဆိုင်များ၊ ငါးပိ၊ ငါးခြောက်နှင့် ကြက်ဥ၊ ဘဲဥ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးနှုန်းအခြေအနေတို့အား ဇန်နဝါရီလ တတိယအပတ်တွင် ဖြစ်ပေါ်နေသည့် အခြေခံစားကုန်ဈေးနှုန်းတို့မှာ သိသိသာသာပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၀ ကျပ်နှုန်းဖြင့် အနည်းငယ်မြင့်တက်သွားသည်ကို ဈေးနှုန်းစာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ချောက်မြို့၌ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဝန်ဆောင်မှုကဏ္ဍ၊ သယ်ယူပို့ဆောင် ရေးဝန်ဆောင်မှုတွင် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင် ရေး ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် မြို့နယ် မော်တော် ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးလှအောင်ရွှေနှင့်အတူ (၆.၁.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းအား ကြီးကြပ်စစ်ဆေးခြင်းနှင့် အသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ စစ်ဆေးရာတွင် ခရီးသည်များအား လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနိုင်ရေး ခရီးသည် ပို့ဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှု အခြေအနေများနှင့်စပ်လျဉ်း၍ အဝေးပြေး ယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးခဲ့ပြီး အများသုံးသယ်ယူပို့ဆောင်‌ရေးမော်တော်ယာဉ်များတွင် ယာဉ်မတော်တဆကိစ္စရပ်များ လျှော့ချနိုင်စေရန် သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်းမပြုရေး၊ ယာဉ်မောင်းများ ယာဉ်မောင်းစဉ် အရက်သေစာ သောက်စားထားခြင်းမရှိစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးအသိပညာပေးခြင်းများ နှင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ချောက်မြို့တွင် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်း ပေါင်း (၂၀)ရှိပြီး မကွေး၊ မန္တ‌လေး၊ ရန်ကုန်၊ နေပြည်တော်အပြင် ချောက်မြို့မှ မြို့ကြီးများစွာသို့ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

“အခြေခံပညာကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်သည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သုံးခွမြို့နယ် အမှတ် (၅) ရပ်ကွက်၊ အ.လ.က(၁) အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

      ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အ.လ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေဇာသန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့် မြို့နယ်အားကစားရေးမှူးမှ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်မှ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များအား ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည့် အချက်အလက်များနှင့် ကုန်စည်များအား ရွေးချယ်ဝယ်ယူတတ်စေရေး အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

         အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဆရာ၊ ဆရာမ (၅) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦး၊ စုစုပေါင်း (၁၅၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ အသိပညာပေး ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးတန်းအား ဆက်လက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ရန်ကုန်)

(အ.လ.က)ခွဲဆိပ်ဖူးမြောင်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းမုန့်ဈေးအား ဈေးကွက်စောင့်ကြည့်

                     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်း ဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ တာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် နံနက် (၁၁:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆိပ်ဖူးမြောင်ကျေးရွာ (..က)ခွဲကျောင်းရှိ ဆရာ/ များနှင့် ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး ကျောင်းမုန့်ဈေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

                    အဆိုပါဟောပြောပွဲတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံး၏အခွင့် အရေးနှင့်တာဝန်များအကြောင်း၊  စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နေရာ နှင့် တိုင်ကြားရမည့်ပုံစံများအား အသိပညာပေးဟောပြောဆွေနွေးခြင်း၊ Online မှတဆင့် ကုန်စည် များဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ကြောင်း၊ ဒေါ်အိမွန်ကျော်(အကြီးတန်းစာရေး)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ကုန်စည် များကို ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ဟောပြောဆွေးနွေး အသိပညာပေးခဲ့ကြောင်း၊ ဆက်လက်၍ ကျောင်းမုန့်ဈေးဆိုင်အား ကျောင်းအုပ် ဆရာမကြီး၊ ဆရာ/ဆရာမများနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက် ရမည့်အချက်များအား အသိပညာပေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

ကုန်ပစ္စည်းများအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေး

        (၁၂.၁.၂၀၂၆) ရက်နေ့ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးသိန်းကို၊ ရွှေပြည်သာစက်မှုဇုန် (၁) ကော်မတီရုံးမှ လုံခြုံရေးမှူး ဦးဝင်းလွင် တို့ပါဝင်လျက် ရွှေပြည်သာမြို့နယ်ရှိ Diesel King Co.,Ltd ဂေါ်ဇီလာ ခြင်ဆေးစက်ရုံသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၁၀၂)၊ ချယ်ရီလမ်း၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ် သို့ ရောက်ရှိခဲ့ရာ တာဝန်ခံမှ မိမိစက်ရုံမှ ထုတ်လုပ်လျက်ရှိသော ဂေါ်ဇီလာခြင်ဆေးခွေ၊ ခြင်နှင့် ပိုးမွှားသတ်ဆေးရည်တို့အား အရည်အသွေးပြည့်မီမှုကို အဓိကအလေးထားပါကြောင်း၊ စားသုံးသူ ပြည်သူများအား အန္တရာယ်မရှိအောင်လဲ အမြဲဂရုတစိုက်ထုတ်လုပ်ပါကြောင်း၊ သတ်မှတ်ချက်များနှင့် အညီ ထုတ်လုပ်ဖြန့်ချီလျက်ရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုလည်း ပြုလုပ်ထားပါကြောင်း၊ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ထားပြီး မိမိတို့ဌာနမှလည်း စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တမူးမြို့၊ ဈေးတန်းရပ်ကွက်အတွင်းရှိ ဒေါ်ခင်မာရီကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်

                  ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ တမူးမြို့၊ ဈေးတန်းရပ်ကွက်အတွင်းရှိ ဒေါ်ခင်မာရီ ကုန်စုံဆိုင်များ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ၂၀၂၅၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ဇန်နဝါရီလတွင်ဦးစားပေးဆောင်ရွက်မည့် သွားတိုက်ဆေးအမျိုးမျိုးတွင် မြန်မာစာဖြင့် ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် အမှတ် (၁၁၆/A2)၊ ကနောင်မင်းသားကြီးလမ်း စက်မှုဇုန် (၁)၊ ရွှေပြည်သာမြို့နယ်ရှိ Green Circle Co.,Ltd မှ Ve Ve အချိုရည်စက်ရုံသို့ (၁၂.၁.၂၀၂၆) ရက်နေ့ နံနက် (၁၁:၃၅) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးသိန်းကို၊ ရွှေပြည်သာစက်မှုဇုန်(၁)ကော်မတီရုံးမှ လုံခြုံရေးမှူး ဦးဝင်းလွင်တို့ပူးပေါင်းပါဝင်လျက် ရောင်းချနေသော Ve Ve၊ Rocker၊ Ion အားဖြည့်အချိုရည်အမျိုးအစား (၅)မျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း ဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိခြင်း/ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များလည်း ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်ကိုလည်း စီးပွားရေးလုပ်ငန်း ရှင်လိုက်နာရမည့်တာဝန်များကို ပြောကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ