သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေးဒရဲမြို့နယ်တွင် Myro သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြော

    ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် စိုက်ပျိုးရေး ဘဏ်နှင့် ပူးပေါင်း၍ တောင်သူများအား စိုက်/ဘဏ်ရုံးတွင် Myro သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခြင်းကို ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ (၇) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

  စားသုံးသူရေးရာ မြို့နယ်တာဝန်ခံမှ Myro တွင် ဆန်/စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆောင် ရွက်ရသည့် ရည်ရွယ်ချက်များ၊ Myro တွင် ဆန်/စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ Online စနစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ရကြောင်း၊ စပါး(၂၅၀၀) နှင့် အထက်၊ ဆန်အိတ် (၅၀၀) နှင့် အထက် သိုလှောင်သူ လုပ်ငန်းရှင်များ အနေဖြင့် မှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်ပြီး ဖော်ပြပါ ပမာဏ အထက် သိုလှောင်သူများကို ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်ပြီး မိမိတို့ အင်အားရှိသလောက် လွတ်လပ်စွာ သိုလှောင်နိုင်ကြောင်း၊ Myro နှင့် ပက်သက်၍ ကောလဟာလ ထွက်ပေါ်နေသည့် သတင်းများမှာ မဟုတ်မမှန်ကြောင်း စပါးတင်း(၂၅၀၀) အောက်နှင့် ဆန်အိတ်ရေ (၅၀၀) အောက် သိုလှောင်သူများ၊ တောင်သူများ အနေဖြင့် မှတ်ပုံတင်ရန် မလိုသေးကြောင်း လွတ်လပ်စွာ သိုလှောင်နိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တောင်သူ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)

ဒေးဒရဲမြို့နယ်ရှိ စားအုန်းဆီ အရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့မဈေးကြီးအတွင်းရှိ စားအုန်းဆီ ရောင်းချနေသော အရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။ ဈေးကွက်အတွင်း စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ခြင်း မရှိစေရန် လိုက်လံစစ်ဆေးခဲ့ရာ စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင် ရောင်းချလျက်ရှိကြောင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဒေးဒရဲမြို့နယ်တွင် ဘိလပ်မြေ ဈေးနှုန်းဈေးကွက် အခြေအနေ ကွင်းဆင်းစိစစ်

    ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်ရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက် အခြေအနေတို့ကို စိစစ်ခဲ့ကြပါသည်။

    ကြံနှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် (၂၃၀၀၀) ကျပ်၊ Alpha ဘိလပ်မြေ တစ်အိတ်လျှင် (၂၃၀၀၀) ကျပ်၊ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ယခင်ဇူလိုင်လ ဘိလပ်မြေနှုန်းနှင့် နှိုင်းယှဉ်ပါက ကြံနှစ်ကောင် ဘိလပ်မြေနှင့်  Alpha ဘိလပ်မြေ ဈေးနှုန်းတို့မှာ သိသိသာသာ ပြောင်းလဲမှုမရှိဘဲ  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

(Doca ဧရာဝတီ)

ဖျာပုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်းရုံးနှင့် စိုက်ပျိုးရေးဘဏ်တွင် Myro မှတ်ပုံတင်ခြင်းနှင့် ပက်သက်၍ ဆွေးနွေး

       ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့်ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင် အသင်းရုံးတွင်လည်းကောင်း၊ စိုက်ပျိုးရေးဘဏ်တွင်လည်းကောင်း Myroမှတ်ပုံတင်ခြင်းနှင့် ပက်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

          ဆန်စပါး သိုလှောင်ရုံ Myro စနစ်နှင့် ပက်သက်၍ သိုလှောင်ရုံများတွင် ဆံ့ဝင်အင်အားထက်ပိုမို သိုလှောင်ပါက အရေးယူမည် ဟူသော ကောလဟာလ သတင်းမှာ မဟုတ်မမှန်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် စပါး (၂၅၀၀) နှင့် အထက်၊ ဆန်အိတ် (၅၀၀) နှင့် အထက်ကို Myro တွင် မှတ်ပုံတင်၍ သိုလှောင်ရမည်ဖြစ်ကြောင်း၊ ကုန်ရ/ကုန်ထုတ်/လက်ကျန် စာရင်းများကို Myro စနစ်တွင် ထည့်သွင်းခြင်းအားဖြင့် နိုင်ငံတော်အတွက်လည်း အထောက်အကူဖြစ်စေ၍ Myro စနစ်နှင့် ပတ်သက်၍ ထွက်ပေါ်လာသည့် ကောလဟာလ သတင်းမှာ မဟုတ်မမှန်ကြောင်း လုပ်ငန်းရှင်များ၊ တောင်သူများနှင့် ဆွေးနွေး ပြောဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

မအူပင် အကျဉ်းထောင် ဝန်ထမ်း မိသားစုနှင့် ဝန်ထမ်းများအား အွန်လိုင်ရောင်းချ ခြင်းအကြောင်း သိကောင်းစရာများ ဟောပြော

      ၁၀-၈-၂၀၂၅ရက်နေ့ နံနက် (၁၀:၃၀)နာရီတွင် မအူပင်မြို့နယ်အကျဉ်းဦးစီးဌာန အစည်းအဝေးခမ်းမတွင် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု(၄၀)ဦးအား အွန်လိုင်းရောင်းဝယ်ခြင်းနှင့် ပါတ်သက်၍ သိကောင်းစရာများဟောပြော ဆွေးနွေးမှုကို ဟောပြောခဲ့ကြောင်း သိရသည်။

     ဟောပြောရာတွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူးက စားသုံးသူတို့သည် လိုအပ်ချက်အရ ကုန်စည်များကို ယနေ့ခေတ်တွင် အိမ်အရောက်စနစ်ဖြင့် ဝယ်ယူနေကြပြီး စားသုံးသူထိခိုက်နစ်နာမှုများ ရှိနေကြောင်း ၊ အွန်လိုင်းရောင်ချမှု ဖောင်းပွနေသဖြင့် ထိန်းကြောင်းဆောင်ရွက်ရန်အတွက် အွန်လိုင်း စနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင် လက်မှတ် လျှောက်ထားရမည့် e - Commerce Registration (Online) System နှင့်စပ်လျဉ်း ၍ မှတ်ပုံတင် လက်မှတ် လျှောက်ထားရာတွင် လိုက်နာရမည့်ကိစ္စရပ်များကို သိရှိနိုင်ရန် ရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏  အမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၃အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများ အားလုံးသည် မှတ်ပုံတင် လက်မှတ်လျှောက်ထားရန် အကျုံးဝင်ပြီးမှတ်ပုံတင်လက်မှတ် လျှောက်ထားလိုသူများသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက်ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှ တစ်ဆင့်ယနေ့မှစတင်၍ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တို့ကို ရှင်းလင်းဆွေးနွေး ဟောပြောပြီး သိလိုသည်မျးကို ထောင်ဝန်ထမ်းမိသားစုများက  မေးမြန်းကြပြီး ပြန်လည်ဖြေကြားဆွေးနွေးကာ ဟောပြောပွဲကို ၁၀:၃၀ အချိန်က ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင် အကျဉ်းထောင် ဝန်ထမ်း မိသားစုနှင့် ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေ သိကောင်းစရာများ ဟောပြော

    ၁၀-၈-၂၀၂၅ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် မအူပင်မြို့နယ်အကျဉ်းဦးစီးဌာန အစည်းအဝေးခမ်းမတွင် ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစု(၄၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် အွန်လိုင်းရောင်းဝယ်ခြင်းနှင့်ပါတ်သက်၍ သိကောင်းစရာများဟောပြောဆွေးနွေးမှုကို ဟောပြောခဲ့ကြောင်း သိရသည်။

    ဟောပြောရာတွင် မအူပင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ထောင်ဝန်းအတွင်းရှိ ဝန်ထမ်းမိသားစုများသည်လည်း စားသုံးသူထဲတွင် ပါဝင်သဖြင့် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးဆောင်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ စားသုံးသူ၏နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း စားသုံးသူရေးရာဦးစီးဌာနသို့ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားလိုပါက Call Center (1535) တွင် စားသုံးသူနစ်နာမှုများနှင့် စပ်လျဉ်း၍ ၍ တိုင်းကြားနိုင်ကြောင်းကို  သိရှိနိုင်ရန် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာနပိုင် ငါးကန်များသို့ ကွင်းဆင်း၍ လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှု စစ်ဆေးခြင်း

     ၁၀-၈-၂၀၂၅နေ့တွင် စားသုံသူရေးရာဦးစီးဌာနပိုင်ငါးကန်များဖြစ် မအူပင်မြို့နယ် အလန်းကျေးရွာရှိ ဧက(၄၀)ငါးကန်၊ ညောင်တုန်းမြို့နယ်သဇင်ရေကျော်ကျေးရွာရှိ ဧက(၃၈)နှင့်(၁၇)ဧကငါးကန်(၃) ကန်အားကွင်းဆင်းပြီး ငှားရမ်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များနှင် တွေ့ဆုံ၍ ငါးကန်း လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ငါးမွေးမြူမှု အခြေအနေများ၊ ငါးများ ရန်ကုန်တင်ပို့မှု အခြေအနေများ၊ ငါးစာကုန်ကြမ်း ရရှိမှုအခြေအနေများကို မေးမြန်းခဲ့ပြီး လုပ်ငန်းရှင်များ လုပ်ငန်းလိုအပ်ချက်နှင့် တင်ပြချက်များကို မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပေါင်းစပ်ညှိနိူင်းဆောင်ရွက် မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ချောင်းကြီး ကျောင်းမုန့်ဈေးတန်းရှိ မုန့်များအား ကွင်းဆင်းစစ်ဆေး

       (၇-၈-၂၀၂၅) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ချောင်းကြီး အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းနှင့် ကျောင်းဝန်းကျင်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို  နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

          စစ်ဆေးဆောင်ရွက်ရာတွင် ညောင်တူန်းမြို့နယ်ဦးစီးမှူးက ကျောင်းမုန့်ဈေးတန်းတွင် ကလေးသူငယ်များ ကို  ရောင်းချနေသည့် အစားအသောက်နှင့် မုန့်များတွင် ဆိုးဆေးသုံးစွဲသည့် မုန့်များ၊ ရက်လွန် မုန့်များ၊ မသန့်ရှင်းသော အစားအသောက်များ ရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ပါဝင်ခြင်း မရှိသော မုန့်များကို စစ်ဆေးခြင်း၊  ဆိုးဆေး သုံးစွဲထားသော မုန့်များကိုစစ်ဆေးပြီး ဖျက်ဆီးခြင်းနှင့် နောင်တွင် ရောင်းချမှုမရှိစေရန် ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အခြေခံပညာအထက်တန်းကျောင်း ချောင်းကြီးတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတပြည့်ဝစေရန်နှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေး ရာဦးစီးဌာနတို့ ဦးဆောင်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ချောင်းကြီး အထက်တန်းကျောင်း၌ (၇-၈-၂၀၂၅) နံနက်ပိုင်းက ကျင်းပခဲ့သည်။

      ဟောပြောရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူများ၏ အခွင့်အရေး ၈ ချက်၊ စားသုံးသူ များလိုက်နာရမည့် တာ၀န် ၀တ္တရား ၄ ချက် နှင့် စားသုံးသူများ အနေဖြင့် အခက်အခဲ ရင်ဆိုင်ရပါက တိုင်ကြား ဆက်သွယ်နိုင်မည့် နည်းလမ်းများ စသည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ က ကျောင်းသား/သူများအနေဖြင့် မိမိတို့၏ဘ၀တွင် ရည်မှန်းချက် ရည်ရွယ်ချက်များ ကောင်းမွန်စွာ ထားရှိကြရန်၊ အသိပညာ အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြစေရန် အသိပညာ များ ဖွံ့ဖြိုးတိုး တက်ရေး အတွက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှု၍ အမှားအမှန်ကိုဝေဖန် ပိုင်ခြားတတ်သော လူငယ်လေးများ ဖြစ်လာစေရန် စသည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြသည်။

DOCA(ဧရာဝတီ)

“ဈေးကွက်အတွင်းဆေးနှင့်ဆေးပစ္စည်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး”

    ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ(၆) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန   မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် အတူ ပူးပေါင်း၍ ကျောက်ဆည်မြို့ရှိ နွေမိုးဆောင်း ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားအရောင်းဆိုင် သို့သွားရောက်၍စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ထို့သို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်း လိုင်စင်ရှိ/မရှိ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးနှင့် အလှကုန်များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိမှဆေးဝါးနှင့် ဖြည့်စွတ်စာများနှင့်ပက်သက်၍  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှညွှန်ကြားအမှတ်(/၂၀၂၁၉)ဖြင့်ထုတ်ပြန်ခဲ့ပါကြောင်း၊ ၄င်းညွှန်ကြားချက် များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုး အိမ်သုံးဆေးဝါး လိမ်းဆေးအမျိုးမျိုး၊ အာဟာရဖြည့်စွတ်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်ပစ္စည်း အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် ဘေးထွက်ဆိုးကျိုး ကြိုတင်သတိပေးချက်စသည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များပါဝင်မှုမရှိသော ကုန်စည်များရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ