
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့၊ နေ့လည် (၁း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကျင်းပသော စျေးနှုန်းစိစစ်သုံးသပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး အား တိုင်းဒေသကြီးဦးစီးမှူးမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကုန်စျေး နှုန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်ကြသော တိုင်းဒေသကြီး/ ပြည်နယ်ဦးစီး မှူးများမှ မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက်ဖြစ်ပေါ်နေသော ကုန်စျေးနှုူန်းအခြေအနေများ အား ရှင်းလင်းတင်ပြခြင်းနှင့်အထွေထွေဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်စကား ပြော ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
