သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေးအားလုံးပူပေါင်းဆောင်ရွက်ပေး

       မြန်မာနိုင်ငံတွင်း မိုးဦးကျကာလ ဇွန်လတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လေ့ရှိပါသည်။ ယခုနှစ်တွင်လည်း ကျောင်းနေအရွယ်ကလေးသူငယ်များအားလုံး ပညာသင်ခွင့်ရရှိစေရန် နိုင်ငံတော်အကြီးအကဲများမှ အလေးထားဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရပါသည်။ မန္တလေး တိုင်းဒေသကြီး၊  အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် (၂၀၂၅- ၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် “ကျောင်းနေအရွယ်ကလေး အားလုံးစဉ်ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို၁၉.၅.၂၀၂၅ရက်နေ့ နံနက်၈နာရီအချိန်တွင် အမရပူရမြို့၊ စစ်ကိုင်း-မန္တလေးလမ်းမပေါ် မှန်တန်းရပ်၊ နန်းတော်ရာစံပြစျေးအနီးတွင် စိုက်ထူခဲ့ပါသည်။

     အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ခရိုင်ပညာရေးမှူးဒေါ်ထုလွမ်၊ မြို့နယ်ပညာရေးမှူး ဒေါ်ထားထားစိန်နှင့် ကျောင်းအုပ်ဆရာ၊ဆရာမများ၊လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး  မြေစိုက်ပိုစတာအား အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

     အမရပူရမြို့နယ်တွင် (၂၀၂၅- ၂၀၂၆)ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ (KG) အတန်းမှ (Grade-12)အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

DOCA(မန္တလေး)

 

 

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

      မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းများ၏ ကုန်စည်အမျိုးအစားအားလုံး ရာခိုင်နှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်စေရန်အတွက် အစီအစဉ်အသစ်တစ်ရပ် တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် ကုန်အညွှန်းအမှတ်အသား စစ်ဆေးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ယခင်က ဈေးကွက်ရောက်ပြီး ကုန်စည်များကို စစ်ဆေးဆောင်ရွက်သည့်စနစ် (Post Market Surveillance) ဖြင့် အဓိကထား စစ်ဆေးခဲ့ပြီး ယခုအခါ ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပမှ ကုန်စည်တင်သွင်းဖြန့်ဖြူးသည့်လုပ်ငန်းများအား ဈေးကွက်မရောက်မီ စစ်ဆေးသည့်စနစ် (Pre-Market Surveillance) ဖြင့် စစ်ဆေးဆောင်ရွက်ခြင်းအား ကုန်စည် ထုတ်လုပ်သည့်လုပ်ငန်းများ၊ စက်ရုံများ၊ ကုမ္ပဏီများ၊ ပြည်ပမှ ကုန်စည်တင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းစာရင်းများပြုစု၍ လအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လျာထားချက်များသတ်မှတ်ကာ လုပ်ငန်းစီမံချက်ရေးဆွဲ၍ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌထံတင်ပြခွင့်ပြုချက်ရယူပြီး စစ်ဆေးဆောင်ရွက်ခြင်းများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ အသင့်စားမုန့်အမျိုးမျိုး ထုတ်လုပ်သည့်စက်ရုံများအား ဈေးကွက်မရောက်မီစစ်ဆေးခြင်း(Pre Market Survillance)ဆောင်ရွက်ခဲ့ကြောင်းနှင့်  ဆက်လက်၍လည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

မိတ္ထီလာမြို့နယ်၊ အုန်းနှဲဘုတ်ကျေးရွာတွင် အွန်လိုင်းစနစ် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

       မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်၊ အောင်သာကျေးရွာတွင်  စားသုံးသူပြည်သူများ စားသုံးသူခွင့်အရေးအပြည့်အဝရရှိ စေရန်နှင့် ဝယ်ယူသုံးစွဲသောကုန်စည်များ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက်ရှိသော ကုန်စည်များမှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်ရေး ၂၀၂၅ခုနှစ် ၊ မေလ (၂၂) ရက်နေ့ နံနက်(၁၀:၃၀) နာရီချိန်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     ထိုသို့ ဆွေးနွေးရာတွင် မိတ္ထီလာမြို့နယ်တာဝန်ခံ၊ ဒေါ်စိမ်းစိမ်းထွေးမှ စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံ တင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင် လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်း လိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက် ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့် www.eComreg .gov. mm မှတဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ၊ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း စားသုံးသူများမှ မိမိလုပ်ငန်းအပေါ်  ဝယ်ယူအသုံးပြုရန် ယုံကြည်စိတ်ချမှုမရှိနိုင်ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့်အတွက် မှတ်ပုံတင်ရန်လိုအပ်ကြောင်း၊ စားသုံးသူများမှလည်း Online မှ ပစ္စည်းတစ်ခုခုဝယ်မည်ဆိုလျှင် ရောင်းချသူတွင် မှတ်ပုံတင်ရှိ/မရှိ ၊ ငွေပေးချေမှုစနစ်များကို သေချာစစ်ဆေးပြီးမှသာ ဝယ်ယူသင့်ကြောင်းစသည့်အချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့နယ်၊ ကျောက်ဖြူကုန်းကျေးရွာတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

     မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်သာစည်မြို့နယ်၊ အောင်သာကျေးရွာတွင်  စားသုံးသူပြည်သူများ စားသုံးသူခွင့်အရေးအပြည့်အဝရရှိ စေရန်နှင့် ဝယ်ယူသုံးစွဲသောကုန်စည်များ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက်ရှိသော ကုန်စည်များမှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်ရေး ၂၀၂၅ခုနှစ် ၊ မေလ (၂၁) ရက်နေ့ နံနက်(၁၀:၃၀) နာရီချိန်တွင် စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဒေါ်မူမူသန်း၊ ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးအသိ အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာ ဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများ လုပ်ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူ ကာကွယ်ရေးဥပဒေအရ စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့်် တာဝန််များအကြောင်း၊ စားသုံးသူ အခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူ များဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြား နိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာနေပြည်သူ စုစုပေါင်း ( ၅၆ ) ဦးတက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီး ဟောပြော ပွဲကိုနံနက်(၁၁:၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့နယ်ရှိ ဆေးဝါးရောင်းချခွင့်လိုင်စင် (အသစ်) လျှောက်ထားသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင် ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိ ဦးဆောင်သောဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မေလ (၂၂)ရက်နေ့ ၊ နံနက် (၀၉:၀၀) အချိန်တွင် မိတ္ထီလာမြို့နယ်ရှိ မြို့တော်ဆေးဆိုင်နှင့် ထီလာစိုပြေ ဆေးဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

      အဆိုပါ ဆေးဝါးရောင်းချခွင့်လိုင်စင် (အသစ်)  လျှောက်ထားသောဆေးဆိုင်များတွင် စစ်ဆေး ရာတွင် ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချစနစ်များ၊ စံမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းရှိ/မရှိနှင့် သတ်မှတ်ချက်များ ကိုက်ညီမှုရှိ/မရှိ အခြေနေများအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

 

မလှိုင်မြို့နယ်အတွင်း စားသောက်ကုန်ဝန်ဆောင်မှုအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး၏ ၂၂-၄-၂၀၂၅ ရက်နေ့ လမ်းညွှန်ချက်တွင် “မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ လမ်းညွှန်ချက်အရ ဦးစားပေးရွှေးချယ်ထားသည့် ကုန်စည်၊ဝန်ဆောင်မှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပုံမှန်ဆောင်ရွက်ရန်နှင့် ၃လ အလိုက်အမျိုးအစားများ (အမယ် များ)အား ပြန်လည်ဆန်းစစ်သုံးသပ်ရန်” လမ်းညွှန်အရ ဦးစားပေးရွှေးချယ်ထားသည့်    ကုန်စည်၊ ဝန်ဆောင်မှုများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအနေဖြင့် အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုဖြစ်သော စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူပေါင်း၍ မလှိုင်မြို့နယ်အတွင်း လက်ဘက်ရည်ဆိုင်များအား ၂၀၂၅ ခုနှစ်၊ မေလ ၁၆   ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြုပြင်ရောင်းချမှုတွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ အစားအသောက်များ သန့်ရှင်းလတ်ဆက်မှု ရှိ/မရှိ၊ဝန်ဆောင်မှုပေးသူများ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ ပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးခြင်းရှိ/မရှိ၊ ဝန်ဆောင်မှုပေးအပ်သည့်အဖိုးအခမည်မျှကောက်ခံသွားမည်ကို ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/မရှိ၊ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခကောက်ခံခြင်းရှိ/မရှိ၊ ဈေးနှုန်း (Menu) ကဒ် ထားမှုရှိ/မရှိ၊ လုပ်သားများ ဆေးစစ်ထားမှုရှိ/မရှိ၊ ကုန်ကြမ်းများသန့်ရှင်းလတ်ဆတ်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ အသား၊ငါးသိုလှောင်တဲ့အခြေအနေ (ရေခဲသေတ္တာ၊ စားဖိုဆောင်စသဖြင့်) သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

“ မိတ္ထီလာမြို့နယ်အတွင်းရှိ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း ”

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စစ်ဆေးရေးအရာရှိဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့သည် ၂၀၂၅ ခုနှစ် မေလ (၂၀) ရက်နေ့  နံနက် (၁၀း၀၀)အချိန် မိတ္ထီလာမြို့နယ်၊ မြို့သစ်ဈေးအတွင်းရှိ ကုန်စုံဆိုင်များအတွင်း ရောင်းချလျက်ရှိသော အရန်သင့်နှင့်အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သတ်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထား သည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်း ရှိ/မရှိတို့အေား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှစျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား ‌ရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိ ဦးဆောင်သောဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မေလ (၁၉)ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် မိတ္ထီလာမြို့နယ်၊အောင်ဆန်းမြို့သစ်ဈေးရှိ ဆေးဆိုင်မျာအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    အဆိုပါ ဆေးဆိုင်များအား စစ်ဆေးရာတွင် ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချစနစ်များ၊ စံမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းရှိ/မရှိနှင့် သတ်မှတ်ချက်များ ကိုက်ညီမှုရှိ/မရှိ အခြေနေများအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပျဉ်ညောင်ကျေးရွာမြို့နယ်၊ အောင်သာကျေးရွာတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

       မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်၊ အောင်သာကျေးရွာတွင်  စားသုံးသူပြည်သူများ စားသုံးသူခွင့်အရေးအပြည့်အဝရရှိ စေရန်နှင့် ဝယ်ယူသုံးစွဲသောကုန်စည်များ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက်ရှိသော ကုန်စည်များမှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်ရေး ၂၀၂၅ခုနှစ် ၊ မေလ (၁၆) ရက်နေ့ နံနက်(၁၀:၃၀) နာရီချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စာသုံးသူ ရေးရာဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သူဇာမောင်မှ စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိ ဆောင်ရွက်နေ သော စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများ လုပ်ဆောင်ရွက်လျှက်ရှိ ကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့်် တာဝန််များအကြောင်း၊ စားသုံးသူအခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာ တွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိ လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင် ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာနေပြည်သူ စုစုပေါင်း ( ၁၄၉ ) ဦးတက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို နံနက်(၁၁:၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ရမည်းသင်းမြို့နယ်အတွင်း စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရမည်းသင်းမြို့နယ်ရှိ မြို့မစျေးနှင့် ရပ်ကွက်များအတွင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မေလ (၂၁) စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

       ရမည်းသင်းမြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသောအရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေးရာတွင် (Packing) ဖြင့် ‌‌ရောင်းချသော Meizan ၊ အမေထွား စိန်စီ၊ ရွှေတောင်နှင့် ရွှေပြည်စိုးကုန်အမှတ်တံဆိပ်ပါဆီများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန် ထားသော ၂/၂၀၁၉ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ ကုန်အညွှန်းအမှတ်အသားတွင်ဖော်ပြ ထားသည့် အလေးချိန်နှင့်ကိုက်ညီမှုရှိခြင်း ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များလည်းပါရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ