သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေနံချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သပြေကျောင်း၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံသည် ရေနံချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သပြေကျောင်း၌ (၆.၁.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို အသိပညာ၊ ဗဟုသုတနှင့်ပြည့်စုံစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

       ဟောပြောပွဲ၌ ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ (၄၁)အရ ကုန်စည်တစ်ခုတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်း ကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးမှူး ‌ဒေါ်မြင့်မြင့်ကြည်မှ ဝမ်းရောဂါများအကြောင်း နှင့် ဆေးနည်းများအကြောင်းကိုလည်းကောင်း ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမ (၇)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၃၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် Phyoe Rice Trading စားသောက်ကုန်လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၈..၂၀၂၆) ရက်နေ့၊ ညနေ(၁၆:၃၀)နာရီအချိန်တွင် စလင်းမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် Phyoe Rice Trading စားသောက်ကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းအား Online မှတ်ပုံတင်ရာတွင် အချက်အလက်များနှင့်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ်တာဝန်ခံက Phyoe Rice Trading စားသောက် ကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းအား Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မှတ်ပုံတင်မည့် လုပ်ငန်းအမည် မှန်ကန်မှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိ၊ ဖုန်းနံပါတ်မှန်ကန်မှု ရှိ/မရှိ၊ လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ အမည် ပျက်စာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း ထောက်ခံချက်နှင့် ရောင်းချနေသည့် ကုန်စည်/ဝန်ဆောင်မှု အုပ်စုအတိုင်း ကိုက်ညီမှု ရှိ/မရှိ၊ ရောင်းချနေသည့် ကုန်စည်/ဝန်ဆောင်မှုသည် ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသော (သို့မဟုတ်)ကန့်သတ်ထားသော ကုန်စည်ဟုတ်/မဟုတ် (သို့မဟုတ်) ဥပဒေ တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း ရှိ/မရှိ၊ ကုန်စည်အလိုက် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်/ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စသည့် မြေပြင်စစ်ဆေးရမည့် အချက် (၁၈)ချက်နှင့်အညီ စစ်ဆေးခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊  အွန်လိုင်း မှတ်ပုံတင်လက်မှတ်ရရှိထားသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်နှင့် အာမခံရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 DOCA(မကွေး)

အွန်လိုင်းစနစ်ရောင်းချခြင်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်အား အသိပညာပေးခြင်း

         (၁၂.၁.၂၀၂၆) ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့သည် အမှတ် (၂၄၃) ၊ စက်မှု (၁၂) လမ်း၊ မင်္ဂလာဒုံစက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

         ထိုသို့ဆွေးနွေးခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ မိမိတို့အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် ပစ္စည်းအမျိုးအမည်၊ ရောင်းချသည့်နေရာများမှာ အွန်လိုင်းလိုင်စင်လျှောက်ထားစဉ်ကအတိုင်း ကိုက်ညီရန်လိုအပ်ပါကြောင်း၊ အွန်လိုင်းဖြင့် မှာယူသည့်ပစ္စည်းများကိုလည်း ပစ္စည်းပို့ဆောင်သည့်အခါ ကိုက်ညီမှုရှိရန်လိုအပ်ပါကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် သက်ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာနမှလည်း အွန်လိုင်းစနစ်သည် အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသောကြောင့် လိုက်နာဆောင်ရွက်မှုများမရှိလျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို စီးပွားရေးလုပ်ငန်းရှင် (၄) ဦးတက်ရောက်ခဲ့ပြီး (၁၃:၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင်နိုင်သည့် မြန်မာ့ ဆန်စပါးအွန်လိုင်း ( Myanmar Rice Online – MyRO)

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါး စီးပွားရေးလုပ်ငန်းများအား စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန်၊ တောင်သူလယ်သမားများ၊ ကုန်သည်၊ စက်ပိုင် လုပ်ငန်းရှင်များ၊ ပြည်တွင်း/ပြည်ပ ဝယ်သူ/ရောင်းသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများ၊ စားသုံးသူများ အပါအဝင် ဆန်စပါး လုပ်ငန်းနှင့် ဆက်နွယ်သည့် stakeholderများအတွက်တစ်နေရာတည်းတွင် သတင်းအချက်အလက် များ၊ ဝန်ဆောင်မှုများ၊ မှတ်ပုံတင်သည့် လုပ်ငန်းများကို အချိန်တိုအတွင်း လွယ်ကူရိုးရှင်းစွာဖြင့် ရယူဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်၏ ဆန်စပါးလုပ်ငန်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များကို ခေတ်မီ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အတွင်း မှတ်ပုံတင် ထားရှိသောသိုလှောင်ရုံ/ ဆန်ဆိုင်  စုစုပေါင်း(၃၇၆)လုံးရှိပြီး  မြန်မာဆန်စပါး အွန်လိုင်း (MyRO)တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း အပါအဝင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် ဖြည့်သွင်းခြင်း လုပ်ငန်းစဉ်များကို လုပ်ငန်းရှင်များအား လိုက်ပါ ဆောင်ရွက်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာ ကူညီသင်ကြားပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

   ထို့ပြင်   မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော ဆန်စပါး သိုလှောင်ရုံပိုင်ရှင်များကို မှတ်ပုံတင် သက်တမ်းတိုးထားရှိနိုင်ရေး အသိပေးအကြောင်းကြားခြင်း၊ မှတ်ပုံတင်ထားရှိပြီးသည့် ဆန်စပါး သိုလှောင်ရုံ/ ဆန်ဆိုင်/ ဆန်စက်များအား သိုလှောင်ရုံစစ်ဆေးရေး လုပ်ငန်းလမ်းညွှန် ချက်များအတိုင်း မကွေးတိုင်းဒေသကြီး သိုလှောင်ရုံစစ်ဆေးရေး လုပ်ငန်းအဖွဲ့ဖြင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် မကွေးမြို့ပေါ်ရှိ ဆန် သိုလှောင်ရုံနှင့် ဆန်ဆိုင်(၁၇)ဆိုင်အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

                       

Ve Ve အချိုရည်စက်ရုံသို့ ကွင်းဆင်းလေ့လာ

           (၁၂.၁.၂၀၂၆) ရက်နေ့နေ့လယ် (၁၁:၂၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် အမှတ် (၁၁၆/A2)၊  ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၁) ရွှေပြည်သာမြို့နယ်ရှိ Green Circle Co.,Ltd မှ Ve Ve အချိုရည် လုပ်ငန်းရှင်ထံကွင်းဆင်းသွားရောက်တွေ့ဆုံပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ထိုသို့တွေ့ဆုံမေးမြန်းရာတွင် Ve Ve အချိုရည်စက်ရုံမှ ဒုစက်ရုံမှူး ဦးမျိုးသူအောင်က မိမိတို့ စက်ရုံတွင် ထုတ်လုပ်သောအမှတ်တံဆိပ်များမှာ Ve Ve၊ Rocker၊ Ion အားဖြည့်အချိုရည်အမျိုးအစား (၅)မျိုးထုတ်လုပ်လျက်ရှိကာ တစ်ရက်ထုတ်လုပ်မှုမှာ (၁)ပါကင်တွင် (၂၄) လုံးပါ သော ပါကင် (၅၀၀၀)ထုတ်လုပ်လျက်ရှိပြီး မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချကာ ဝန်ထမ်းအင်အားမှာ ကျား(၃၀၀)ဦး၊ မ(၂၀၀)ဦး စုစုပေါင်း(၅၀၀)ဦးဖြင့် လုပ်ငန်းလည်ပတ်ကာ မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသော ဝန်ထမ်းများလည်း စားဝတ်နေရေး အဆင်ပြေလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ခြင်ဆေးခွေထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦး တို့သည် (၁၂.၁.၂၀၂၆) ရက်နေ့ နေ့လယ် (၁၂:၄၅) နာရီအချိန်တွင် အမှတ် (၁၀၂)၊ ချယ်ရီလမ်း၊ ဇုန် (၁) ရွှေပြည်သာမြို့နယ်ရှိ Diesel King Co.,Ltd သို့ သွားရောက်၍ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        တာဝန်ခံဖြစ်သူ ဦးအောင်ကိုယုက Diesel King Co.,Ltd မှ ခြင်ဆေးလုပ်ငန်းတွင် ထုတ်လုပ်သော ဂေါ်ဇီလာအမှတ်တံဆိပ်ဖြင့် ဂေါ်ဇီလာခြင်ဆေးခွေ၊ ဂေါ်ဇီလာခြင်နှင့် ပိုးမွှားသတ် ဆေးရည် (၂) မျိုးထုတ်လုပ်လျက်ရှိပြီး ခြင်ဆေးခွေတစ်ရက်ထုတ်လုပ်မှုမှာ (၅) ဗူးတွဲကဒ် (၁၆) ကဒ်ပါ (၁၀၀၀)နှင့် ခြင်နှင့် ပိုးမွှားသတ်ဆေးရည် (၁) ကဒ်လျှင် (၁၂) ဗူးပါ သေတ္တာ (၁၀၀၀) တို့ ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဝန်ထမ်းအင်အားမှာ ကျား(၄၁၃)ဦး၊ မ(၁၉၈)ဦး စုစုပေါင်း(၆၁၁)ဦးဖြင့် လုပ်ငန်းအဆက်မပြတ် လုပ်ကိုင်လည်ပတ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားအုန်းဆီခွဲတမ်းရရှိသောဆိုင်များအား စနစ်တကျရောင်းချရေး၊သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      (၁၂-၁-၂၀၂၆‌)ရက်နေ့ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ပေါ်ရှိ စားအုန်းဆီခွဲတမ်းရရှိသော ဆိုင်များအား ရရှိသောခွဲတမ်းများ ကို စနစ်တကျရောင်းချရေး ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ အချိန် အတွယ်မှန်ကန်ရေးနှင့်မှတ်တမ်းများစနစ်တကျထားရှိရေးတို့အတွက်မြို့နယ်စားသုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏အဖွဲဝင်များနှင့်အတူ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ် ဆေးခဲ့ ကြောင်း သိရ ပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်မှ စားအုန်းဆီ ရောင်းချနေသော အမှတ် ၇ ရပ်ကွက် အတွင်းရှိ လက်ကား၊ လက်လီဆိုင်(၅)အား သတ်မှတ် စည်းကမ်း လမ်းညွှန်ကြား ချက်များအတိုင်းရောင်းချနေမှု ရှိ မရှိကို စစ်ဆေးခြင်း၊ ဝယ်ယူသူ ပြည်သူများအား ဆီထုတ်ယူခွင့်စာအုပ် ဖြင့် နည်းစနစ်မှန်ကန်စွာ ထုတ်ယူဝယ်ယူအသုံးပြုနိုင်ရန်ကို ရှင်းလင်း အသိပေးပြောကြားပြီး စီးပွားရေး လုပ်ငန်းရှင်နှင့် စားသုံးသူအကြား အငြင်းပွာမှု မရှိစေရန် ဆီဖြန့်ဖြူးခြင်းနှင့် ဆီဝယ်ယူရန် သတ်မှတ်စည်း ကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်၍ လွပ်လပ်စွာ ဝယ်ယူနိုင်ရေးအတွက် ကွင်းဆင်း၍ စစ်ဆေးဆောင် ရွက် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဖြည့်စွက်အစားအစာနှင့် အဟာရမှုန်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ရုံးက ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့များနှင့်အတူ စတိုးဆိုင်များတွင်ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် ကလေးအဟာရအမျိုးမျိုးနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ  ကုန်စည်များ၌ ကုန်အညွှန်းအမှတ် ပြည့်စုံစွာပါရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၁၂.၁.၂၀၂၆) ရက်နေ့နံနက်  (၀၉၃၀) နာရီခွဲအချိန်က စစ်ဆေးခဲ့ကြောင်း သိရသည်။

      ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးက ဦးခိုင်လွမ်းမိုး နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူတို့က မြို့မဈေးနှင့် ရပ်ကွက်များအတွင်း ကုန်စုံ ဆိုင်များရှိ ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့တွင် စားသုံးသူရေးရာ ဦးစီးဌာန ၏ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈)၊ ပုဒ်မ (၄၁)၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ ညွှန်ကြားချက် အမိန့်အမှတ် (၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသော ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက် တင်ခြင်းဆိုင်ရာ အမိန့်ဖော်ပြထားခြင်းနှင့် ကိုက်ညီမှု ရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးရေး ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။  

DOCA(ဧရာဝတီ)

အချိုရည်စက်ရုံသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၁၁၆/A2)၊ ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ်ရှိ Green Circle Co.,Ltd မှ Ve Ve အချိုရည်စက်ရုံသို့ (၁၂.၁.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆွေးနွေးခဲ့ရာတွင် Green Circle Co.,Ltd ရှိ Ve Ve အချိုရည်စက်ရုံမှ ဒုစက်ရုံမှူး ဦးမျိုးသူအောင်ပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာမှုမရှိ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၆)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ပန်းတနော်မြို့နယ် ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

      စားသုံးသူ‌ရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တာ၀န်ခံနှင့်ဝန်ထမ်းတို့သည် (၁၂.၁.၂၀၂၆) နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင်  ပန်းတနော်မြို့နယ်‌ ပတောက်စုကျေးရွာ  စောမြဖော ဆန်စက် သို့သွားရောက်၍  ဆန်စပါး ဝယ်ယူကြိတ်ခွဲမှု၊  စပါးဆန်ဈေးကွက်အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု ရှိ/မရှိ ၊Gasifierများစနစ်တကျအသုံးပြုမှုရှိ/မရှိ၊MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
     အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က ဆန်ထွက် ပစ္စည်းများ ဈေးကွက် အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိ စေရေးအသိပညာပေးခြင်း စပါး/ဆန်သို လှောင်ရုံမှတ်ပုံတင်ထားရှိမှုကို စစ်ဆေးခြင်း၊ သက်တမ်းတိုးရန်ရှိပါက သက်တမ်းတိုး ဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှု အခြေအနေများ၊ ရန်ကုန်ဆန်တင်ပို့မှုအခြေအ‌နေများ၊Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များ အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ ဆန်စက်တွင် လက်ရှိစပါး တင်း ၃၀၀၀တင်း၊  ဆန်အိတ် ၅၀၀ ရှိကြောင်း ဌာနမှ သတ်မှတ်စည်းကမ်း လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပြီး လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း ဆန်စက်လုပ်ငန်းရှင်ပြောကြားချက်အရ သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ