သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk   Show   ပြုလုပ်

         ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၃.၂.၂၀၂၆)ရက်နေ့၊ မွန်းလွှဲ(၁၄:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်(၁၁)ချက်အား အသေးစိတ်ပြောကြားခဲ့ပြီး၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊  အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့် အညီဆောင်ရွက်ကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mmwebsite တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက  စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားအုန်းဆီရောင်းချသည့် လက်လီ/လက်ကား လုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေး

                နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၌ (၂၄-၂-၂၀၂၆) ရက်နေ့     နံနက် (၁၁:၀၀) နာရီ အချိန်တွင် ဒု-ခရိုင်ဦးစီးမှူး၊ ပေါင်းတည်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပေါင်းတည်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီလက်ကား ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက္ကား ရောင်းချနေသော လုပ်ငန်းရှင်များကို ပြည်သူများသို့ ဆီရောင်းချရာတွင် Capital Connect ကုမ္ပဏီမှ Softwar စနစ်ထည့်သွင်း၍ ရောင်းချမည့် အစီအစဉ်အား ဆွေးနွေးခဲ့ပါသည်။ စားအုန်းဆီ ရောင်းချဖြန့်ဖြူးနေသော လက်လီ၊ လက္ကားလုပ်ငန်းရှင်များအား လိုက်ပါပူးပေါင်းဆောင်ရွက် ပေးပါ ရန်နှင့် ခွဲတမ်းရရှိသောဆီများအား ပြည်သူလက်ဝယ်သို့ ရောက်ရှိရေး၊ ဈေးနှုန်း မှန်ကန်စေရေး၊ နေရာမှန်ကန်စေရေး၊ လက်လီ/လက္ကားစာရင်း မှန်ကန်စေရေး၊ အချိန်မှန်စေရေး၊ အရေအတွက် မှန်စေရေး၊ အချိန်အတွယ်နှင့် အရည်အသွေးမှန်စေရေး စသော မှန် (၆) မှန်နှင့် အညီဆောင်ရွက်ပေးရန် ဆွေနွေးခဲ့ရာ ကိုယ်စားလှယ်များမှ လည်းသိလိုသည်များကို ပြန်လည် ဆွေးနွေးမေးမြန်းခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ဆီလုပ်ငန်းရှင် (၁၅)ဦးတက်ရောက် ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဆန်စက်/ဆန်ပွဲရုံ လက်လီလက်ကားအရောင်းဆိုင်များနှင့် သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

              ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း ရောင်းချ နေသော ဆန်စက်/ဆန်ပွဲရုံ လက်လီလက်ကားအရောင်းဆိုင်များနှင့် သိုလှောင်ရုံများအား ပြည်တွင်းစပါး၊ ဆန်ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိကို နတ်တလင်းမြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်   သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့စည်းများနှင့် ပူးပေါင်းပြီး  ဖေဖော်ဝါရီလ  စတုတ္တပတ်တွင်  ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါအဖွဲ့သည် ပြည်တွင်းစပါး၊ ဆန်ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ ရှိ/မရှိ၊ ရွှေဘိုပေါ်ဆန်း ဆန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေး၊ သိုလှောင်ဈေးကစားမှုများ မဖြစ်ပေါ် စေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးတို့အတွက် နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် သက်ဆိုင်ရာ ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များ၊ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့စည်းများနှင့် ပူးပေါင်း၍ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

 ဒိုက်ဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်   စားသုံးသူကာကွယ်ရေး အခွင့်အရေးများအကြောင်း အသိပညာပေး (Talk Show) ဟောပြော

                 ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၁၉.၂.၂၀၂၆ ရက်နေ့၌ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

               မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဒိုက်ဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  တာဝန်ရှိသူနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ( Cosumer Information And Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဥပဒေပါအချက်အလက်များ အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ (၂၀၁၉) ပါပြဌာန်းချက် များမှ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန် များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များအား အသေးစိတ်ဟောပြော ရှင်းလင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့နယ်ရှိ မြို့မဈေးတွင် ဆပ်ပြာအခဲ အမျိုးမျိုးနှင့် ဆပ်ပြာအရည် အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ ထုတ်ကုန်လုံခြုံစိတ် ချရမှုလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၁၁.၂.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်း၊ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းတို့သည် ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဆပ်ပြာအခဲ အမျိုးမျိုးနှင့် ဆပ်ပြာအရည် အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

          ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်း၊ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်း တို့သည်  မိတ်ဖက်ဌာနဖြစ်သော ညောင်လေးပင်မြို့မဈေး တာ ဝန်ခံ ဝန်ထမ်းများနှင့်အတူ ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်း ဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဈေးကွက်ထဲ၌ ဆပ်ပြာအခဲ အမျိုးမျိုးနှင့် ဆပ်ပြာအရည် အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော် လွန်သော ဆပ်ပြာခဲနှင့် ဆပ်ပြာရည်များ ရောင်းချခြင်း ရှိ/ မရှိတို့ကို  စစ်ဆေးခဲ့ပါသည်။စစ်ဆေးချက်များအရ ညောင်လေးပင်မြို့ရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိ ကာ သက်တမ်းလွန် ဆပ်ပြာခဲနှင့် ဆပ်ပြာရည်များ ရောင်းချခြင်းမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဖြူးမြို့နယ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

                  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ  စိုက်ပျိုးရေးဆေးဆိုင်များအား တရားမဝင် ပိုးသတ်ဆေးများ ရောင်းချမှု ရှိ/မရှိ စစ်‌ဆေး၍ ငါးဖမ်းရာတွင် အသုံးပြုသည့်ဆေးများ စိစစ်ရောင်းချရေး အသိပေးခြင်းကို ဖေဖော်ဝါရီလ(၂၃)ရက်နေ့၊ နံနက်(၉)နာရီတွင် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများနှင့်ပူပေါင်း၍ ကွင်းဆင်းခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆေးဆိုင်(၁၉)ဆိုင်အား  တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ရောင်းချ ခြင်း မပြုကြရန်၊ မြန်မာကုန်အညွှန်းအမှတ်အသားပါသော တရားဝင်ဆေးများကိုသာ ဖြန့်ဖြူးရောင်းချသွားရန် အသိပေးဆွေးနွေးခဲ့ကြောင်း၊ ပိုးသတ်ဆေးဆိုင်များ လိုင်စင်သက်တမ်း ကုန်ဆုံးနေပါက သက်တမ်းတိုးခြင်း ပြုလုပ်ပြီးမှသာ ဆက်လက်ရောင်းချရန် ၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများဖြစ်သည့် အင်ဒိုစတား၊ Mic Chong Bao ၊ ဂေါ်ဇီလာဆေးများအား ငါးဖမ်းရာတွင် အသုံးမပြုကြရေး၊ ပစ္စည်းအဝင်/အထွက် မှတ်တမ်းရေးသွင်းရန်တို့အား သတိပေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

သဲကုန်းမြို့နယ်တွင် ဆပ်ပြာအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

              ပဲခူးတိုင်းဒေသကြီး(အနောက်) နတ်တလင်းခရိုင် သဲကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံဦးထင်ဇော်ထွန်းနှင့် ဝန်းထမ်း(၂)ဦးတို့သည် ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ဒုတိယ အပတ်တွင် အရှေ့မြို့ပတ်လမ်း သဲကုန်းမြို့နယ်အတွင်းရှိ ရှိုင်းပွင့်စတိုး တွင်ရောင်းချလျက်ရှိသော ဆပ်ပြာအမျိုးမျိုး အားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် ဆပ်ပြာတုံးအမျိုးမျိုး၊ ရေးချိုးဆပ်ပြာနှင့် အဝတ်လျှော်ဆပ်ပြာ၊ ဆပ်ပြာဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ တရားမဝင်တင်သွင်းကုန်စည်များ ဈေးကွက်အတွင်း ရောင်းချ ခြင်းရှိ/မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မူရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)

Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ အလှကုန်၊ အဝတ်အထည်နှင့် လူသုံးကုန် ရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်နိုင်စေရေး အသိပညာပေးခြင်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့ စည်ပင်သာယာစျေးအတွင်းရှိ ဈေးတာဝန်ခံရုံးOnline Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ အလှကုန်၊ အဝတ်အထည်နှင့်လူသုံးကုန် စားသောက်ကုန်ရောင်းချသူ လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က အလှကုန်၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းရောင်းချရာတွင် အွန်လိုင်းမှတစ်ဆင့် ရောင်းချမှုမှာ ကျယ်ကျယ်ပြန့်ပြန့်ရောင်းဝယ်မှုဖြစ်လျက်ရှိကြောင်း၊ ထိုသို့ရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  အွန်လိုင်းမှတ်ပုံတင် လျောက်ထားရာတွင် ကိုက်ညီရမည့်အချက်များ၊ အထောက်အထားများ၊ မှတ်ပုံတင်လက် မှတ်ရရှိသူ၏တာဝန်နှင့် အခွင့်အ‌ရေးများ၊ မှတ်ပုံတင်လက်မှတ်ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ဆိုင်ရာအကြောင်းအရာများ၊ Online Sales မှတ်ပုံတင်လက်မှတ်ထုတ်ယူပုံအဆင့်ဆင့်၊ သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ သိရှိရန်အချက်များ၊ အွန်လိုင်းလုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း၊  သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဘောမ်ဇုံး(ရုံးအုပ်) ဦးဆောင်၍ ဦးတင်မောင်ထွန်း(ရုံးအုပ်)နှင့် ဦးရဲရင့်ဖြိုး (အကြီးးတန်းစာရေး)တို့ ပါဝင်သော အဖွဲ့သည် ၉-၃-၂၀၂၅ ရက်နေ့ ၁၁:၃၀ နာရီအချိန်၌ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင် (၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ  လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် ဦး‌ဘောမ်ဇုံး (ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း() ပုဒ်မ၂။ ပုဒ်မခွဲ() အရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့ အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) ပုဒ်မ၂၁ အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက် အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်းစသည့်အချက် များအကြောင်းအပြင် ဥပဒေအခန်း(၁၄)ပုဒ်မ ၂၇ အရ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး များအကြောင်းနှင့်ကျန်းမာ‌ရေးဝန်ကြီးဌာနမှ အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအမိန့်ထုတ်ပြန်ခြင်းအကြောင်း၊ အီလက်ထရောနစ်အငွေ့ ရှူစက်ဖြစ်သည့်၊ အီလက်ထရောနစ်စီးကရက်ကဲသို့သော ပစ္စည်းများအကြောင်း၊ အွန်လိုင်းစီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများသုံးစွဲရာတွင် သတိပြုဆောင်ရွက်သင့်သည့်အချက်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်အကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးဇေယျာအောင် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဒေါ်စန်းရုန်(အကြီးတန်းစာရေး)နှင့် ဒေါ်သီတာဖြိုး (အကြီးတန်းစာရေး)တို့ ပါဝင်သောအဖွဲ့သည် ၉-၃-၂၀၂၆ ရက်နေ့ နေ့လယ်(၁၃း၃၀)နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်အတွင်းရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော ဦးR.P နှင့်သားများ(ကုန်စုံဆိုင်) သို့ သွားရောက်၍စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးR.P နှင့်သားများ(ကုန်စုံဆိုင်) One Tea အမှတ်တံဆိပ်ပါ နို့ဆီတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံ ဆိုင်လုပ်ငန်းရှင်အား ကုန်စည်များ ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ်ယူဖြန့် ဖြူးရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ