သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင် အကျဉ်းထောင် ဝန်ထမ်း မိသားစုနှင့် ဝန်ထမ်းများအား အွန်လိုင်ရောင်းချ ခြင်းအကြောင်း သိကောင်းစရာများ ဟောပြော

      ၁၀-၈-၂၀၂၅ရက်နေ့ နံနက် (၁၀:၃၀)နာရီတွင် မအူပင်မြို့နယ်အကျဉ်းဦးစီးဌာန အစည်းအဝေးခမ်းမတွင် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု(၄၀)ဦးအား အွန်လိုင်းရောင်းဝယ်ခြင်းနှင့် ပါတ်သက်၍ သိကောင်းစရာများဟောပြော ဆွေးနွေးမှုကို ဟောပြောခဲ့ကြောင်း သိရသည်။

     ဟောပြောရာတွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူးက စားသုံးသူတို့သည် လိုအပ်ချက်အရ ကုန်စည်များကို ယနေ့ခေတ်တွင် အိမ်အရောက်စနစ်ဖြင့် ဝယ်ယူနေကြပြီး စားသုံးသူထိခိုက်နစ်နာမှုများ ရှိနေကြောင်း ၊ အွန်လိုင်းရောင်ချမှု ဖောင်းပွနေသဖြင့် ထိန်းကြောင်းဆောင်ရွက်ရန်အတွက် အွန်လိုင်း စနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင် လက်မှတ် လျှောက်ထားရမည့် e - Commerce Registration (Online) System နှင့်စပ်လျဉ်း ၍ မှတ်ပုံတင် လက်မှတ် လျှောက်ထားရာတွင် လိုက်နာရမည့်ကိစ္စရပ်များကို သိရှိနိုင်ရန် ရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏  အမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၃အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများ အားလုံးသည် မှတ်ပုံတင် လက်မှတ်လျှောက်ထားရန် အကျုံးဝင်ပြီးမှတ်ပုံတင်လက်မှတ် လျှောက်ထားလိုသူများသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက်ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှ တစ်ဆင့်ယနေ့မှစတင်၍ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တို့ကို ရှင်းလင်းဆွေးနွေး ဟောပြောပြီး သိလိုသည်မျးကို ထောင်ဝန်ထမ်းမိသားစုများက  မေးမြန်းကြပြီး ပြန်လည်ဖြေကြားဆွေးနွေးကာ ဟောပြောပွဲကို ၁၀:၃၀ အချိန်က ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင် အကျဉ်းထောင် ဝန်ထမ်း မိသားစုနှင့် ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေ သိကောင်းစရာများ ဟောပြော

    ၁၀-၈-၂၀၂၅ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် မအူပင်မြို့နယ်အကျဉ်းဦးစီးဌာန အစည်းအဝေးခမ်းမတွင် ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစု(၄၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် အွန်လိုင်းရောင်းဝယ်ခြင်းနှင့်ပါတ်သက်၍ သိကောင်းစရာများဟောပြောဆွေးနွေးမှုကို ဟောပြောခဲ့ကြောင်း သိရသည်။

    ဟောပြောရာတွင် မအူပင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ထောင်ဝန်းအတွင်းရှိ ဝန်ထမ်းမိသားစုများသည်လည်း စားသုံးသူထဲတွင် ပါဝင်သဖြင့် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးဆောင်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ စားသုံးသူ၏နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း စားသုံးသူရေးရာဦးစီးဌာနသို့ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားလိုပါက Call Center (1535) တွင် စားသုံးသူနစ်နာမှုများနှင့် စပ်လျဉ်း၍ ၍ တိုင်းကြားနိုင်ကြောင်းကို  သိရှိနိုင်ရန် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာနပိုင် ငါးကန်များသို့ ကွင်းဆင်း၍ လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှု စစ်ဆေးခြင်း

     ၁၀-၈-၂၀၂၅နေ့တွင် စားသုံသူရေးရာဦးစီးဌာနပိုင်ငါးကန်များဖြစ် မအူပင်မြို့နယ် အလန်းကျေးရွာရှိ ဧက(၄၀)ငါးကန်၊ ညောင်တုန်းမြို့နယ်သဇင်ရေကျော်ကျေးရွာရှိ ဧက(၃၈)နှင့်(၁၇)ဧကငါးကန်(၃) ကန်အားကွင်းဆင်းပြီး ငှားရမ်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များနှင် တွေ့ဆုံ၍ ငါးကန်း လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ငါးမွေးမြူမှု အခြေအနေများ၊ ငါးများ ရန်ကုန်တင်ပို့မှု အခြေအနေများ၊ ငါးစာကုန်ကြမ်း ရရှိမှုအခြေအနေများကို မေးမြန်းခဲ့ပြီး လုပ်ငန်းရှင်များ လုပ်ငန်းလိုအပ်ချက်နှင့် တင်ပြချက်များကို မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပေါင်းစပ်ညှိနိူင်းဆောင်ရွက် မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ချောင်းကြီး ကျောင်းမုန့်ဈေးတန်းရှိ မုန့်များအား ကွင်းဆင်းစစ်ဆေး

       (၇-၈-၂၀၂၅) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ချောင်းကြီး အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းနှင့် ကျောင်းဝန်းကျင်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို  နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

          စစ်ဆေးဆောင်ရွက်ရာတွင် ညောင်တူန်းမြို့နယ်ဦးစီးမှူးက ကျောင်းမုန့်ဈေးတန်းတွင် ကလေးသူငယ်များ ကို  ရောင်းချနေသည့် အစားအသောက်နှင့် မုန့်များတွင် ဆိုးဆေးသုံးစွဲသည့် မုန့်များ၊ ရက်လွန် မုန့်များ၊ မသန့်ရှင်းသော အစားအသောက်များ ရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ပါဝင်ခြင်း မရှိသော မုန့်များကို စစ်ဆေးခြင်း၊  ဆိုးဆေး သုံးစွဲထားသော မုန့်များကိုစစ်ဆေးပြီး ဖျက်ဆီးခြင်းနှင့် နောင်တွင် ရောင်းချမှုမရှိစေရန် ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အခြေခံပညာအထက်တန်းကျောင်း ချောင်းကြီးတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတပြည့်ဝစေရန်နှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေး ရာဦးစီးဌာနတို့ ဦးဆောင်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ချောင်းကြီး အထက်တန်းကျောင်း၌ (၇-၈-၂၀၂၅) နံနက်ပိုင်းက ကျင်းပခဲ့သည်။

      ဟောပြောရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူများ၏ အခွင့်အရေး ၈ ချက်၊ စားသုံးသူ များလိုက်နာရမည့် တာ၀န် ၀တ္တရား ၄ ချက် နှင့် စားသုံးသူများ အနေဖြင့် အခက်အခဲ ရင်ဆိုင်ရပါက တိုင်ကြား ဆက်သွယ်နိုင်မည့် နည်းလမ်းများ စသည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ က ကျောင်းသား/သူများအနေဖြင့် မိမိတို့၏ဘ၀တွင် ရည်မှန်းချက် ရည်ရွယ်ချက်များ ကောင်းမွန်စွာ ထားရှိကြရန်၊ အသိပညာ အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြစေရန် အသိပညာ များ ဖွံ့ဖြိုးတိုး တက်ရေး အတွက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှု၍ အမှားအမှန်ကိုဝေဖန် ပိုင်ခြားတတ်သော လူငယ်လေးများ ဖြစ်လာစေရန် စသည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြသည်။

DOCA(ဧရာဝတီ)

“ဈေးကွက်အတွင်းဆေးနှင့်ဆေးပစ္စည်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး”

    ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ(၆) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန   မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် အတူ ပူးပေါင်း၍ ကျောက်ဆည်မြို့ရှိ နွေမိုးဆောင်း ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားအရောင်းဆိုင် သို့သွားရောက်၍စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ထို့သို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်း လိုင်စင်ရှိ/မရှိ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးနှင့် အလှကုန်များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိမှဆေးဝါးနှင့် ဖြည့်စွတ်စာများနှင့်ပက်သက်၍  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှညွှန်ကြားအမှတ်(/၂၀၂၁၉)ဖြင့်ထုတ်ပြန်ခဲ့ပါကြောင်း၊ ၄င်းညွှန်ကြားချက် များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုး အိမ်သုံးဆေးဝါး လိမ်းဆေးအမျိုးမျိုး၊ အာဟာရဖြည့်စွတ်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်ပစ္စည်း အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် ဘေးထွက်ဆိုးကျိုး ကြိုတင်သတိပေးချက်စသည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များပါဝင်မှုမရှိသော ကုန်စည်များရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ငွေကြည်ဖြူကုန်စုံဆိုင်၌ အသင့်စားမုန့်အမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိများသည် သြဂုတ်လ(၇)ရက်နေ့တွင် ကျောက်ဆည်မြို့ရှိ ငွေကြယ်ဖြူ ကုန်စုံဆိုင်အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှု ရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် မုန့်မျိုးစုံရောင်းချသည့်ဆိုင်မျ အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း နှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက်နှင့် အသားတင် ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA (မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး မစန္ဒာဌေးမုန့်ဆိုင် နှင့် ဒေါ်သန်းသန်းဆွေ                                   မုန့်ဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိများသည် သြဂုတ်လ(၈)ရက်နေ့တွင် ကူမဲမြို့ ၊ မြို့မစျေးရှိ မစန္ဒာဌေးမုန့်ဆိုင် နှင့် ဒေါ်သန်းသန်းဆွေမုန့်ဆိုင်တို့အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာ တွင် မုန့်မျိုးစုံရောင်းချသည့်ဆိုင်များအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း နှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊အရွယ်အစား၊အရေအတွက်နှင့် အသားတင် ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာ နှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

“မြစ်သားမြို့နယ်ရှိ သိန်းကျော်သောက်ရေသန့်နှင့်ရွှေနဂါးသောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြစ်သားမြို့နယ်၊ကူမဲမြို့ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သြဂုတ်လ (၈) ရက်နေ့တွင် မြစ်သားမြို့နယ်၊ကူမဲမြို့ရှိ သိန်းကျော်သောက်ရေသန့် နှင့် ရွှေနဂါးသောက်ရေသန့် ထုတ်လုပ် ရောင်းချသည့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာ ဦးစီးဌာန၊စစ်ဆေးရေးအရာရှိက ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် ရေသန့်များထုတ်လုပ် ရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကောက်မရှင်မှထုတ်ပြန်ထားသော (၂/၂၀၂၉)ပါ ကုန်စည်အမျိုးအစား အလိုက်ဖော်ပြရမည့်ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်၊အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များလိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ပုလဲရွှေအိုး ငှက်ပျောခြောက်ကြော်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

    မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ များသည်သြဂုတ်လ(၆)ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၅)ရှိ ပုလဲရွှေအိုးငှက်ပျောခြောက် ကြော်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး ၊ ( Pre Market )ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ကိုအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်ပြင်ဦးလွင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာတွင် ပုလဲရွှေအိုး ငှက်ပျောခြောက်ကြော်လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း နှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသို သိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့် ဖြစ်စေ ၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက် သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။     

     DOCA (မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ