သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာစည်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် သာစည်မြို့ ပေါ်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်များ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သာစည် မြို့ပေါ်ရှိ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များ၌  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စိုက်ပျိုးရေးအရောင်းဆိုင်များ၌  တရားမဝင်ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများရှိ/မရှိ၊ CPA သတ်တမ်းလွန်နေခြင်း ရှိ/မရှိ၊ ရောင်းချခွင့် လိုင်စင်များ ရှိ/မရှိ၊ စိုက်ပျိုးရေးဆေးရောင်းချသူများသည် စိုက်ပျိုးရေးမှဖွင့်လှစ်သော သင်တန်းများ တက်ရောက် ထားခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ စိုက်ပျိုးရေးအရောင်းဆိုင်များမှ စိုက်ပျိုးရေးသုံးပစ္စည်းများ ရောင်းချ ရာတွင် လက်အိတ်၊ mask များတပ်ဆင်၍ ရောင်းချရေး ၊ ဆေးကြောရန် ရေဘေစင် များထားရှိရေး၊ ရောင်းချသည့် အရောင်းဆိုင်များ၏ လေဝင်၊လေထွက် ကောင်းမွန်စေရန် ၊ ဆေးရောင်းချသည့် ဆိုင်များအတွင်း ကလေးသူငယ်များနှင့် အစားသောက်များ မထားရှိရေး ၊သက်ဆိုင်ရာ ဥပဒေလုပ်ထုံး လုပ်နည်း စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး အသိပေးပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(မန္တလေး)

ဆေးဖက်ဝင်တစောင်းခါးထွက်ပေါ်ချိန်နှင့်ဈေးနှုန်း

    တစောင်းခါးမှာ သဘာဝဟင်းသီးဟင်းရွက်အပင်ဖြစ်ပြီး စိုက်ပျိုးရလွယ်ကူသော နှစ်ရှည်ခံ အပင်တစ်မျိုးဖြစ်ကြောင်း၊ အပူပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ဒေသများတွင် အများဆုံးပေါက်ရောက်ကြောင်းသိရသည်။

      မြင်းခြံမြို့နယ်၊ အေးမြသီတာကုန်စိမ်းဈေးအတွင်းရောင်းချနေသော မေနောက်ဆုံးပတ် တစောင်းခါးဈေးနှုန်းများမှာ လက်လီ ၂၅ ကျပ်သားလျှင် (၂၅၀၀ - ၃၀၀၀)  ကျပ် ဖြစ်ပြီး လက်ကား တစ်ပိဿာလျှင် (၉၅၀၀ - ၁၁၅၀၀) ကျပ်ဖြင့် ရောင်းချကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်နှစ် မေနောက်ဆုံးပတ်တစောင်းခါး လက်လီ ၂၅ ကျပ်သားလျှင် (၁၀၀၀ - ၁၅၀၀) ကျပ်၊ လက်ကား တစ်ပိဿလျှင် (၄၀၀၀ - ၆၀၀၀) ကျပ် ဈေးရှိခဲ့ကြောင်း၊ ယခုနှစ် တစောင်းခါး လက်လီဈေး ၂၅ ကျပ်သားလျှင်(၁၅၀၀) ကျပ်၊ လက်ကားဈေး တစ်ပိဿာလျှင် (၅၅၀၀) ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ ကြောင်း၊ စာသုံးမှုများပြီး ဝယ်လိုအားများ၍ ရောင်းလိုအားနည်းခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ ကြောင်း၊ မိုးရာသီဖြစ်သော ဩဂုတ်လ၊ စက်တင်ဘာလများတွင် တစောင်းခါးဟင်းသီးဟင်းရွက်များ ဈေးကွက်တွင် ထွက်ပေါ်လာမည်ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းနိုင်ကြောင်း၊ ကုန်စိမ်းရောင်း ချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။  တစောင်းခါးမှာခါးသက်သောအရသာရှိပြီး စားသုံးလျှင် ဖန်ချိုအရသာရှိကာ ခံတွင်းမြိန်စေပြီး ဆေးဖက်ဝင်၍ စားသုံးမှုများပြားကြောင်း သိရသည်။

DOCA(မန္တလေး)

Talk Show ဆောင်ရွက်

    မန္တလေးတိုင်းကြီးဒေသကြီး၊ ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၂.၅.၂၀၂၅) ရက်နေ့ မွန်းလွဲ (၁၄:၃၀)နာရီတွင် ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ သိကောင်းစရာများ ခေါင်း စဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

         အဆိုပါအသိပညာပေး Talk Show တွင် ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်အဖြစ် သတ်မှတ်သည့်အချက်များ၊စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အ ညွှန်းအမှတ်အသားဖော်ပြပါရှိရမည့် အချက်များ၊ထုတ်လုပ်ရောင်းချခြင်း ကုန်စည်နှင့် ဝန်ဆောင် မှုများအကြောင်း၊ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများကို မလိုက်နာပါက စည်းကမ်းဖောက်ဖျက် သည့် လုပ်ငန်းရှင်အား အရေးယူဆောင်ရွက်နိုင်မှုအခြေအနေများ၊ ကုန်စည်များတွင် မြန်မာဘာ သာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်သည်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ကျင်းပပြုလုပ်

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်းဦးစီးမှူးရုံးတွင် (၂၀.၅. ၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်၌ မြင်းခြံခရိုင်နှင့်ညောင်ဦးခရိုင်အတွင်းရှိ ဝန်ထမ်းများ အား ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ခရိုင် ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)က သင်တန်းဖွင့်လှစ်ရခြင်းမှာ ဝန်ထမ်းများ အဖက်ဖက်မှ အသိပညာဗဟုသုတများတိုးပွားစေရန်၊  လုပ်ငန်းတာဝန်များကျွမ်းကျင်မှု ရှိစေရန်၊ ဟော‌ပြောပွဲများ၊ အထက်လူကြီးများနှင့်တွေ့ဆုံဆွေးနွေးတင်ပြမှုများတွင် ရဲရဲဝင့်ဝင့်ပြောဆိုဆွေး နွေးတင်ပြနိုင်မှုရှိစေရန်၊ ဝတ်စားဆင်ယင်မှုများ သပ်ရပ်စွာဝတ်စားဆင်ယင်တတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဒုခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ငွေစာရင်းဆိုင်ရာကိစ္စရပ်များ ခေါင်းစဉ်ဖြင့်ဆွေးနွေးပို့ချခြင်း၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ကုန်အညွှန်း အမှတ်အသားမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချခြင်း၊ ဦးဝင်းထွန်းဦး (ဦးစီးမှူး) က ခွင့်ခံစားခြင်းဆိုင်ရာ ကိစ္စရပ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချခဲ့ခြင်းနှင့် ဦးစိုးမိုးထွန်း (ဦးစီးမှူး)က ဈေးကွက်မရောက်မီ ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ခေါင်းစဉ် ဖြင့် ဆွေးနွေးပို့ချခဲ့ရာ သင်တန်းသို့တက်ရောက်ခဲ့သောဝန်ထမ်းများမှ ပို့ချခဲ့သောဘာသာရပ်များ နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ရာ သင်တန်းပို့ချသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း နှင့် အဆိုပါသင်တန်းသို့  မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအပြင်၊ ညောင်ဦးခရိုင်မှ ဝန်ထမ်းများ လည်း အွန်လိုင်းမှတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်အား ညနေ(၁၅:၀၀)နာရီ အချိန်တွင် သင်တန်း ပြီးစီးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

COVID-19 ချေးငွေဆိုင်ရာ တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

    ၂၉-၅-၂၀၂၅ ရက်နေ့၊ ညနေ ၃း၃၀ နာရီအချိန်၌ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော COVID-19 ချေးငွေ ဆိုင်ရာတွေ့ဆုံပွဲ အခမ်းအနားသို့ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မိုးသီသီမှ တက်ရောက်ခဲ့ပါသည်။

     အဆိုပါအစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဦးစီးမှူးများမှ ဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ညနေ ၄း၀၀ နာရီအချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (တနင်္သာရီ)

 

 

တနင်္သာရီတိုင်းဒေသကြီးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်းပို့ချ

      ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့၊နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ Online Virtual စနစ်ဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်း ကျင်းပပြုလုပ်ခဲ့ရာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။

      အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်း ကျင်းပပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ Online သင်တန်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးတွင် Thursday Talk ကျင်းပပြုလုပ်

      ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ Online Virtual စနစ်ဖြင့် Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

         အဆိုပါ Thursday Talk ကျင်းပပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်အိသန္တာနွယ်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်(၄)ချက်နှင့် စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရုံးချုပ်မှ ကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲသို့ တက်ရောက်

     ၂၀၂၅ ခုနှစ်၊  မေလ ၂၉ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော (၅/၂၀၂၅) ကြိမ်မြောက် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ရုံးများရှိဝန်ထမ်းများမှ online virtual ဖြင့် တက် ရောက်ခဲ့ပါသည်။  

     အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြား ရေးမှူးချုပ်မှဦးဆောင်၍ ဆက်လက်ကျင်းပရာ ရုံးချုပ်၊ စီမံရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူးမှ (၄/၂၀၂၅)ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခြင်း ရုံးချုပ်၊ဌာနခွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှ အရာ ထမ်း/အမှုထမ်းများမှ လိုအပ်သည်များအား ဆွေးနွေးတင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကာ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားအား ၁၂း၀၀ နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက် ပျိုးပွဲကို ၂၉-၅-၂၀၂၅ ရက်နေ့၊ နံနက် ၇:၀၀  နာရီအချိန်တွင် မြိတ်တက္ကသိုလ် ပရဝုဏ်အတွင်းရှိ မြေနေရာ၌ ကျင်းပခဲ့သည်။

    အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီရေးအသင်းတို့မှ အသင်းသားများနှင့် ပြည်သူများ အင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ပြီး  သဘာဝပတ်ဝန်း ကျင် စိမ်းလန်းစိုပြေအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ မျှတသောရာသီဥတုရရှိစေရေး၊ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်နှစ်ရှည်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် သတ်မှတ်နေရာအသီးသီးတွင် အရိပ်ရနှစ်ရှည်ပင်များအား တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA (တနင်္သာရီ)

ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲမျာအပြင်၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်း များကို ဆောင်ရွက်လျက်ရှိရာ (၂၂.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  ရွှေဘိုခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့နှင့် ပူးပေါင်း၍  ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ စက်မှုဇုန်ရှိ စိန်သီတာ ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ၂၀၂၅ခုနှစ်၊ မေလအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့် မျှတသော ဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်(ဆန်ရည်ညွှန်းဈေးနှုန်းများ)ကို သိရှိလိုက်နာဆောင်ရွက်ရန်၊ ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်း အဝယ်မှန်စွာဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက် ရန်၊ myroတွင်မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက်များ အတိုင်းလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ပြီး ဆန်လက်ကျန်အခြေအနေ၊ ရောင်းချသည့်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ