
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကျင်းပသော ရွှေဘိုပေါ်ဆန်းဆန် စျေးကွက်စျေးနှုန်းတည်ငြိမ်ရေး၊ စီးဝင်စီးထွက်မှန်ကန်မှုရှိစေရေး၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးရုံးမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ ပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူမှ ဆန်စပါးကိစ္စရပ် များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ MyRO မှတ်ပုံတင်စာရင်း လုပ်ငန်းစဉ်များ၊ ရထုတ်ကျန်စာရင်းများအား အချိန်မီမပြတ်မကွက်ထည့်သွင်းသွင်းကြရန်၊ သတင်း နည်းဌာနခွဲ ညွှန်ကြားရေးမှူးမှ MyRO မှတ်ပုံတင်စာရင်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း နှင့်အထွေထွေဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
