သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ အသင့်စားသောက်ကုန်များဖြစ်သော အချိုရည်နှင့် အသင့်စားမုန့် ရောင်းချနေသော City Mart Supermarket ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်ရှိ City Mart Supermarket ဆိုင်အတွင်း ရောင်းချနေသော  အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ အခြေအနေအား မေလ(၂၆)ရက်နေ့၊ နံနက်(၁၄:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊  တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ City Mart Supermarket မှ ဆိုင် မန်နေဂျာနှင့်တွေ့ဆုံ၍ အသင့်စားသောက်ကုန်များဖြစ်သည့် အချိုရည်နှင့်အသင့်စားမုန့်များတွင် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့သည် မြန်မာဘာသာဖြင့် ဖော်ပြထားရမည်ဖြစ်ကြောင်း၊ အဓိကကျသော အခြားစားသောက်ကုန်များသည်လည်း ကုန် အညွှန်းအမှတ်အသားမပြည့်စုံပါက ဖြန့်ဖြူးရောင်းချမှုများ မပြုလုပ်ကြရန်၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် ဆိုင်မန်နေဂျာအား မှာကြားခဲ့ပြီး City Mart Supermarket ဆိုင်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

             (၂၆.၅.၂၀၂)ရက်နေ့၊ နံနက်(၁:၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့ပူးပေါင်းပြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။        

          အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် လက်လီ/လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံအပြည့်အဝရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှု ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒဂုံဆိပ်ကမ်းမြို့နယ်၊  ဆန်လက်လီ/လက်ကားရောင်းဝယ်ရေး အရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

          (၂၆.၅.၂၀၂)ရက်နေ့၊ နံနက်(၁:၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့ ပူးပေါင်းပြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆန်လက်လီ/လက်ကားရောင်းဝယ်ရေးအရောင်းဆိုင်များသို့ ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး အဖွဲ့စုံဖြင့်ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

       ထိုသို့ကွင်းဆင်းရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)က  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRFမှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများ အလိုက်ရောင်းချနိုင်စေရေး၊ ဆန်သတ်မှတ်ရည်ညွှန်းစျေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ၎င်းစျေးနှုန်းထက်စျေးနှုန်းမြှင့်တင်ရောင်းချမှုဖြန့်ဖြူးခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကိုလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online) တွင်မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့၍ MyRO မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ၊ စည်မျဉ်းစည်းကမ်းများ၊ လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည်(၂၆.၅.၂၀၂၆) ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သင်္ဃန်းကျွန်းမြို့နယ်ရှိ အွန်လိုင်းမှတ်ပုံတင်လျောက်ထားမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

             ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ် ပြီးတစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှ တဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ၊ ပုဒ်မ (၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက် လာသူများအနေဖြင့် အွန်လိုင်းစနစ်ကို ကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိပါကလည်း မိမိတို့ပတ်ဝန်းကျင်၌ လုပ်ကိုင်ဆောင်ရွက်သူများရှိပါက အသိပေးပြောကြားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းဆိုင်ရာအချက်အလက်များအား အသိပေးပညာပေး Talk Show ပြုလုပ်

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများအတွက် အသိပညာပေး Talk Showဆွေးနွေးပွဲကို မေလ စတုတ္တပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

               အဆိုပါ Talk Showဆွေးနွေးပွဲတွင် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေ (ဒု-ဦးစီးမှူး)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအတွက် မြေပြင်စစ်ဆေး ခြင်းဆိုင်ရာများအကြောင်း၊ မှတ်ပုံတင်လျှောက်ထားရမည့် လုပ်ငန်းနှင့် မှတ်ပုံတင်လက်မှတ် လျှောက်ထား သူနှင့် သက်ဆိုင်သည့် အချက်အလက်များ စစ်ဆေးခြင်း ကိစ္စရပ်များအကြောင်း၊   အွန်လိုင်းစနစ် ရောင်းချသော လုပ်ငန်းရှင်သည် မှတ်ပုံတင် လုပ်ငန်းအမည်၊ လုပ်ငန်းတည်နေရာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ လုပ်ငန်း၏Logo၊ လုပ်ငန်းပိုင်ရှင်အမည်/ လိပ်စာ၊ လုပ်ငန်းရှင်၏ မှတ်ပုံတင်မှန်ကန်မှုရှိစေရန်၊ မှတ်ပုံတင် လျှောက်ထားသူ၏ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်၊ ရောင်းချနေသည့် ကုန်စည်နှင့် ဝန်ဆောင်မှုသည် ဥပဒေတစ်ရပ်အရ တားမြစ်ထားသော/ ကန့်သတ်ထားသော ကုန်စည် ဟုတ်/မဟုတ်၊ ဥပဒေတစ်ရပ်ရပ်နှင့်ငြိစွန်းခြင်း ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ကိစ္စရပ် များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။ 

DOCA(ပဲခူး)

 

စိုက်ပျိုးရေးအသိပညာပေးဟောခြင်းနှင့် သစ်စိမ်းမြေဩဇာများပေးအပ်ကျဲပက်ခြင်းပြုလုပ်

                နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်အတွင်းရှိ ဘိုးသာအောင်ကုန်းအုပ်စု၊ ဘိူးသာအောင်ကုန်း ကျေးရွာတွင် သစ်စိမ်းမြေဩဇာများ ပေးအပ်ကျဲပက်ခြင်းနှင့် စိုက်ပျိုးရေးအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ ပါသည်။

          အဆိုပါပေးအပ်ပွဲနှင့် အသိပညာပေးခြင်းကို လွှတ်တော်အမတ်များနှင့် စိုက်ကြပ်အဖွဲ့တို့ ပူးပေါင်း၍ ဘိုးသာအောင်ကုန်းကျေးရွာအတွင်းရှိ တောင်သူလယ်သမားများအား (၂၁.၅.၂၀၂၆) နံနက်(၈း၃၀) အချိန်တွင် တွေ့ဆုံပေးအပ်ခဲ့ပါသည်။ လယ်သမားများမှာ ထွန်ယက်စိုက်ပျိုးခြင်းမပြုမီမြေပြုပြင်နိုင် ရန်အတွက် အုပ်စုတွင်ပြုလုပ်ထားသော သဘာဝမြေဩဇာဖြစ်သည့် သစ်စိမ်း မြေဩဇာများကို တောင်သူများလက်ဝယ် ထုတ်ပေးခြင်းနှင့် တောင်သူများမှ ကျဲပက်ခြင်းတို့ကိုပြုလုပ်ပြီး စိုက်ကြပ်အဖွဲ့မှ စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများ ပြောကြားခြင်းနှင့် သစ်စိမ်းမြေဩဇာများ ကျဲပက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဗိုလ်တထောင်မြို့နယ်၊ ဆေးကုမ္မဏီ၊ ဆေးဂိုဒေါင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် (၂၅..၂၀၂)ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်ဆေးဝါးများ၊ စံမမီဆေးဝါးများနှင့် သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်မပါသော ဆေးဝါးများရောင်းချမှုမရှိစေရေး ဗိုလ်တထောင်မြို့နယ်ရှိ ဆေးကုမ္မဏီ၊ ဆေးဂိုဒေါင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့် အညီရောင်းချမှုရှိ/ မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းများရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီလိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန် အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင်  စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

           နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍(၁၈-၅-၂၀၂၆)ရက်နေ့၊ နေ့လည် (၁;၀၀) အချိန်တွင် ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်အသိပညာပေး ဟောပြောခြင်းနှင့် စားသုံးသူအသိပညာပေး ခေါင်းစဉ်ဖြင့်  (Talk  Show ) ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

          အသိပညာပေး ဟောပြောရာတွင်  ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးစုစံက လူငယ်အသိပညာပေးဟောပြောခြင်းနှင့်ပတ်သက်၍ စတင်မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးနိုင်ဝင်းသိန်း (ဒု-ကြီးကြပ်ရေးမှူး)မှ    စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၉)၊ ပုဒ်မ (၁၉) စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုအသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး စားသုံး သူအသိပညာပေးအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)၊ ပုဒ်မ (၄၁)  အရကုန်ညွှန်း  အမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်သည့် အချက် (၈)ချက်အား    အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုများအား ကြပ်မတ်ကြည့်ရှုစစ်ဆေး

         ပဲခူးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (အတွင်းရေးမှူး) တိုင်းဒေသ ကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင် နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် (၂၄-၅-၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ပေါ် ရပ်ကွက်များရှိ စားအုန်းဆီ လက်ကား/ လက်လီကိုယ်စားလှယ် အရောင်းဆိုင်များ၌ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချ ရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏ အတိုင်း မှန်ကန်စွာရောင်းချမှု ရှိ/မရှိ လိုက်လံ ကြပ်မတ်ကြည့်ရှုစစ်ဆေးခဲ့သည်။

         ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့          (အတွင်းရေးမှူး) တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်သည် တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ တောင်ငူခရိုင်အတွင်းရှိ စားအုန်းဆီ လက်ကား/ လက်လီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာရောင်းချရေး၊ သတ်မှတ်စည်းကမ်း အတိုင်း ရောင်းချကြရန် ပြောကြားခဲ့သည်။

           တောင်ငူခရိုင်တွင် ရပ်ကွက်ကျေးရွာ (၂၈၆) အုပ်စု၊ အိမ်ထောင်စုဦးရေ (၁၈၀၀၀၀) ခန့်အား လစဉ် စားအုန်းဆီ (၃၂၂၈) ပေပါ ကို လက်ကားကိုယ်စားလှယ် (၆) ဦး၊ လက်လီဆိုင်ခွဲပေါင်း (၁၃၀)ဆိုင်တို့ဖြင့် ပြည်သူများထံသို့  ဖြန့်ဖြူးပေးလျက်ရှိပြီး တောင်ငူမြို့နယ်အနေဖြင့် တစ်ရက်လျှင် (၃၉.၄) ပေပါနှုန်း၊ တစ်လလျှင် (၉၈၅)ပေပါ ခွဲတမ်းရရှိကာ ရပ်ကွက်ကျေးရွာ (၆၄)ခုတွင် အိမ်ထောင်စုတစ်စုလျှင် (၁.၅) ပိဿာနှုန်း၊ အိမ်ထောင်စုဦးရေ (၆၅၀၀၀)ခန့် နှင့် နိုင်ငံ့ဝန်ထမ်းများကိုပါ သတ်မှတ်ရည်ညွှန်းစျေး အတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မအူပင်ခရိုင်၏ စက်မှုလုပ်ငန်းသုံးဆီဖြန့်ဖြူးမှု မေလအတွက် လိုအပ်ချက်နှင့် အမှန်တကယ်ထုတ်ယူမှု အခြေအနေ

              စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ခရိုင်၊ မြို့နယ်အတွင်း စက်မှုလုပ်ငန်းအမျိုးအစားအလိုက်လိုအပ်ချက်နှင့် အမှန်တကယ်ထုတ်ယူ လုပ်ငန်းများအတွက် အသုံးပြုနိုင်ရန်တန်ချိန်များအား စစ်ဆေးဆောင်ရွက်ခြင်း၊ လုပ်ငန်းရှင်များထံ အမှန်တကယ်ရောက်ရှိရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်ရန် မအူပင်ခရိုင်၏ စက်မှုလုပ်ငန်းသုံးဆီ (စားအုန်းဆီ) ဖြန့်ဖြူးမှုကို စားသုံးသူရေးရာဦးစီးဌာနက လစဉ်အစီအစဉ်ဖြင့် စနစ်တကျ ကြပ်မတ်ခွဲဝေပေးလျက်ရှိသည်။

           စက်မှုလုပ်ငန်းသုံးဆီများကို အစိုးရ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းသာ ရောင်းချရမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် အမှန်တကယ် သုံးစွဲရန်ဖြစ်ပြီး ပြင်ပသို့ ပြန်လည်ရောင်းချခြင်း လုံးဝမပြုရန် တားမြစ်ထားကြောင်း၊ သတ်မှတ်ရက်အတွင်း စနစ်တကျ ငွေပေးသွင်းပြီး ဆီပေပါများ အချိန်မီ ထုတ်ယူရန် ကြီးကြပ်လျက်ရှိပြီး မအူပင်ခရိုင်မှ စားသောက်ကုန်လုပ်ငန်းရှင် ၃၆၅ နှင့် ၁၁၀,၉၇  ပေပါ၊ ဖြန့်ဖြူးပြီး ရာခိုင်နှုန်း ၃၀.၄ ရာခိုင်နှုန်းကိုလည်းကောင်း၊ စားသောက်ဆိုင်ကြီး ၂၅၆ လုပ်ငန်းမှ ၇၄.၂၁ ပေပါ၊ ဖြန့်ဖြူးမှု ၇၄.၂၁ပေပါ နှင့် ရာခိုင်နှုန်း ၂၈.၉၈ ကိုလည်းကောင်း ၊ ဟိုတယ်လုပ်ငန်း ၄ခု မှ ၁.၈၂ ပေပါ၊ ရာခိုင်နှုန်း ၄၅.၅ အား အဆိုပြုလျောက်ထားမှုကို အမှန်တကယ်ဖြန့်ဖြူးမှုလုပ်ဆောင်ခဲ့ကြောင်း စုစုပေါင်း ၁၈၇ ပေပါနှင့် ၁၉.၉၂ ရာခိုင်နှုန်း ၂၀၂၆ခုနှစ် မေလအတွက် စက်မှုလုပ်ငန်းသုံးဆီများကို ဖြန့်ဖြူးပေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ