ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ် ပထမ (၈) လတွင် ရော်ဘာအစေးတင်ပို့မှုမှ ဒေါ်လာ ၃၂၈ သန်း ကျော် ရရှိခဲ့

  ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ (၈)လတွင် သဘာဝရော်ဘာအစေး တင်ပို့မှုမှ ဝင်ငွေ ကန်ဒေါ်လာ ၃၂၈.၃ သန်း ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ရရှိသည့် ပမာဏနှင့် တူညီကြောင်း ရော်ဘာ ညွှန်ကြားမှု ဦးစီးဌာန ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရော်ဘာ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာအရ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ အတွင်း ကုန်စည် တန်ချိန် ၁၈၃,၉၁၀ တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလမှ တန်ချိန် ၂၀၉,၇၃၃ မှ ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ သို့သော်လည်း ပြည်တွင်းရော်ဘာရော်ဘာရော်ဘာသုံးစွဲမှုသည် ပထမရှစ်လအတွင်း ၇၅,၅၂၃ တန်အထိ ၈၉ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာခဲ့ပြီး ပြည်တွင်းရောင်းရငွေ ဒေါ်လာ ၁၃၇ သန်းနီးပါး ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရော်ဘာအစေး ၁ တန်သည် ပျမ်းမျှအားဖြင့် ၂၀၂၅ ခုနှစ် ပထမရှစ်လပတ်တွင် ၁,၇၈၆ ဒေါ်လာရှိပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ဒေါ်လာ ၂၂၀ ခန့် ပိုများကြောင်း ရော်ဘာအထွေထွေညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Khun Kakada က အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံ သည် မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် တရုတ်နိုင်ငံသို့ ရော်ဘာကုန်ပစ္စည်းများကို အဓိက တင်ပို့လျက်သည်။

DOCA(ရန်ကုန်)

စိုက်ပျိုးရေးနှင့် SME လုပ်ငန်းများ မြှင့်တင်ရန် MAFF နှင့် CCC တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

  ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန (MAFF) နှင့် ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (CCC) တို့ ပူးပေါင်းပါဝင်သည့် ကျေးလက်စီးပွားရေးနှင့် စိုက်ပျိုးရေး ကုန်သွယ်မှု အစီအစဉ် (ASPIRE-AT) ၏ Agricultural Services Programme (ASPIRE-AT) ၏ မူဘောင်အရ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကို ကျင်းပခဲ့ကြသည်။ ၁၂-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် အဆိုပါ အခမ်းအနားကို MAFF ၏ နိုင်ငံခြားရေး ၀န်ကြီး Meas Piseth နှင့် ASPIRE-AT Program ၏ ညွှန်ကြားရေးမှူး နှင့် ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (CCC) မှ ညွှန်ကြားရေးမှူးချုပ် Nguon Mengtech တို့က ဦးဆောင် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ အဖွဲ့အစည်းနှစ်ရပ်လုံးမှ တာဝန်ရှိသူများနှင့် အစီအစဉ်မှူးများ တက်ရောက်ခဲ့ကြောင်း MAFF ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ နားလည်မှုစာချွန်လွှာသည် စိုက်ပျိုးရေးထွက်ကုန်များ ရောင်းဝယ် ဖောက်ကားခြင်းနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) များ၏ စွမ်းဆောင်ရည်ကို အားကောင်းလာစေရန်အတွက် ASPIRE-AT အစီအစဉ်ဖြင့် MAFF နှင့် ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (CCC) တို့အကြား ပူးပေါင်းဆောင်ရွက်မှုကို တရားဝင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း MAFF မှ ထုတ်ပြန်ထားသည်။ အမှာစကားပြောကြားရာ တွင် Meas Piseth နှင့် Nguon Mengtech တို့က အဖွဲ့အစည်းနှစ်ခုလုံး၏ အခန်းကဏ္ဍနှင့် တာဝန်များကိုမီးမောင်းထိုးပြခဲ့ပြီး တောင်သူများနှင့်ပုဂ္ဂလိကကဏ္ဍအပါအဝင် စိုက်ပျိုးရေး တန်ဖိုးကွင်းဆက်တွင် ပါဝင်ပတ်သက်သူအားလုံးကို ပံ့ပိုးကူညီရန် ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးကြီးမှုကို အလေးပေးပြောကြားခဲ့ကြသည်။ အထူးသဖြင့် စားနပ်ရိက္ခာဖူလုံမှုရှိစေရန် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရေးကဏ္ဍတွင် အဓိကစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်းလည်း Piseth က ထပ်လောင်းပြောကြားသည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် ပြင်သစ်စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုခဲ့ပြီး ဝန်ကြီးများသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်ရန် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့

   ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များရှာဖွေရန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအားကောင်းလာစေရန် ပြင်သစ်ထိပ်တန်းကုမ္ပဏီ ၃၀ နီးပါးမှ ကိုယ်စားလှယ်များသည် ကမ္ဘောဒီးယားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြင်သစ်သံရုံးက ၁၃-၉-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ French Foreign Trade Advisors (CCEF) ၏ ဥက္ကဌ Sophie Sidos-Vicat၊ MEDEF ၏ ဥရောပနှင့် နိုင်ငံတကာ ကော်မတီ (Mouvement des Entreprises de France) MEDEF အပြည်ပြည်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ François Corbin နှင့် ဥရောပနှင့်အာဆီယံနှင့် စီးပွားရေးဆက်ဆံရေးဆိုင်ရာ နိုင်ငံခြားရေးရာ ဝန်ကြီး၏ အထူး ကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Olivier Richard က ဦးဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်အရသိရသည်။  အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Ros Seilava၊ သတ္တုနှင့် စွမ်းအင်ဝန်ကြီး ဌာန ဝန်ကြီး Keo Rottanak ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး Chheang Ra ၊ ကျန်းမာရေး ဝန်ကြီး Eang Sophalleth နှင့် ပြင်သစ် ကုမ္ပဏီများ ကျွမ်းကျင်မှု နှင့် အပိုတန်ဖိုးများ ပါ၀င်သည့် အဓိက ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် စာချုပ်များချုပ်ဆိုနိုင်ရေးအတွက် အလားအလာများ ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

DOCA(ရန်ကုန်)

မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ၈ လအတွင်းကျဆင်း

   မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်း ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၈.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း အမျိုးသားစာရင်း အင်းရုံး (NSO) က စက်တင်ဘာလ ၁၁ ရက်နေ့က ပြောကြားခဲ့ပါသည်။

          နိုင်ငံခြားကုန်သွယ်မှု လည်ပတ်မှုသည် အဆိုပါကာလအတွင်း အမေရိကန်ဒေါ်လာ ၁၆.၆ ဘီလီယံ သို့ရောက်ရှိခဲ့ကြောင်း NSO က ပြောကြားခဲ့ပါသည်။

          ပင်လယ်ထွက်ပေါက်မရှိသော အာရှနိုင်ငံသည် ၎င်း၏ နိုင်ငံခြားကုန်သွယ်မှုတွင် ပို့ကုန် သည် သွင်းကုန်ထက်အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ပိုများခဲ့သဖြင့် ကုန်သွယ်မှုပိုလျှံခဲ့ကြောင်း အချက် အလက်များအရသိရှိရပါသည်။

 DOCA(ရန်ကုန်) 

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ပထမ ၈ လ အတွင်း ရော်ဘာစေးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၈ မီလီယံကျော်ရရှိ

  ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ပထမ ၈ လအတွင်း ရော်ဘာစေးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၈ မီလီယံ ဝင်ငွေရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် တူညီနေကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သော တရားဝင်အချက်အလက်များ အရ သိရှိရပါသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ-သြဂုတ်လ ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ကုန်စည်တန်ချိန် ၁၈၃၉၁၀ တန် တင်ပို့ခဲ့ကြောင်း၊ ယင်းသည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၉၇၃၃ တန်မှ ၁၂ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း ရော်ဘာလုပ်ငန်း ညွှန်ကြားရေးဌာနမှ ပြောကြား ခဲ့ပါသည်။ပြည်တွင်းရော်ဘာစေးသုံးစွဲမှုသည် ပထမ ၈ လအတွင်း ၈၉ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာပြီး တန်ချိန် ၇၅၅၂၃ တန် အထိ ရောက်ရှိခဲ့ပါသည်။ ပြည်တွင်းရောင်းချမှုမှ ဒေါ်လာ ၁၃၇ သန်း ခန့် စုစုပေါင်း ဝင်ငွေရရှိကြောင်း သိရှိရပါသည်။

ရော်ဘာစေးတစ်တန်သည် ပျှမ်းမျှအားဖြင့် ၂၀၂၅ ခုနှစ် ပထမရှစ်လအတွင်း အမေရိကန် ဒေါ်လာ ၁၇၈၆ ရှိပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ဒေါ်လာ ၂၂၀ ခန့် ပိုများပါသည်ဟု ရော်ဘာ လုပ်ငန်း ညွှန်ကြားရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် Khun KaKada ကပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ရော်ယာစေးကို အဓိကအားဖြင့် မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်) 

အင်ဒိုနီးရှားနိုင်ငံ၏ ဆန်တင်သွင်းမှုသည် အထူးပြုထမင်းစားသုံးမှုအတွက်သာကန့်သတ်တင်ပို့

အင်ဒိုနီးရှားစိုက်ပျိုးရေးဒုဝန်ကြီး Sudaryono က ယခုနှစ်ဆန်တင်သွင်းမှု မပြုလုပ်ရေး မူဝါဒကို ဆက်လက်ထိန်းထားမည်ဖြစ်သော်လည်း အချို့သောစားသောက်ဆိုင်များ အတွက်လို အပ်သော ဆန်အမျိုးအစားများကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဂျကာတာတွင် စက်တင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ဂျပန်စားသောက်ဆိုင်များအတွက် ဂျပန်ဆန်လိုအပ်ခြင်းနှင့် အာ‌‌ရေဗျနှင့် အိန္ဒိယစားသောက်ဆိုင်များအတွက် ဘာစမာတီဆန်ကဲ့သို့သော ပြည်တွင်းဆန်များနှင့် အစားထိုး မရသော ဆန်များကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

          ၂၀၂၅ ခုနှစ်တွင် ဆန်အပြင် ပြောင်းနှင့် သကြားတင်သွင်း မှုကိုလည်း တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး စာနပ်ရိက္ခာဖူလုံးရေးအတွက် ပြည်တွင်းထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်းလည်း Sudaryono က ပြောကြားခဲ့ပါသည်။

          စက်တင်ဘာလအစောပိုင်းတွင် ဆန်လက်ကျန် ပမာဏသည် တန်ချိန်လေးသန်းသို့ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်က ဆန်တန်ချိန် ၁.၂ သန်းကျန်ရှိခြင်းထက် သိသိသာသာ ပို၍များ ကြောင်းသိရှိ ရ ပါသည်။

DOCA(ရန်ကုန်) 

တရုတ်နိုင်ငံ၏ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ အာဆီယံစျေးကွက်တွင် လူကြိုက်များလာ

  တရုတ်နိုင်ငံတွင် စိုက်ပျိုးထွက်ရှိသော သစ်သီးများနှင့်  ဟင်းသီးဟင်းရွက်များကို အိမ်နီး ချင်းနိုင်ငံများရှိစျေးကွက်များသို့ ပို့‌‌ဆောင်ရွက်လျက်ရှိပါသည်။ မကြာသေးမှီနှစ်များအတွင်း ယူနန်မှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များသည် အာဆီယံစျေးကွက်များတွင် လူကြိုက် များလာခဲ့ပါသည်။ စပျစ်သီး၊ လိမ္မော်သီး၊ မှိုနှင့်အခြားအထူးထုတ်ကုန်များသည် အဓိက တင်ပို့ကုန် အဖြစ် ဦး‌ဆောင်နေပါသည်။

   ဟင်းသီးဟင်းရွက်များ ကာလကြာရှည်စွာ ရောင်းချခဲ့သော တရုတ်ကုန်သည်တစ်ဦးက မြန်မာနိုင်ငံတွင် တရုတ်သီးနှံများသည် အမျိုးအစားစုံလင်မှုနှင့် အရည်အသွေးကောင်းမွန်မှု ကြောင့် ဝယ်လိုအားကောင်းနေကြောင်းပြောကြားခဲ့ပါသည်။

     ကူမင်းအကောက်ခွန်ဌာန၏ အဆိုအရ ယူနန်၏အာဆီယံနှင့် စိုက်ပျိုးရေးကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်ပထမနှစ်ဝက်တွင် ယွမ် ၁၈.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၆၂ ဘီလီယံခန့်) ရှိခဲ့ပါသည်။ ၎င်းသည် ယခင်နှစ်ကထက် ၂၃.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းသိရှိရပါသည်။

          ယူနန်ပြည်နယ်သီးနှံများသည် အာဆီယံနိုင်ငံများ၏ ထုတ်လုပ်မှု စက်ဝန်းများကို ဖြည့်ဆည်း ပေးပြီး ရာသီအလိုက် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးပါသည်။ ထိုင်းနိုင်ငံရှိ သစ်သီးဆိုင် များမှ အင်ဒိုနီးရှား စျေးဝယ်စင်တာများအထိ စပျစ်သီး၊ ရှောက်သီးနှင့် ပန်းသီးများ တင်သွင်းရောင်းချ နေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်) 

၂၀၂၅ ခုနှစ် သြဂုတ်လတွင် ထိုင်းမှ ကမ္ဘောဒီးယားသို့ သွင်းကုန် ၂၉.၁% ကျဆင်းခဲ့

          ၂၀၂၅ ခုနှစ် သြဂုတ်လတွင် ထိုင်းမှ ကမ္ဘောဒီးယားသို့ ကုန်ပစ္စည်း တင်သွင်းမှုသည် ကန် ဒေါ်လာ ၂၁၃ သန်းကျော် ရှိပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၉.၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း မ္ဘောဒီးယားနိုင်ငံ အခွန်အကောက်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာန၏ အစီရင်ခံစာအရ သိရသည်။ ထိုင်းနိုင်ငံ၏ တစ်ဖက်သတ်နယ်စပ်ပိတ်မှုနှင့် ရန်လိုမှုများ ဖြစ်ပွားစေခဲ့သည့် နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှုကြောင့် နှစ်နိုင်ငံအကြားကုန်သွယ်မှုများ ဆက်တိုက်ကျဆင်းလာခဲ့ကြောင်း အစီခံစာတွင် ဖော်ပြထားသည်။  အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ပထမ ရှစ်လအတွင်း ကမ္ဘောဒီးယားနှင့် ထိုင်းကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံဖိုးရှိပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆.၄ ရာခိုင်နှုန်း လျော့ကျ သွားကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ထိုင်းနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၃၄ သန်းကျော် တင်ပို့ခဲ့ပြီး ထိုင်းမှ ကမ္ဘောဒီးယားသို့ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ တင်သွင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ရှစ်လအတွင်း နိုင်ငံတော်၏ ပို့ကုန်သည် ဒေါ်လာ ၂၀ ဘီလီယံကျော်ရှိ

          ကမ္ဘောဒီးယား၏ ပို့ကုန်သည် ၂၀၂၅ ခုနှစ် ပထမ ၈ လတွင် ကန်ဒေါ်လာ ၂၀ ဘီလီယံ ကျော်လွန်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ၁၁-၉-၂၀၂၅တွင် ထုတ်ပြန်ခဲ့သော တရားဝင် အကောက်ခွန် အချက်အလက်များအရ သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၀.၁၈ ဘီလီယံရှိပြီး ယခင်နှစ်က ကန်ဒေါ်လာ ၁၇.၅၇ ဘီလီယံထက် ပိုများကြောင်း အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု ဦးစီးဌာန (GDCE) ၏ ကိန်းဂဏန်းများအရ သိရသည်။  အမေရိကန်ပြည်ထောင်စုသည် ကမ္ဘောဒီးယား၏ ပို့ကုန်အကြီးဆုံးနေရာအဖြစ် ဆက်လက်ရပ်တည်နေပြီး တင်ပို့မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၈.၃ ဘီလီယံရှိပြီး ၂၃.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။  ဒုတိယနေရာတွင် ဗီယက်နမ်သည် ဒေါ်လာ ၂.၇ ဘီလီယံဖြင့်  ၁၁.၅ ရာခိုင်နှုန်း တိုးလာကာ တရုတ်နှင့် ဂျပန်သို့ တင်ပို့မှုတစ်ခုစီသည် ကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိခဲ့ သည်။  စပိန်၊ ဗြိတိန်၊ ထိုင်း၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ တောင်ကိုရီးယား၊ မက္ကဆီကိုနှင့် သြစတြေးလျတို့ အပါအဝင် အခြားသော အရေးပါသော စျေးကွက်များနှင့်အတူ စပိန်သည် ဒေါ်လာ သန်း ၇၇၀ ကျော်ရှိသည်။ အစီရင်ခံစာတွင် ကမ္ဘောဒီးယား၏ အဓိက ပို့ကုန်များမှာ အထည်ချုပ် ဖိနပ်၊ ခရီးသွား ကုန်ပစ္စည်းများ၊ သားရေ ထုတ်ကုန်များ၊ ပရိဘောဂများ၊ ရော်ဘာ၊ ကောက်ပဲသီးနှံများ၊ သစ်သီးများနှင့် လျှပ်စစ်စက်ပစ္စည်း ကိရိယာများ ပါဝင်သည်။ ကမ္ဘောဒီးယား ၏ ပို့ကုန်စွမ်းဆောင်ရည်သည် ယခုနှစ်အတွင်း အရှိန်အဟုန်ပြင်းစွာ ဆက်လက်ပြသနေပြီး ကုန်သွယ်မှုလွယ်ကူအားကောင်းစေရန် အစိုးရ၏ထိရောက်သော မဟာဗျူဟာများကို ထင်ဟပ်စေကာ စျေးကွက်ချဲ့ထွင်ခြင်းနှင့်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနေကြောင်း စီးပွားရေးကျွမ်းကျင်သူများကဆိုသည်။

Source: Khmer Times

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ သြဂုတ်လအထိ GFT တင်ပို့မှုသည် ကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိ

          ကမ္ဘောဒီးယားနိုင်ငံသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားထုတ်ကုန် (GFT) တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမ (၈) လတွင် ကန်ဒေါ်လာ ၁၀.၆ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလက စံချိန်တင်ခဲ့သည့် ကန်ဒေါ်လာ ၈.၉၄ ဘီလီယံထက် ၁၈.၅ ရာခိုင်နှုန်း တိုးခဲ့ကြောင်း ကမ္ဘောဒီးယား အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု ဦးစီးဌာန၏ အစီရင်ခံစာအရ သိရသည်။ အထည်ချုပ်ထုတ်ကုန်များသည် ဇန်နဝါရီမှသြဂုတ်လအတွင်း ကန်ဒေါ်လာ သန်း ၇၇၃၀ ရှိပြီး ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ သန်း ၆,၄၈၀ မှ ၁၉ ရာခိုင်နှုန်း တိုးလာကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဖိနပ်တင်ပို့မှု ပမာဏမှာ ကန်ဒေါ်လာ ၁,၄၀၁ သန်းရှိပြီး ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ ၁,၀၈၉ သန်းမှ ၂၈.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ခရီးသွား ကုန်ပစ္စည်းတင်ပို့မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၁,၄၇၈ သန်းရှိပြီး ယမန်နှစ်က ကန်ဒေါ်လာ ၁,၃၇၅ သန်းထက် ၇.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ နိုင်ငံတော်၏ GFT ထုတ်ကုန်များအတွက် အဓိကစျေးကွက်များမှာ အမေရိကန်၊ အီးယူ၊ ကနေဒါနှင့် ဂျပန်တို့ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် GTF ကုန်ပစ္စည်းများ၊ ဆိုလာပြားများ၊ ပရိဘောဂများနှင့် စက်ဘီးများကို အနှစ်သက်ဆုံးနိုင်ငံများ၏ ကုန်သွယ်မှုဦးစားပေးအစီအစဉ်အရ US သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ