
အမျိုးသား စားသောက်ကုန်ဘေးကင်းရေးနှင့် အရည်အသွေးမြှင့်တင်ရေးဌာန (Senasa) သည် ၂၀၂၆ ခုနှစ် ပြည်ပပို့ကုန်ကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လတ်ဆတ်သော လိမ္မော်၊ သံပရာမျိုးနွယ်ဝင် အသီးအနှံများအား အပင်ပိုးမွှားကင်းစင်ရေး စစ်ဆေးခြင်းနှင့် အရည်အသွေး ထောက်ခံချက်ထုတ်ပေးခြင်း လုပ်ငန်းများကို ဘျူနိုအေးရိစ် (Buenos Aires) ပြည်နယ်ရှိ နေရာအသီးသီး၌ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။ ယခုနှစ်အတွင်း Buenos Aires North ဒေသဆိုင်ရာဗဟိုဌာန၏ စီရင်ပိုင်ခွင့်အောက်ရှိ နိုင်ငံတကာအဆင့်မီ အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်ပညာရှင်များသည် သံပရာသီး တန်ချိန် ၂၇,၀၀၀ တင်ပို့မှုအတွက် အရည်အသွေးစစ်ဆေး ထောက်ခံချက် ပေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကုန်ပစ္စည်းတင်ပို့မှုများသည် ဇာရတီ (Zarate) ဆိပ်ကမ်းမှတစ်ဆင့် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် ဥရောပသမဂ္ဂ (EU)၊ ရုရှားဖက်ဒရယ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံ (UK) တို့သို့ ဦးတည်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့သည့် ယခုကဲ့သို့ အပင်ပိုးမွှားကင်းစင်ရေးဆိုင်ရာ စစ်ဆေးခြင်းနှင့် ထိန်းချုပ်ခြင်း လုပ်ငန်းများသည် လတ်ဆတ်သော လိမ္မော်၊ သံပရာမျိုးနွယ်ဝင် အသီးအနှံများ ပြည်ပတင်ပို့မှု အစီအစဉ်၏ နောက်ဆုံးအဆင့်ဖြစ်ပြီး နိုင်ငံတကာမှ လိုအပ်ချက်များကို ပြည့်မီစေရန်နှင့် သက်ဆိုင်ရာ ပြည်ပပို့ကုန်ဆိုင်ရာ ထောက်ခံချက်လက်မှတ် ထုတ်ပေးနိုင်ရန်အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်းသိရပါသည်။ အဆိုပါ လုပ်ငန်းစဉ်များသည် စိုက်ပျိုးရေးကွင်းပြင်အတွင်း ထိန်းချုပ်စစ်ဆေးမှုများဖြင့် စတင်ကာ သယ်ယူပို့ဆောင်ရေး ကာလအတွင်း ဆက်လက်လုပ်ဆောင်ပြီး ကုန်ပစ္စည်းထုပ်ပိုးသည့်နေရာများတွင် အဆုံးသတ်သည့် လိမ္မော်၊ သံပရာမျိုးနွယ်ဝင် အသီးအနှံများ၏ ထုတ်လုပ်မှုသမိုင်းကြောင်း နောက်ကြောင်းခံ လိုက်လံစစ်ဆေးခြင်း ကွင်းဆက် (Traceability chain) ကို ပြီးပြည့်စုံစေကြောင်း သိရပါသည်။ ယခုကဲ့သို့ အပင်ပိုးမွှားကင်းစင်ရေး စစ်ဆေးခြင်းနှင့် အရည်အသွေးထောက်ခံချက် ထုတ်ပေးခြင်းတို့သည် နိုင်ငံအတွက် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောအခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေပြီး လိမ္မော်၊ သံပရာလုပ်ငန်းကဏ္ဍကို ပံ့ပိုးကူညီရန်အတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ပြသနေကြောင်း သိရပါသည်။
Source: Freshplaza
DOCA (ရန်ကုန်)
