Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီ ဈေးနှုန်းအနည်းငယ်မြင့်တက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိပြီး မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို စားသောက် ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

        ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၃၅၀၀)ကျပ်၊ အကြီး(၁) ထုပ်လျှင်(၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဇူလိုင်လ ပထမပတ်အတွင်း ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၃၅၀၀မှ ၃၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊   ယခုပတ်အတွင်း ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိရာ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်သွန်နီဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားကျေးရွာများတွင် မိသားစု စားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီများကို စိုက်ပျိုးကြကြောင်း သိရှိ ရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကြက်သွန်နီ အလုံးကြီး(၁)ပိဿာလျှင်(၁၈၀၀)ကျပ်နှင့် အလုံးသေး(၁)ပိဿာလျှင် (၁၆၀၀)ကျပ်၊ မြစ်သားကြက် သွန်နီ(၁)ပိဿာလျှင် (၂၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြက်သွန်နီကို အစားသောက် ချက်ပြုတ်ရာတွင်လည်းကောင်း၊ အကြော်ဆိုင်များမှလည်းကောင်း၊ ဝယ်ယူအသုံးပြုကြကြောင်း ကြက်သွန်နီရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မြန်မာ့သနပ်ခါးတုံးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေကြသည့် သနပ်ခါးပင်များ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာ့သနပ်ခါးသည် ကဗျာ၊ သီချင်းများ စပ်ဆိုရသည်အထိ ထင်းရှားပြီး၊ ရှေးယခင်ကပင် သနပ်ခါးကို နန်းတွင်းအလှကုန်အဖြစ် အသုံးပြုခဲ့ကြောင်း၊ မြန်မာ့ရိုးရာ အလှတရားတွင် သနပ်ခါးသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပြီး အမျိုးသမီးများသည် မျက်နှာတွင် သနပ်ခါးဖြင့် အလှဆင်လေ့ရှိကြောင်း သိရှိရပါသည်။

           မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ် ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါးသည် ကျန်းမာရေးနှင့် အလှအပတို့ အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ပြီး၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသော သနပ်ခါးတုံးများသည် ကန့်ဘလူခရိုင်အတွင်းမှ ထွက်ရှိသလို၊ ရွှေဘိုမြို့ရှိ လက်လီ၊လက္ကား သနပ်ခါးတုံး အရောင်းဆိုင်များမှလည်း ဝယ်ယူရောင်းချကြောင်း၊ ဇူလိုင်လ ပထမပတ်အတွင်း မြန်မာ့ရိုးရာသနပ်ခါး(၁)တုံးလျှင် (၄၀၀၀မှ ၅၀၀၀)ကျပ်၊ အသေး(၁)တုံးလျှင် (၂၀၀၀)ကျပ်နှင့် (၃) တုံးလျှင် (၅၀၀၀)ကျပ်ဖြင့် အရွက်အစားပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ကိုက်လံစျေးကွက်အရောင်းသွက်”

   ပြင်ဦးလွင်မြို့နယ်အတွင်း ဇွန် ၊ ဇူလိုင်လများမှာ ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး သည့်သီးနှံများနှင့်အတူ ကိုက်လံ ၊ အသီးအရွက်လည်း စျေးကွက်အတွင်း နေရာယူပြီး ရောင်းအားကောင်းလျှက်ရှိပါသည်။ ဟိုတယ်၊စားသောက်ဆိုင်များအပြင် မိသားစုထမင်းဝိုင်း တွင်လည်းပါဝင်ကြတာမို့ စျေးကောင်းရရှိပြီး မိသားစုအပိုဝင်ငွေရရှိနေကြောင်းသိရှိရပါသည်။ ကိုက်လံအနေဖြင့် မြေနေရာကျဉ်းနေလျှင်တောင်မှ အပင်ရေများ ဝင်ဆံ့တာမျိုးဖြစ်သည့် အတွက်ပြင်ဦးလွင်မြို့နယ်ရှိ ကျေးရွာအတော်များများမှာစိုက်ပျိုးကြပြီး မိသားစုစားဖို့အပြင် အခြားအိမ်သုံးစရိတ်ရရှိသည့်တွက် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ကြီးတိုင်ရွာမှ ကိုက်လံစိုက်တောင်သူ ဦးဖိုးအေးထံမှသိရှိရပြီး စျေးနှုန်းအနေဖြင့် လက်ဆုပ်စီး(၁)စီးလျှင် (၅၀၀/-)ကျပ် ၊ အစီးကြီး(၁)စီးလျှင်(၈၀၀/-)ကျပ်တို့ဖြင့် ရောင်းချနေပြီး တစ်ပတ်လျှင် လက်ဆုပ်စီး(၅၀-၇၀)စီး စျေးကွက်သို့တင်ပို့ရောင်းချနေကြောင်း သိရှိရပါသည်။

  DOCA(မန္တလေး)

“ပြင်ဦးလွင်ဒေသထွက်နာနတ်သီးစျေးကွက်”

     ပြင်ဦးလွင်မြို့နယ်တွင် နာနတ်သီးစိုက်ရာဒေသများဖြစ်တဲ့ ပန်းဦးတောင်၊ဆင်ဖြူအင်း၊ ဘန်သာကျေးရွာများရှိ တောင်ကုန်း ၊တောင်ဆောင်းများမှာ နာနတ်သီးစိုက်ဧကများကို စီးပွားဖြစ်အများဆုံးစိုက်ပျိုးလျှက်ရှိရာ ယခုအချိန်တွင် နာနတ်စိုက်တောင်သူများငွေရွှင်သော ကာလဖြစ်ပါသည်။ နာနတ်သီးအနေဖြင့် ယခုအချိန် မိုးရာသီအစတွင် စတင်စိုက်ပျိုးပါက နောက်နှစ် အသီးစတင်ခူးဆွတ်နိုင်ပြီး ဒုတိယနှစ်တွင် ပေါင်းမြက်ရှင်းကာ ပုလဲမြေသြဇာ ပတ်ဖြန်းခြင်းဖြင့် ပထမနှစ်ထက် အသီးပိုမိုရရှိပါကြောင်း၊(၁)ဧကလျှင် နာနတ်အပင်(၆၀၀၀-၆၅၀၀)ပင် စိုက်ပျိုးနိုင်ကြောင်း ၊ ကုန်ကျစရိတ်အနေဖြင့် စတင်စိုက်ပျိုးလျှင် မျိုး ၊ မြေပြင် ၊ အလုပ်သမားခ၊သွင်းအားစု စုစုပေါင်း ကုန်ကျစရိတ်(၃၀)သိန်းခန့် ကုန်ကျနိုင်ပြီး ပထမနှစ် အသီးခူးဆွတ်ပြီးနောက် အပင်ပြုစုခြင်း ၊ သွင်းအားစုထည့်သွင်းရုံဖြင့်ပင် အပင်များကာ အသီးနှစ်ဆ၊သုံးဆဖြစ်ကာအမြတ်အစွန်းပိုမိုရရှိပါကြောင်း၊အချို့နာနတ်စိုက်တောင်သူများမှာ ရိတ်သိမ်းခူးဆွတ်ပြီးနောက် ပစ်ထားကာ မိုးဦးကျချိန်တွင် ပြန်လည်ပြုပြင်မှုဖြင့်အပင် (၃-၄)နှစ်ခန့်အကျိုးခံစားရကြောင်း၊ လက်ရှိနာနတ်သီးစျေးအနေဖြင့် ခေါင်သီးရှယ်တစ်လုံးလျှင် (၁၅၀၀/-)ကျပ်၊ အလတ်(၁၀၀၀/-)ကျပ်၊ အသေး(၅၀၀/-)ကျပ် စျေးနှုန်းတို့ဖြင့် မန္တလေးမှ ကုန်သည်များလာရောက်ဝယ်ယူနေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ရောင်းချနေသော လိမ္မော်သီးဈေးနှုန်း

         လိမ္မော်သီးသည် ရှောက်နွယ်ဝင်မျိုးရင်းဖြစ်ပြီး အသားမှာအရည်ရွှမ်းပြီး မှည့်သောအခါနီမြန်း သည့် အဝါရောင်သို့ပြောင်လဲလာသည်။ လိမ္မော်သီးကို ရေခဲသေတ္တာတွင်ထည့်၍ စားသုံးပါကပိုမို ကောင်းမွန်ကြောင်း၊ အရည်ညှစ်၍ သောက်သုံးကလည်း ကောင်းမွန်သည့်အတွက် ဝယ်ယူစားသုံးသူ များကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသေည့် လိမ္မော်သီးများကို မန္တလေးမြို့နှင့် မြစ်ကြီးနား စသည့်သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ လိမ္မော်သီး(၁)ပိဿာလျှင် (၁၉၀၀၀မှ ၂၀၀၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း၊ ယခုပတ်အတွင်း လိမ္မော်သီးဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း၊ လိမ္မော်သီးသည် အရည်ရွှမ်းအသီးဖြစ်ပြီး စားသုံးသူများ၍ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော မင်းကွတ်သီးဈေးနှုန်း

       မင်းကွတ်သီးသည် အရည်ရွှမ်းပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် အနံ့အရသာ ရှိကြောင်း၊ အခွံအညိုရောင်ရှိပြီး နွှာလိုက်လျှင် အထဲမှာ အဖြူရောင်အမြွှာလေးဖြစ်ကြောင်း၊ မင်းကွတ်သီးသည် ချိုချိုချဉ်ချဉ် အရသာရှိသောကြောင့် အအီပြေစေတဲ့အသီးအဖြစ် လူတော်တော် များများက စားကြကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသည့် မင်းကွတ်သီးများကို မော်လမြိုင်မှလည်းကောင်း၊ မန္တလေးမှလည်းကောင်း ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် မင်းကွတ်သီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ (၁၁)လုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မင်းကွတ်သီး စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုသည့်အတွက် အကျိုးကျေးဇူးများစွာရရှိ စေသော ရာသီပေါ်အသီးအနှံတစ်မျိုးဖြစ်ကြောင်း၊ ယခုပတ်တွင် မင်းကွတ်သီးများ ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ် သစ်သီးဈေးကွက်၌ စပျစ်သီးဈေးနှုန်းမြင့်တက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် စပျစ်သီးများ ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးသည် လူကြိုက်များသည့် အသီးတစ်မျိုးဖြစ်ပြီး၊ အရောင်အသွေး၊ အနံ့၊ အရသာနှင့်ပြည့်စုံပြီး၊ အစိမ်းရောင်၊ အနီရောင်၊ ခရမ်းရင့်ရောင် စသည်ဖြင့် အရောင်အမျိုးမျိုးရှိကြောင်း၊ စပျစ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း သိရှိရသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် စပျစ်သီး တရုတ်မျိုး(၁)ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ စပျစ်သီး ဗမာမျိုး(၁) ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးဝင်ရောက်မှုနည်းသော်လည်း လူကြီးလူငယ်မရွေး စားသုံးကြသည့်အတွက် ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်)

“ပြင်ဦးလွင်ဒေသထွက်ကော်ဖီ”

   ပြင်ဦးလွင်ဒေသသည် ပင်လယ်ရေမျက်နှာပင်အထက် အမြင့်ပေ(၃၅၃၈)အထက်တွင် ရှိပြီး အေးမြသောရာသီဥတနှင့်အညီ ကုန်မြင့်ကော်ဖီ၊အာ‌ရေးဗီးကား ဖြစ်ထွန်းရာဒေသဖြစ်ပါ သည်။ယခုအခါ ကော်ဖီသောက်သည့်အလေ့အကျင့်ပိုမိုးများပြားလာသည်နှင့်အမျှ ကော်ဖီ လုပ်ငန်း၊ကော်ဖီဆိုင်ဖွင့်လုပ်ငန်းများလည်း စီးပွားဖြစ်တိုးချဲ့လုပ်ကိုင်နေသည်ကိုတွေ့ရှိရပြီး ကော်ဖီအမျိုးအစား များစွာထဲမှ ပြင်ဦးလွင်မှထွက်သည့် ကုန်းမြင့် ကော်ဖီဖြစ်သော အာရေးဗီးကား ကော်ဖီကို လူအများကြိုက်နှစ်သက်သည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံအနှံ့ တင်ပို့ရောင်းချနေမှုအရသိရှိရပါသည်။ လက်ရှိမှာလည်း ကော်ဖီအမျိုးအစားအလိုက် (2+1) (3 in 1)ကော်ဖီအသင့်သောက်(၂၀)ဂရမ်(၁၀)ထုတ်ပါ အထုပ်(၁)ထုပ်လျှင်(၅၅၀၀-၈၀၀၀) ကျပ်၊ကော်ဖီမှုန့်စစ်စစ်(၂၀၀)ဂရမ် (၁)ထုပ်လျှင်(၆၅၀၀-၁၀၀၀၀)ကျပ်၊(၂၀)ဂရမ်ပါ (3+1) အသင့်သောက်အထုပ်သေး(၁)ထုပ်လျှင်(၆၀၀-၉၀၀)ကျပ်တို့ဖြင့် ရောင်းချနေပြီး ယခုအချိန် ပြင်ဦးလွင်သို့ ဧည့်သည်ဝင်ရောက်မှုများပြားနေခြင်းကြောင့် ရောင်းအားလည်းမြင့်တက်နေ ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ရာသီစာအင်ဥ(မှိုစေ့)

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ရာသီပေါ်အသီးအနှံများ ရောင်းချလျက်ရှိရာ ဈေးရောင်းသူများ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

            ယခုလို မိုးဦးကာလ မေလ၊ ဇွန်လများတွင် အင်ဥ(မှိုစေ့)များပေါများစွာ တွေ့ရတတ်ပြီး အင်ဥ(မှိုစေ့)မှာ မှိုမျိုးနွယ်ဝင် မြေအောင်းမှိုတစ်မျိုးဖြစ်ကြောင့်  စားသုံးသူများအနေဖြင့် အင်ဥကို အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသုတ်၊ အခြားသောအသီးအရွက်များနှင့်ရော၍ အရသာရှိသော စားသောက်ဖွယ်ရာဖြစ်အောင် အမျိုးမျိုးချက်ပြုတ်စားသုံးကြကြောင်း၊ ဇူလိူင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အင်ဥ(မှိုစေ့)ကို နို့ဆီဘူးနှင့်(၁)ဘူးလျှင် (၃၅၀၀)ကျပ်၊ တစ်ပြည်လျှင် (၂၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သဘာဝအစားအစာဖြစ်သည့် အင်ဥ(မှိုစေ့)ကို ကြိုက်နှစ်သက်သူများပြားသဖြင့် အရောင်းသွက်လျက်ရှိကြောင်း အင်ဥ(မှိုစေ့)ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း