Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် နှမ်းနက်‌များ အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ မေလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ နွေနှမ်းနက်များ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ဇွန်လ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင် (၂၅၆၅၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀၀)တင်း/ (၄၄၁)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းနက် တစ်တင်းလျှင်(၂၅၆၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ နှမ်းနက်တစ်တင်းလျှင်(၁၅၃၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် နှမ်းနက်တစ်တင်းလျှင်(၁၀၃၀၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် နှမ်းနက်များ ဝင်ရောက်မှုများသော်လည်း ဝင်ရောက်သမျှ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် တရုတ်ပဲကြီးဈေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ တရုတ်ပဲကြီးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် တရုတ်ပဲကြီးများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇွန်လ၊ စတုတ္ထအပတ်တွင် ရောင်းချသည့် တရုတ်ပဲကြီးဈေးနှုန်းမှာ (၁)ပြည်လျှင်(၉၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၄၄၀၀ဝိ/-) ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါ ယခင်အပတ်၌ တရုတ်ပဲကြီး(၁)ပြည်လျှင် (၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ မတ်လ၊ စတုတ္ထအပတ်မှ စတင်၍ ယခုအပတ်ထိ တရုတ်ပဲကြီး ရောင်းချရသည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော် ရောင်းသည့် ပဲကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

မုံရွာမြို့မန်ကျည်းပင်ဈေးတွင်ရောင်ချလျက်ရှိသော ဆူးပုတ်ရွက်စျေးနှုန်း

ဆူးပုတ်ရွက်သည် အပင်သေးအမျိုးအစားဖြစ်ပြီး ဆူပုတ်လေးနှင့် ဆူးပုတ်ကြီးမျိုးဟူ၍ နှစ်မျိုးရှိပါသည်။ အများအားဖြင့် ဆူပုတ်ကြီးအမျိုးအစားကို ကိုင်းကူး၍ ခြံအဖြစ်လည်ကောင်း၊ အိမ်တွင်တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ဝင်‌ငွေရရှိပါသည်။ဆူးပုတ်ရွက်သည် ဆူးပုတ်အရွက်နှင့် ဆူးပုတ်ပင်၏ အခေါက်များကလဲ ဆေးဖက်ဝင်သည်ဟုသိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထအပတ်တွင် မုံရွာမြို့မန်ကျည်းပင်ဈေးတွင် ရောင်းချလျက်ရှိ သော ဆူးပုတ်ရွက်ဈေးနှုန်းမှာ ၁ စီးလျှင် (၂၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း စျေးရောင်းသူများထံမှသိရပါသည်။ DOCA(စစ်ကိုင်း)

စားသုံးဆီဈေးနှုန်းအခြေအနေ

စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဇွန်လ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။ ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၅)ဆိုင်ရှိပြီး ဇွန်လ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၈၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၆၅၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဇွန်လ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၇၅၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၇၅၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၁၀၀)ကျပ်ဈေးနှုန်းကျဆင်းခဲ့ပြီး၊ပဲဆီသန့် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊နှမ်းဆီသန့် တစ်ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း စားသုံးဆီ လက်ကား အရောင်းဆိုင် များမှ သတင်း ရရှိသည်။ DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဇွန်လ နောက်ဆုံးပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။ ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် ဇွန်လ စတုတ္ထပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၀၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၇၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၄၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၂၄၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၅ခုနှစ် ဇွန်လ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၂၈၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၃၅၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၈၇၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၅၃၀)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၈၅)ကျပ် ဈေးနှုန်း၊ဓါတ်ဆီ(95)တစ်လီတာလျှင် (၁၈၀)ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၃၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၈၅)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်း ရရှိသည်။ DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် ရောင်းချသည့်ကုလားပဲဆံနှင့် ကုလာပဲလုံးဈေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံ များထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို ဒေသတွင်းမှထွက်ရှိသည့် ကုလားပဲလုံးများအပြင် မန္တလေးမြို့မှ လည်း ဝယ်ယူရောင်းချကြပါသည်။ ကုလားပဲဆံရွှေဘိုမြို့ ဈေးကွက်အတွင်း ဇွန်လ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ (၁)ပြည်လျှင်(၈၄၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၄၄၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင် (၈၄၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့် သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။ ကုလားပဲလုံးရွှေဘိုမြို့ ဈေးကွက်အတွင်း ဇွန်လ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ကုလားပဲလုံးဈေးနှုန်းမှာ (၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင် နှင့်အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး(၁)ပြည်လျှင် (၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံ များထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို ဒေသတွင်းမှထွက်ရှိသည့် ကုလားပဲလုံးများအပြင် မန္တလေးမြို့မှ လည်း ဝယ်ယူရောင်းချကြပါသည်။ ကုလားပဲဆံ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇွန်လ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ (၁)ပြည်လျှင်(၈၄၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၄၄၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင် (၈၄၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့် သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။ ကုလားပဲလုံး ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇွန်လ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ကုလားပဲလုံးဈေးနှုန်းမှာ (၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင် နှင့်အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး(၁)ပြည်လျှင် (၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ဒန်းပန်းပျိုးပင်ဈေးကွက်

ဒန်းပန်းလေး၏ အဓိပ္ပာယ်က “ဘဝကိုအရှုံးမပေးနဲ့”ဟူ၍ဖြစ်သည်။ ယခုလို မိုးတွင်းရာသီသည် ဒန်းပန်းပွင့်ရာသီဖြစ်သည်။ ဒန်းပန်းပွင့်နေသောအပင်နား လမ်းလျှောက်မိလျှင်ဖြင့် အခြားပန်းများနှင့်မတူတဲ့ ဒန်းပန်းရနံ့သည် လူတို့၏ စိတ်ကို ကြည်လင်လန်းဆန်းခွန်အားကို ဖြစ်စေပါသည်။ ဒန်းပန်းပွင့်လေးများသည် အဝါနုရောင် အဆုတ်လိုက် အခိုင်လိုက်ပွင့်ပြီး အသီးများသည်လည်း အဆုတ်လိုက် အခိုင်လိုက်သီးကြသည်။ ၎င်းအသီးများရင့်မှည့်လာပါက ဒန်ပန်းစေ့များမှ ဒန်းပန်းပင်မျိုးပွားလာပါသည်။မြန်မာနို်ငငံတွင် အများအားဖြင့် စနေနံပန်းမို့ဒန်းကိုင်းကို ဘုရားလျှူရန် ရတြာခြေရန် အသုံးပြုကြသည်။ ဒါန်းရနံ့မွှေသင်းသင်းမွှေး ကြိုင်ပါသည်။ ငယ်ငယ်ကဆိုလျှင် ဒန်းပန်းခွက်ကလေးများကို စုဆောင်းပြီး လက်သည်းမှာအုံကာ လက်သည်းနီပြုလုပ်၍ ကစားခဲ့ကြဖူးသည်။ ခြေစွယ်၊လက်စွယ်ငုတ်က ဒန်းရွက်ကြိတ်ပြီး စီးပေးက ပျောက်ကင်းနိုင်သည်ဟု ရှေးလူကြီများက ဆိုကြသည်။ ဒန်းပင်၏ ဒန်းပန်းလေးတွေက လေတိုက်တိုင်း မွှေးသည်။ ဒန်းပန်းပင်ကို ဘုရား၊ကျောင်းကန်နှင့် အိမ်ခြံစီးရိုးများတွင် စိုက်ပျိုးလေ့ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ဒန်းပန်း ပင်သည်ပန်းပွင့် သောအပင်တစ်မျိုးဖြစ်ပြီး ဒန်းပန်းရနံ့က လူတို့၏စိတ်ကို ခွန်အားဖြစ်စေနိုင်သည်။ ပန်းပျိုးပင်ဈေကွက်၌ ဒန်းပန်းပျိုးပင်ဝယ်ယူမှု အားနည်းကြောင်းနှင့် ဒန်းပန်းပျိုးပင် တစ်ပင်လျှင် (၁၀၀၀/၁၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ DOCA(မန္တလေး)

တည်သီးပင်ပျိုးပင်ဈေးကွက်

တည်သီးပင်ကတော့ အေး၍ မိုးများသော အရပ်ဒေသများတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ မိုးကုတ်ဒေသ၊ ပြင်ဦးလွင်ဒေသနှင့် အခြားသော တောင်ပေါ်ဒေသထွက် သီးပင်စားပင်များဖြစ်သည်။ တည်သီး အကျွတ်မျိုးနှင့် အပျော့မျိုး ဟူ၍ နှစ်မျိုးရှိသည်။ တည်သီးပင်သည် နှစ်ရှည်ပင်မျိုးဖြစ်ပြီး တစ်ခါစိုက်ထားလျှင် တစ်သက်လုံးစားသုံးနိုင်သည်။ တည်သီးပင်၏ ဇစ်မြစ်သည် တရုတ်ပြည်ကဖြစ်သည်။ တည်သီး၏အရောင်မှာ လိမ္မော်ရင့်ရောင် ဖြစ်သည်။ တည်သီးပင်မှ အမပွင့်တည်းကိုသာ ပွင့်ပါသည်။ တည်သီးသည် မရင့်မှည့်ခင် ဖန်သောအရသာ ရှိပြီး ရင့်မှည့်ပြီးက ချိုမွှေးသော အရသာရှိသည်။ တည်သီးအမှည့်ကို ဒီတိုင်းစားလို့ရသလို ဖျော်ရည်လုပ်၍ စားသောက်ကြသည်။ တည်သီးတွင် အမျှင်ဓာတ်နှင့် ဆန့်ကျင်ဓာတ်တိုးပစ္စည်းများ ကြွယ်ဝစွာ ပါရှိခြင်းကြောင့် ကျန်းမာရေးကို အထောက်အကူပြုပါသည်။ တည်သီးတွင်ပါဝင်သော သဘာဝဓာတ်ပေါင်းစုများက အရေပြားတွန့်၍ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ တည်သီးသည် တိုင်းတွင်းထွက်သီးနှံမဟုတ်သည့်အတွက် စားဖူးသူနည်းပါးပါသည်။ အောက်တိုဘာလ၊နိုဝင်ဘာလများတွင် ထွက်ပေါ်ပြီး ယခုအခါ တည်သီးများအသီးအပွင့် ဝေဆာနေပြီ ဖြစ်ပါသည်။ အညာဒေသတွင် စိုက်ပျိုးရေးမဖြစ်သော်လည်း တောင်ပေါ်ဒေသ စိုက်ပျိုးရန်အတွက် တည်ပင်ပျိုးပင်ဈေးကွက်ရှိပါသည်။ ကိုင်းကူး၊မျိုးကူး၊ယိုးဒယားမျိုး များလည်း ရှိပြီး အပင်အရွယ်အစားပေါ် မူတည်၍ တစ်ပင်လျှင် (၅၀၀၀/၁၀၀၀၀/၁၅၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ DOCA(မန္တလေး)

အင်းကြင်းပန်းပျိုးပင်ဈေးကွက်

အင်းကြင်းပန်း၏ အဓိပ္ပာယ်သည် “ မြင့်မြတ်သော ဘာသာရေးထုံးတမ်းများ” ဟူ၍ ဖြစ်သည်။ အင်ကြင်းပင်ကို ပါဠိလို လုမ္ဗီနီ ဟုခေါ်သည်။ အင်ကြင်းပန်းသည် ကြာပန်းနည်းတူ ဗုဒ္ဓဘာသာဝင်တို့အမှတ်သင်္ကေတပန်းဖြစ်သည်။ အင်းကြင်းပန်းသည် အပင်ကြီးမျိုးဖြစ်ပြီး အပူပိုင်းနှင့် သမပိုင်းဒေသများတွင် ရှင်သန်ဖြစ်ထွန်းပါသည်။ အင်ကြင်းပန်းပင်ကို ဘုရားစေတီ ဘုရားဝင်းနှင် ဘုန်းကြီးကျောင်းများတွင် အများဆုံးစိုက်ပျိုးကြသည်။ အင်ကြင်းပင်သည် နှစ်ရှည်ပင်မျိုးဖြစ်ပြီး (၅)နှစ်(၁၀)နှစ် သက်တမ်းရှိမှ ပန်းပွင့်ပါသည်။ ယခုအချိန်တွင် အင်ကြင်း ပန်း၏ ရနံ့သည် ချိုမွှေးသောရနံ့ဖြစ်၍ ပျားပိတုန်းနှင့်ငှက်များ ကြိုက်သည့်ပန်းဖြစ်သည်။ အင်ကြင်း ပန်းများကို ခူးယူ၍ ဘုရားလှူကြသည်။ ဆံကေသညာထက် ဆင်မြန်းသောပန်းမဟုတ်ပေမယ့် အင်ကြင်းပန်းသည် ကျက်သရေရှိစွာ တင့်တယ်လှပသည့် ပန်းဖြစ်သည်။ အချို့အင်ကြင်းပန်းပင်ကို အိမ်ခြံဝင်းအတွင်း အရိပ်ရပင်၊ ပန်းအလှပင်အဖြစ် စိုက်ပျိုးမှုရှိလာသောကြောင့် အင်ကြင်းပျိုး ပင်ဝယ်ယူမှု များလည်း အနည်းငယ်ရှိလာကြောင်း ၊ ပျိုးပင်တစ်ပင်လျှင် အပင်အရွယ်အစား သက်တမ်းပေါ်မူတည်၍ တစ်ပင်လျှင် (၅၀၀၀/၁၀၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်ဈေးကွက်မှ သိရှိရသည်။ DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း