Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့၊ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

       ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေး၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သောသစ်သီးဝလံဈေးနှုန်းများမှာ တောင်ကြီးမြို့နှင့်  ပြင်ဦးလွင်မြို့မှထွက်ရှိသည့် ထောပတ်သီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၃၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၃၀၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မန္တလေးပွဲရုံများမှ မှာယူရောင်းချသည့် ပျားလိမ္မော်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ရွှေလိမ္မော်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကျွဲကောသီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ဩဇာသီးတစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊  ရမည်းသင်းမြို့မှထွက်ရှိသည့် စပျစ်သီး အချွန်းသီး (အစေ့လွတ်) တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ စပျစ်သီး အဝိုင်းသီးတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ သလဲသီးတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၁၃၀၀)ကျပ်ထိ၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှထွက်ရှိသည့် ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် (၂၀၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၁၃၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊  ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီးတစ်လုံးလျှင် (၁၅၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးငြိမ်နေသည့် ရွှေဘိုမြေပဲလုံးဆံဈေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆံ(နီ၊ဖြူ)များမှာ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၉၂၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀)တင်း/ (၄၁)တန်ဖြစ်ကြောင်း၊  မြေပဲလုံးဆံ(နီ)တစ်တင်းလျှင် (၈၈၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/(၆၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ တူညီ၍ ဈေးတည်ငြိမ်နေကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာအရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၈၃၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၄၈၀ဝိ/-) ကျပ်ဈေးပိုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများတည်ငြိမ်လျက်ရှိ

    စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။

    ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး နိုဝင်ဘာလ ပထမပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၄၉၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနိုဝင်ဘာလ ဒုတိယပတ်တွင်လည်း စားအုန်းဆီတစ်ပိဿာလျှင် (၄၉၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် စားသုံးဆီဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် နိုဝင်ဘာလ ဒုတိယပတ်၌ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် နိုဝင်ဘာလ ပထမပတ်စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၁၃၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၂၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၃၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၄၂၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

  ယခုနိုဝင်ဘာလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၁၂၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၂၂၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၆၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၃၈၀)ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၁၅)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၃၀)ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၆၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၄၀)ကျပ်ဈေးနှုန်းကျဆင်းခဲ့ကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၄.၁၁.၂၀၂၃)

   ၁၄.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁၄.၁၁.၂၀၂၃)

    ၁၄.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၄၁/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၄.၁၁.၂၀၂၃ )

     ၁၄.၁၁.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဂန့်ဂေါမြို့မစည်ပင်ဈေး၌ နိုဝင်ဘာလ(ပထမပတ်)တွင် ရောင်းချနေသောအခြခံစားကုန်ဈေးနှုန်း

   မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ဇာဟော၊ စိုင်ဒူး၊ ပိုဦး၊ လာပို့တို့မှ ဟင်းသီးဟင်းရွက်များနှင့် ပခုက္ကူ၊ မန္တလေးမြို့တို့မှ အသားငါးများလာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ဂန့်ဂေါမြို့၊ မြို့မစည်ပင်သာယာဈေး၌ ရောင်းချနေသောအခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ  ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဧရာ ပဒေသာ(၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဆီဈေးနှုန်းများမှာ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ နေကြာဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ပဲ/နှမ်းရောဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ စားဖိုဆောင်သုံးသီးနှံများမှာ ကြက်ဥ(၁၀) လုံးလျှင် ကျပ်(၃၀၀၀)၊ ငရုတ်သီးစိမ်း(ရွှေအပ်သီး)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငရုတ်သီးခြောက်(၁) ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ချင်း(ဂျင်း)(၁)ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ မြေပဲဆံ(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၈၅၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၄၂၀၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ အသားငါးဈေးနှုန်းများမှာ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သား(၁) ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ ငါးမုတ်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)တို့ဖြစ်ကြောင်း မြို့မစည်ပင်ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

                  

ကျောက်ခက်ပန်း သို့မဟုတ် ဒေသပန်း

   ဘားအံမြို့ အနီးဝန်းကျင်ရှိ ထုံးကျောက်တောင်များတွင်  ယခုရက်ပိုင်းအတွင်း ကျောက်ခက်ပန်းများ စပေါ်လာပြီး ဈေးများတွင် ရောင်းချနေကြောင်း သိရသည်။ ကရင်လူမျိုးများအနေဖြင့် အဆိုပါ ကျောက်ခက်ပန်းကို လုံဖော့ဟုလည်း ခေါ်ကြသည်။ ကျောက်ခက်ပန်းများသည် ဘားအံမြို့ ဇွဲကပင်တောင်နှင့် တခြားထုံးကျောက်‌တောင်များ၌ ဆောင်းဦးကာလတွင် သဘာဝအတိုင်းပေါ်ပေါက်လာသော ပန်းတစ်မျိုး ဖြစ်သည့်အပြင် ဘားအံမြို့နယ်အတွင်း ထုံးကျောက်တောင်ပေါင်း တစ်ရာကျော်ခန့်ရှိပြီး အဆိုပါ ကျောက်ခက်ပန်းများသည် ထုံးကျောက်တောင်များတွင်သာ ပေါက်လေ့ရှိပြီး ဘားအံဒေသကလွဲလျှင် တခြားဒေသများမှာ ကျောက်ခက်ပန်းများကို တွေ့ရဖို့ခက်ခဲလှသည်။

  ကျောက်ခက်ပန်းများသည် ဘုရားပန်းထိုးလျှင်  အနည်းဆုံး ၁၅ ရက်လောက်အထိ တာရှည်ခံ ပါသည်။ ဘားအံမြို့ပေါ်ရှိဈေးများတွင် ကျောက်ခက်ပန်းများကို အစည်းကြီး (၁) စည်းလျှင်- ၂၀၀၀/ကျပ် အစည်းသေး (၁)စည်းလျှင်- ၁၀၀၀/-ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခုလိုရာသီတွင် ဒေသခံပြည်သူများအနေဖြင့် ကျောက်ခက်ပန်း ခူးထွက်ခြင်း၊ ဈေးတွင် အလွယ်တကူဝယ်ယူ၍ ဘုရားပန်းအဖြစ် ကပ်လှူပူဇော်ကြသော  ပန်းတစ်မျိုးဖြစ်ကြောင်း သိရသည်။

   ထုံးကျောက်တောင်များပေါ်တွင်သာ ပေါက်လေ့ရှိသည့် ကျောက်ခက်ပန်းများသည်   တောင်များပေါ် မူတည်၍ အရောင်ကွဲတတ်ကြသေးသည်။ ယခုလိုအချိန်တွင် ဇွဲကပင်တောင်တက်ပါက ‌တောင်နံရံများ၌ ကျောက်ခက်ပန်းများကို တွေ့ရှိရပြီး ဆောင်းရာသီကုန်ချိန်တွင် ကျောက်ခက်ပန်းများ   နွမ်းခြောက်ကုန်ပါသည်။ ယခုလို ကျောက်ခက်ပန်းပေါ်ချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကျောက်တောင်ကြီးများပေါ်၌ သဘာဝအတိုင်းလှချင်တိုင်းလှနေသော ကျောက်ခက်ပန်း သို့မဟုတ် ဒေသပန်းများကို လှပစွာ မြင်တွေ့ရလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ကရင်)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း