Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဂန္ဓမာပန်း နှင့် သပြေပန်း ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုး ဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည် ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ် တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုး လည်းဖြစ်ပါသည်။

            ဂန္ဓမာပန်းသည် အရောင်အသွေးစုံလင်ပြီး မြင်သူတိုင်းက သဘောကျ နှစ်ခြိုက်သော  ပန်းတစ် မျိုးဖြစ်ပါသည်။ ဂန္ဓမာပန်းသည် ကမ္ဘာပေါ်တွင် တန်ဖိုးထား အမြတ်တနိုး သုံးစွဲပြီး စီးပွားဖြစ် ထုတ်လုပ် စိုက်ပျိုးသော ပန်းဖြစ်ပါသည်။ ဂန္ဓမာပန်းသည် မြန်မာနိုင်ငံတွင် ဘုရားပန်းအဖြစ်လည်းကောင်း၊ အိမ်တွင်းပန်းအဖြစ်လည်းကောင်း၊ အလှူ မင်္ဂလာ အခမ်းအနားများတွင် အလှပန်းအိုး အဖြစ်လည်း ကောင်း နှစ်ခြိုက်စွာ သုံးစွဲကြသော ပန်းဖြစ်ပါသည်။ ဂန္ဓမာပန်းသည်  အနီ၊ အဖြူ၊ အဝါ၊ ပန်းခရမ်းရောင်၊ ခရမ်းရောင်၊ နီညို့ရောင်  စသည်အရောင်အသွေး စုံလင်သော ဂန္ဓမာပန်းများကို စိုက်ပျိုးခြင်းသည်လည်း မြန်မာနိုင်ငံတွင် စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

             ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ဂန္ဓမာပန်း ဈေးနှုန်းဖြင့် ဂန္ဓမာပန်း အပွင့်ကြီး (၅)ခက်ပါ တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဖြူ)(၅)ခက်ပါ တစ်စီးလျှင် (၁၃၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဝါ၊ ခရမ်း၊ ညို့)(၅ပန်း)ခက်ပါ တစ်စီးလျှင်(၁၂၀၀)ကျပ် ဂန္ဓမာပန်း အပွင့်အသေး (အဖြူ) (၅)ခက်ပါ တစ်စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း သပြေပန်းအခက် တစ်စည်းလျှင် (၁၅၀၀)ကျပ်၊ သပြေပန်း အငုတ်ကြီး()ငုတ်လျှင်(၄၀၀၀/ ၅၀၀၀) ကျပ် နှင့် သပြေပန်း အငုတ်သေး () ငုတ်လျှင်(၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ သစ်ရာမြိုင် ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချ နေသော ပန်းသည် ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင်  ရောင်းချနေသော ကြက်သွန်နီ/ ဖြူ ဈေးနှုန်း

           ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို စိုက်ပျိုးပြီး မိမိတို့ ဒေသထွက် မိသားစု စားသုံးပိုလျှံမှသာ ရောင်းချသော အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ နှင့် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

               ၂၀၂၅ ခုနှစ်၊ ဇူလိုင် ပထမပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ဗမာကြက်သွန်ဖြူ အလတ်စ တစ်ပိဿာ လျှင် (၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၃၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကြက်သွန်နီ မြစ်သား အမျိုးအစား တစ်ပိဿာ လျှင်(၂၀၀၀/၂၂၀၀)ကျပ်နှင့် ကြက်သွန်နီ ရိုးရိုး အမျိုးအစား တစ်ပိဿာလျှင်(၁၅၀၀/၁၇၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရှိရပါ သည်။

DOCA(စစ်ကိုင်း)

R2E2သရက်သီးအမှည့် အရောင်းသွက်ပြီး ဈေးကောင်းရရှိ 

             ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း မိမိတို့ တောင်ယာများအတွင်း စိုက်ပျိုးပြီး ထွက်ရှိသည့် သရက်သီးများကို အခြား ဒေသများသို့ ပို့ဆောင်ရောင်းချရန် အဆင်မပြေသည့်အတွက် မိမိဒေသတွင်သာ  R2E2 သရက်သီးမှည့်များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

             R2E2 သရက်သီးမှည့်သည် အခြားသရက်သီးများထက် အလုံးအရွယ်အစား ပိုကြီးထွားပြီး အမျှင်မပါဘဲ အသားကအိအိလေးဖြစ်ပြီး အချိုဓါတ်နည်းတာကြောင့် ဆီးချိုသမားများ စားသုံးရန် အတွက် သင့်တော်သော သရက်သီးဖြစ်ကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း ရောင်းချလျက်ရှိသည့် R2E2 သရက်သီးမှည့် ဈေးနှုန်းများမှာ R2E2 သရက်သီးမှည့် အကြီး တစ်လုံး လျှင်(၁၈၀၀/၂၀၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင်(၁၂၀၀/၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် သရက်ခြံပိုင်ရှင်ထံမှ သတင်းရရှိသည်။

ဇူလိုင်လပထမပတ်တွင် ရာသီစာ မန်ကျည်းသီးနုများ အရောင်းသွက်

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဇူလိုင်လ ပထမပတ်၌ ရာသီစာ မန်းကျည်းသီးနုများ လှိုင်လှိုင်ဝင်ရောက်လာကြောင်းသိရသည်။ မုံရွာမြို့ရှိ ဈေးများတွင် ဇူလိုင်လ ပထမပတ်၌ ရောင်းချနေသော မန်ကျည်းသီးနုဈေးနှုန်းများအနေဖြင့် ( ၁၀)ကျပ်သားလျှင် ( ၁၂၀၀) ကျပ်ဖြင့်လည်းကောင်း၊ ပိဿာလုံးဈေးလျှင် ( ၁၁၀၀၀)ကျပ်ဖြင့်လည်ကောင်း ရောင်းချလျက်ရှိပြီး ရာသီစာ ဖြစ်သည့်အတွက် ဝယ်ယူစားသုံးမှုများပြား၍ အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ ပထမပတ်အတွင်း ကောက်ရိုးမှိုနှင့်ငွေနှင်းမှို ဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရောင်းချနေသော မှိုဈေးနှုန်းများ အနေဖြင့် ငွေနှင်းမှို( ၁၀ )ကျပ်သားလျှင် ( ၁၂၀၀) ကျပ်နှင့် ( ၂၅ ) ကျပ်သားလျှင် ( ၂၉၀၀ ) ကျပ်ဖြင့် ရောင်းချနေကြောင်း၊ ကောက်ရိုးမှို ( ၁၀) ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ ( ၂၅) ကျပ်သားလျှင် (၂၈၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်း အသီးသီးဖြင့် ‌ရောင်းချလျက်ရှိပြီး အရောင်းသွက် နေကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

ကြောင်လျှာသီးနှင့် ရွှေဖရုံသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ဒေသထွက်ကြောင်လျှာသီးနှင့် ရွှေဖရုံသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

     ကြောင်လျှာသီးနှင့် ရွှေဖရုံသီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူ မြို့မဈေးတွင်ရောင်းချနေသည့် ရွှေဖရုံသီးဈေးနှုန်းများမှာ  ရွှေဖရုံသီးအလုံးကြီး (၁)လုံးလျှင် (၃၀၀၀)ကျပ်၊ ရွှေဖရုံသီးအလုံးသေး(၁)လုံးလျှင် (၂၀၀၀)ကျပ်၊ ရွှေဖရုံသီးစိတ်(၁)စိတ် လျှင်(၁၀၀၀)ကျပ်နှင့် ကြောင်လျှာသီးအကြီး(၁)တောင့်လျှင် (၁၀၀၀)ကျပ်၊ ကြောင်လျှာသီးအသေး (၁)တောင့်လျှင် (၇၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)

ဒေသထွက် မာလကာသီး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

     မာလကာပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်တဲ့အပင်ဖြစ်ပြီး မာလကာသီး သည်အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ်သည်။ မာလကာပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ပေါ်နှင့် နတ်အင်းကျေးရွာတွင် မာလကာပင်များကို မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြ ပြီးကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချလျက်ရှိပါသည်။မာလကာသီး၏တွင်းပိုင်းအသားသည် အဖြူရောင်(အူဖြူသီး)နှင့် ပန်းရင့်ရောင်(ဝါ)ကြက်သွေးပျော့ရောင် (အူနီသီး)စသည်ဖြင့်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော မာလကာသီးဈေး နှုန်းများမှာ မာလကာသီး အလုံးကြီးတစ်လုံးလျှင်(၁၀၀၀)ကျပ်၊ မာလကာသီးအလုံးလတ်(၁)လုံးလျှင်(၇၀၀)ကျပ်၊ မာလကာသီးအလုံးသေး(၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ မာလကာ သီး၏အသားမှာချို၍ ကြွပ်ဆတ်ကာ အရသာရှိသဖြင့် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သဖြင့် ဝယ်ယူစားသုံးသူများလာ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချများထံမှသိရ သည်။

DOCA (စစ်ကိုင်း)

ငှက်ပျောဖူးနှင့် ငှက်ပျောအူဈေးနှုန်း

   ငှက်ပျောပင်သည် မြန်မာနိုင်ငံအနှံ့အပြား၌ ပေါက်ရောက်ပြီး အရွက်မှ အပင်၊ နောက်ဆုံးစွန့် ပစ္စည်းဖြစ်သည်အထိ အသုံးဝင်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ ပေါ်နှင့် ဒေသအတွင်းကျေးရွာများတွင် မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်ပိုင် တစ်နိုင်စိုက်ပျိုးကြပြီး ငှက်ပျောဖူးနှင့် ငှက်ပျောအူများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်း ချကြကြောင်း၊ ငှက်ပျောဖူးများကို အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ ငှက်ပျောအူများ ကိုမုန့်ဟင်းခါးရောင်းချသည့်ဆိုင်များမှလည်း ဝယ်ယူကြကြောင်း၊၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ် အတွင်း ကန့်ဘလူမြို့မဈေးတွင် ငှက်ပျောဖူး (၁)ဖူးလျှင် (၁၀၀၀)ကျပ်နှင့် ငှက်ပျောအူ အကြီး(၁) တုံးလျှင် (၁၀၀၀)ကျပ်၊ ငှက်ပျောအူ အသေး(၁)တုံးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ကန်စွန်းရွက်နှင့်ချဉ်ပေါင်ရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက်များကို  နေအိမ်ခြံဝင်းများတွင်လည်း ကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိ ကြောင်းသိရသည်။  

    ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက်များများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာ များမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကန်စွန်းရွက်များကို အစည်းလေးများစည်း၍ ရောင်းချရာ (၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်၊ (၇)စည်းလျှင် (၁၀၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက်(၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့်ရောင်း ချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့၏ မုန်ညင်းထုပ်နှင့်ရွှေပဲသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊ခါကြက်ဥ၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ မုန်ညင်းထုပ်နှင့်ရွှေပဲသီးများကို  ကန့်ဘလူမြို့မဈေး တွင်ရောင်းချလျက်ရှိပါသည်။ မုန်ညင်းထုပ်နှင့်ရွှေပဲသီးများကို မန္တလေးမြို့မှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်းဖြစ်ပေါ်နေသော မုန်ညင်းထုပ်ဈေးနှုန်းမှာ မုန်ညင်းထုပ်(၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ မုန်ညင်းထုပ်(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ မုန်ညင်း ထုပ်(၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် ရွှေပဲသီး(၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ ရွှေပဲသီး (၅၀)ကျပ် သားလျှင်(၃၀၀၀)ကျပ်၊ ရွှေပဲသီး(၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း