
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဒေသအတွင်းမှထွက်ရှိသည့် သဘာဝမျှစ်များ၊ စိုက်မျှစ်များကို မျှစ်စိမ်းနှင့် မျှစ်ပြုတ်အဖြစ် ရောင်းချသလို မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်စိမ်းနှင့် မျှစ်ချဉ်ဈေးနှုန်းမှာ မျှစ်စိမ်းတစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀) ကျပ်နှင့် မျှစ်ပြုတ် တစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၃၀၀)ကျပ်နှင့် (၁၀)ကျပ် သားလျှင်(၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုလိုမိုးရာသီတွင် မျှစ်များလှိုင်လှိုင်ပေါ်နေသောကြောင့် နောက်နှစ်အတွက် မျှစ်ခြောက်လှန်းရန်အတွက် ဝယ်ယူကြသလို၊ မျှစ်ချဉ်ပြုလုပ်ရန်အတွက် ဝယ်ယူကြသည့်အတွက် မျှစ်စိမ်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မျှစ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)