Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မြန်မာ့သနပ်ခါးတုံးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေကြသည့် သနပ်ခါးပင်များ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာ့သနပ်ခါးသည် ကဗျာ၊ သီချင်းများ စပ်ဆိုရသည်အထိ ထင်ရှားပြီး၊ ရှေးယခင်ကပင် သနပ်ခါးကို နန်းတွင်းအလှကုန်အဖြစ် အသုံးပြုခဲ့ကြောင်း၊ မြန်မာ့ရိုးရာ အလှတရားတွင် သနပ်ခါးသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပြီး အမျိုးသမီးများသည် မျက်နှာတွင် သနပ်ခါးဖြင့် အလှဆင်လေ့ရှိကြောင်း သိရှိရပါသည်။

     မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ် ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါးသည် ကျန်းမာရေးနှင့် အလှအပတို့အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ပြီး၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသော သနပ်ခါးတုံးများသည် ကန့်ဘလူခရိုင်အတွင်းမှ ထွက်ရှိသလို၊ ရွှေဘိုမြို့ရှိ လက်လီ၊လက္ကား သနပ်ခါးတုံး အရောင်းဆိုင်များမှလည်း ဝယ်ယူရောင်းချကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း မြန်မာ့ရိုးရာသနပ်ခါး(၁)တုံးလျှင် (၄၀၀၀မှ ၆၀၀၀)ကျပ်၊ အသေး(၁)တုံးလျှင် (၂၀၀၀)ကျပ်နှင့် (၃) တုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အရွက်အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

       ၂၁.၇.၂၀၂၅ ရက်နေ့တွင် ရန်ကုန်သို့ ဖျာပုံမြို့နယ်မှ ရွှေမေတ္တာ(၁) သင်္ဘောဖြင့် ကြားပျံ(၁၄၂၉) အိတ်၊  ပေါ်ကျွဲ(၁၀၁၉) အိတ်၊ ပေါ်ဆန်း(၇၉၀) အိတ်၊ ဧည့်မထ(၁၉၃၅)အိတ်၊ ဆန်ကွဲ(၂၁၁၆) အိတ်၊ မြောင်းမြမြို့နယ်မှ ရွှေစန္ဒာလင်းသင်္ဘောဖြင့် ပေါ်ဆန်း(၅၀) အိတ်၊ ပေါ်ကျွဲ(၂၀၀) အိတ်၊ ဧည့်မထ(၂၇၂၄) အိတ်၊ ဆန်ကွဲ(၂၈၈) အိတ်၊ စစ်သူကြီးဧည့်မထ(၃၂၀၀) အိတ်၊ဆန်ကွဲ(၃၀၀) အိတ်၊ ဘိုကလေးမြို့နယ်မှ စိန်သလ္လာအောင်ရေယာဉ်ဖြင့်  ကြားပျံ(၁၄၉၁) အိတ်၊ ပေါ်ဆန်း(၇၇၉) အိတ်၊ ဧည့်မထ (၃၀၁) အိတ်၊ဆန်ကွဲ (၆၉၉) အိတ်၊ အောင်သီရိသင်္ဘောဖြင့်  ကြားပျံ(၃၅၀) အိတ်၊ပေါ်ဆန်း (၁၂၀၀) အိတ်၊ ပေါ်ကျွဲ (၃၀၀) အိတ်၊ ဧည့်မထ(၈၀၀) အိတ်၊ ဆန်ကွဲ (၃၅၀) အိတ်၊ မော်ကျွန်းမြို့နယ်မှ သီရိဧရာသင်္ဘောဖြင့် ကြားပျံ(၂၇၅) အိတ်၊ ပေါ်ဆန်း(၂၁၂၅) အိတ်၊  ပေါ်ကျွဲ(၄၁၈) အိတ်၊ ဧည့်မထ(၃၀၆၄) အိတ်၊ ဆန်ကွဲ (၈၃၀) အိတ် နှင့် ကော့မှူးမှ ကားဖြင့် ကြားပျံ(၁၃၀၀) အိတ်၊ ပေါ်ဆန်း(၈၅၀) အိတ်၊ ဧည့်မထ(၃၁၀၀) အိတ်၊ ဆန်ကွဲ(၂၀၀) အိတ်တို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          ၂၁.၇.၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့သို့  သင်္ဘောကားများဖြင့် ဆန်ဝင်ရောက်မှုမှာ ယခင်နေ့ များထက် ပိုမိုဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

            ၂၂.၇.၂၀၂၅ ရက်နေ့ ဖျာပုံမြို့နယ်မှ နန်းဧရာရေယာဉ်ဖြင့်  ကြားပျံ(၁၁၄၄) အိတ်၊ ဧည့်မထ (၁၁၀၃)အိတ်နှင့် ဆန်ကွဲ(၁၇၀၀) အိတ်၊ ဘိုကလေးမြို့နယ်မှ ကြံတိုင်းအောင်ရေယာဉ်ဖြင့် ကြားပျံ (၅၄၉) အိတ်၊ ပေါ်ဆန်း(၂၈၅) အိတ်၊  ပေါ်ကျွဲ (၂၄၆) အိတ်၊ ဧည့်မထ (၂၅၆၀) အိတ်၊ဆန်ကွဲ (၃၈၆) အိတ်၊ လပ္ပတ္တာမြို့နယ်မှ ထိန်လင်းရတနာသင်္ဘောဖြင့် ကြားပျံ(၂၉၇၃) အိတ်၊ ပေါ်ဆန်း(၁၅၅၀) အိတ်၊ ပေါ်ကျွဲ (၃၈၂)  အိတ်၊ ဧည့်မထ (၁၁၉၇) အိတ်၊ ဆန်ကွဲ(၉၈၂) အိတ်၊  မော်ကျွန်း မှ ဝင်းစိန်(၁) သင်္ဘောဖြင့် ပေါ်ဆန်း (၃၃၀) အိတ်၊ ပေါ်ကျွဲ (၂၀၀) အိတ်၊ ဧည့်မထ(၁၈၅၀) အိတ်၊ ဆန်ကွဲ (၃၈၃) အိတ်၊ ကျိုက်လတ်မှ ပြည့်စုံသာလွန်ရေယာဉ်ဖြင့် ဧည့်မထ(၃၀၀၀) အိတ်၊ ဆန်ကွဲ(၄၀၀) အိတ်၊ ဒေးဒရဲမှကားဖြင့် ကြားပျံ(၉၄၉) အိတ်၊ ဧည့်မထ (၃၈၀) အိတ်၊ ဆန်ကွဲ(၂၇၁) အိတ်၊ ကော့မှူးမြို့နယ်မှ ကားဖြင့် ပေါ်ဆန်း(၉၀၀) အိတ်၊ ပေါ်ကျွဲ(၈၅၀) အိတ်၊ ဧည့်မထအိတ် (၂၀၀၀)အိတ်နှင့် ဆန်ကွဲအိတ်ရေ(၂၀၀)  တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

           ၂၂.၇.၂၀၂၅ ရက်နေ့ ဆန်ဝင်ရောက်မှုမှာ ယခင်ရက်ထက်အနည်းငယ်လျော့နည်းကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

            ၂၂.၇.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၅၂၀၀ မှ အများဆုံး ကျပ် ၅၆၀၀၊ ညောင်ဦးဆေးရှယ် (ထန်းရော)  အနိမ့်ဆုံးဈေး ကျပ်  ၅၀၀၀၊  အများဆုံး ကျပ် ၆၈၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၃၀၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၆၈၀၀ မှ အများဆုံး ကျပ် ၇၀၀၀ ၊ ကြံသကာ (ရှမ်း) ကျပ် ၃၅၀၀၊ ကြံသကာ (သကြားရော) ကျပ် ၅၂၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၆၀၀၀ မှ ကျပ် ၆၂၀၀ မန်းကျည်းသီး အသား(သစ်) အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀ မှ ကျပ် ၉၅၀၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၅၅၀ မှ ကျပ် ၄၇၀၀ တို့ အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

          ၂၂.၇.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သောရေထွက်ကုန် ပစ္စည်းများ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၂၈၀၀၀၀ ၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၅၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၂၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၉၅၀၀၀ ၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၁၅၀၀၀၀ ၊မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၀ ၊ ငါးကျီးကြပ်တိုက် သေး  ကျပ် ၇၀၀၀၀ ၊ ငါးမြွေထိုး ကျပ် ၄၀၀၀၀ ၊ ငါးရံ့ခြောက်ကြီး ကျပ် ၈၅၀၀၀ ၊ ငါးရံ့ခြောက် လတ်ကျပ် ၆၅၀၀၀ ၊ ငါးရံလုံးရှယ် ကျပ် ၆၅၀၀၀ ၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀ ၊ ငါးကွမ်းရှပ်ကြီး ကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ် ၂၀၀၀၀၊ ငါးတံခွန်လုံးကြီး ကျပ် ၆၀၀၀၊ ငါးနှပ်ခြောက်ကြီး(ရှယ်) ကျပ် ၂၃၀၀၀ ၊ ငါးရွှေသေး ကျပ် ၁၀၀၀၀ ၊ ငါးမီးတံသွယ် ကျပ် ၇၀၀  ဈေး တို့အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့မဈေး၌ ရောင်းချလျက်ရှိသော ဝက်သားနှင့်အမဲသားဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း  ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ဝက်သားဈေးနှုန်းများမှာ အသားသန့်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း  အမဲသား(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း အသားဈေးနှုန်းများ တည်ငြိမ်လျက်ရှိ ကြောင်း၊ ဝက်သားနှင့် အမဲသားများကို အိမ်ရှင်မများက ဝယ်ယူကြသလို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များက ဝယ်ယူလျှက်ရှိကြောင်း၊ အသားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသော မုန်ညှင်းရွက်နှင့် မုန်ညှင်းချဉ်ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန်ညှင်းချဉ် (၁)ပုဂံလျှင် (၃၀၀)ကျပ်၊ (၂)ပုဂံလျှင် (၅၀၀)ကျပ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း မုန်ညှင်းရွက်တစ်စီးလျှင် (၃၀၀)ကျပ်၊ မုန်ညှင်းရွက်(၂)စီးလျှင် (၅၀၀)ကျပ်နှင့် မုန်ညှင်းရွက်(၄)စီးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ မုန်ညှင်းရွက်ကို အိမ်ရှင်မများ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များစသည့်တို့မှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ မုန်ညှင်းရွက်ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်လျက်ရှိသော မန်ကျည်းသီးမှည့် ဈေးနှုန်းမြင့်တက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်တွင် မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြသလို မြို့နယ်အတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းမှည့်ဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ အဖျော်ရည်ဆိုင်များကလည်း အသုံးပြုကြောင်း သိရပြီး ဇူလိုင်လ စတုတ္ထပတ်အတွင်း  အစေ့လွတ်မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ၊(၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်နှင့် အစေ့ပါမန်ကျည်းသီးမှည့် (၁)ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ ယခုပတ်အတွင်း မန်ကျည်းသီးမှည့်ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော မင်းကွတ်သီးနှင့်ကြက်မောက်သီးဈေးနှုန်း

        မင်းကွတ်သီးသည် အရည်ရွှမ်းပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် အနံ့အရသာ ရှိကြောင်း၊ အခွံအညိုရောင်ရှိပြီး နွှာလိုက်လျှင် အထဲမှာ အဖြူရောင်အမြွှာလေးဖြစ်ကြောင်း၊ မင်းကွတ်သီးသည် ချိုချိုချဉ်ချဉ် အရသာရှိသောကြောင့် အအီပြေစေတဲ့အသီးအဖြစ် လူတော်တော် များများက စားကြကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသည့် မင်းကွတ်သီးများကို မော်လ မြိုင်မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် မင်းကွတ်သီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ (၁၁)လုံးလျှင် (၅၀၀၀)ကျပ်နှင့် အလုံးသေးလျှင်(၄၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကြက်မောက်သီးသေး(၁)လုံးလျှင် (၂၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၄၅၀)ကျပ်နှင့် (၁၀)လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မင်းကွတ်သီး စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုသည့်အတွက် အကျိုးကျေးဇူး များစွာရရှိစေသော ရာသီပေါ်အသီးအနှံတစ်မျိုးဖြစ်ကြောင်း၊ ယခုပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ ဈေးငြိမ်ကာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

                                                         

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် နဂါးမောက်သီး စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများကို စိုက်ပျိုးကြသကဲ့သို့ ဥယျာဉ်ခြံထွက်သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုးများမှာ အပြင်အခွံအနီရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့်အတွင်းသား အနီရောင်ရှိသောမျိုး၊ အပြင်ခွံအဝါ ရောင်နှင့်အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ဖြစ်ကြသည်။

     ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေးရွာနှင့် အခြားကျေးရွာများတွင် နဂါးမောက်သီးများကို မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ ယခုအချိန်သည် နဂါးမောက်သီးများ ခူးဆွတ်ရာသီဖြစ်သောကြောင့် ဈေးကွက်အတွင်းရောင်းချနေကြောင်း၊ နဂါးမောက်သီးသည် မေလမှ အောက်တိုလာလအထိ ၇-၈ကြိမ်ခန့်ခူးဆွတ်ရပြီး တစ်နှစ်လျှင် ၅-၆ လခန့် ဝင်ငွေရရှိနိုင်သော စီးပွားရေးတွက်ခြေကိုက်သည့် ဥယျာဉ်ခြံထွက် သီးနှံတစ်ခုဖြစ်ကြောင်း၊  ဇူလိုင်လ စတုတ္ထပတ် အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရောင်းချနေသော နဂါးမောက်သီး ဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် (၅၀၀မှ ၁၀၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း