
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ စမ်းချောင်းကုန်စိမ်းဈေးကွက်သို့ ၂၀၂၅ခုနှစ် ဇူလိုင်လပထမပတ်တွင် ပန်းဂေါ်ဖီများဝင်ရောက်မှုနည်းပါးသောကြောင့် ဈေးများအနည်းငယ်မြှင့် တက်နေကြောင်းသိရှိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့် ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ ဝင်ရောက်လျက်ရှိပြီး အရောင်းသွက်သည့် ကုန်စိမ်းအမယ်များဖြစ် ကာ ပန်းဂေါ်ဖီစိမ်းများမှာ နူးညံ့မှုပိုသည့်အတွက် ဈေးပိုရကြောင်း သိရှိရပါသည်။
မြိတ်မြို့ကုန်စိမ်းဈေးကြီးအတွင်း ၂၀၂၅ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်များတွင် ပန်းဂေါ်ဖီ စိမ်းများမှာ အရွယ်အစားအလိုက် ဈေးအနည်းငယ်ကာခြားမှုများရှိပြီး တစ်ပွင့်လျှင် (၄၀၀၀)ကျပ် မှ (၅၀၀၀)ကျပ်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)