Main menu

မြန်မာရိုးရာအစားအစာမုန့်လက်ကောက်ကွင်း

Powered by Drupal

         မြန်မာလူမျိုးတို့သည် မြန်မာရိုးရာအစားအစာများကို အများဆုံးနှစ်သက်ကြပါသည်။ရိုးရာ အစားအစာဖြစ်သောမုန့်လက်ကောက်ကွင်း ရောင်းချနေသူတစ်ဦးထံမှလေ့လာသိရှိမှုအရ မုန့်လက် ကောက်ကွင်းပြုလုပ်မည်ဆိုလျှင် ထန်လျက်(၅၀)ကျပ်သား၊ ကောက်ညှင်းဆန်(၅)လုံးခွဲ၊ ဘိုကိတ်ပဲ နို့ဆီဘူးတဝက်၊ဆီ(၅၀) ကျပ်သားအပွမှုန့်၊ဆော်တာအနည်းငယ်တို့ ပါဝင်ပါသည့် အချိုးအတိုင်း မုန့်လက်ကောက်ကွင်းပြုလုပ်ရပါသည်။မုန့်လက်ကောက်ကွင်း ပြုလုပ်ပုံအဆင့်ဆင့်မှာ ကောက် ညှင်းဆန်နှင့်ဘိုကိတ်ပဲတို့ကို ရေစိမ်ပြီးမုန့်ကြိတ်စက်နှင့်ကြိတ်ပြီး ပိတ်ပါးနှင့်စစ်ထားရပါသည်။ ရလာသောမုန့်နှစ်များကို ဆော်တာအနည်းငယ်၊ အပွမုန့်တို့ကိုရောနှောပြီး နှဲ့ရပါသည်။ပြီးလျှင် ရောင်းတန်ဝင် မုန့်လက်ကောက်ကွင်းများကို ကွင်းထားရပါသည်။ထန်းလျက်ကိုကျိုပြီး အအေးခံ ထားရပါသည်။ကွင်းထားသော မုန့်လက်ကောက်ကွင်းများကို ဒယ်အိုးထဲသို့ဆီထည့်ပြီး ကြော်ရပါ သည်။ကြော်၍ရလာသော မုန့်လက်ကောက်ကွင်းများကို အအေးခံထားသော ထန်းလျက်ရည်ထဲသို့ ထည့်ပြီးရောင်းချရပါသည်။ရောင်းချသောဈေးနှုန်းများမှာ တစ်ကွင်းလျှင် ၃၅၀ ကျပ်၊သုံးကွင်းဝယ် ယူလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။၎င်းအချိုးအတိုင်း မုန့်လက်ကောက်ကွင်းပြုလုပ်မည်ဆို ပါက အကွင်းရေပေါင်း (၅၅)ကွင်းခန့်ရရှိပါသည်။ပြုလုပ်ရန်ကုန်ကျစရိတ်မှာ ထန်းလျက်(၅၀) ကျပ်သား ၃၅၀၀ ကျပ်၊ကောက်ညှင်းဆန်(၅) လုံးခွဲ ၄၀၀၀ ကျပ်၊ဘိုကိတ်ပဲနို့ဆီဘူးတဝက် ၅၀၀ ကျပ်၊ဆီ(၅၀) ကျပ်သား ၆၀၀၀ ကျပ်၊စုစုပေါင်းကုန်ကျစရိတ်မှာ ၁၄၀၀၀ ကျပ် ကုန်ကျပါသည်။ ရောင်းရငွေစုစုပေါင်းမှာ ၂၀၀၀၀ ကျပ်ခန့် ရရှိသဖြင့် အမြတ်ငွေ ၆၀၀၀ ကျပ်ခန့်ရရှိပြီး နေ့တစ်ဝက်အတွင်း ရောင်းချပြီးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)