Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်ခရိုင် ဆန်/ဆန်ကွဲဈေးနှုန်း

           မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး၊ စပါးစိုက်ဧက ၁၄၁၁၉၂ ဧကရှိသည်။ မအူပင်မြို့နယ်တွင် ဧည့်မထဆန်များမှာ ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် တင်ပို့လျက်ရှိကြောင်း မအူပင်မြို့နယ်ရှိ ဆန်စက်ပိုင်ရှင်များထံမှ သိရပါသည်။ မအူပင်မြို့နယ်၏ စပါးဈေးကွက်မှာ မိုးစပါး ပေါ်ဆန်း ၅၀ပေါင် ကွင်းဈေး ၂၆၈၀၀ကျပ်၊ ဆန်(၁၀၈)ပေါင် ဈေးမှာ ၁၁၅၀၀၀ကျပ်၊ မိုးဆင်းသုခ (၅၀)ပေါင် စက်အရောက်စပါးဈေး ၁၆၀၀၀၊ ဆန်(၁၀၈)ပေါင် ထိပ်စ ၆၈၀၀၀ကျပ်၊ ဖွဲနုဈေး ၂၂၀၀၀ကျပ်၊ နွေ GW-11 (၅၀)ပေါင် စက်အရောက်ဈေး ၁၃၀၀၀ ကျပ်၊ ဆန်(၁၀၈)ပေါင်ဈေး ၆၁၀၀၀ကျပ်၊ ဆန်ကွဲ ၄၇၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်ဇွန်လ ဈေးဖြင့် နှိုင်းယှဉ်ပါက ဆန်ဈေး ၂၀၀၀ကျပ်၊ ဆန်ကွဲဈေး ၁၀၀၀ကျပ် ကျဆင်းလာကြောင်းဈေးကွက်အတွင်းမှ  သိရှိရပါသည်။

 DOCA(ဧရာဝတီ)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ မြှားကမ္ဘာ (50)kgတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ အာမို၊ ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေ ဩဇာ(50)kg တစ်အိတ်လျှင်(၁၆၅၀၀၀)ကျပ်၊ ရွှေနဂါး ပုလဲသာ(50)kg တစ်အိတ်လျှင် (၁၁၀၀၀၀) ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီ တစ်ဘူးလျှင် (၁၅၀၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီတစ်ဘူးလျှင်(၄၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့နယ်ပဲဈေးကွက်တွင် ထောပတ်ပဲသီးနှံဈေးနှုန်းမြင့်တက်

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများတွင် စိုက်ပျိုးကြပြီး ထောပတ်ပဲ(ဆောင်း)သီးနှံကို ယခုအချိန်တွင် ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၃၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၂၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲသီးနှံ(၁)တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ကန့်ဘလူခရိုင်အတွင်းမှ စားသုံး၍ပိုလျှံသည့် ထောပတ်ပဲသီးနှံကို  မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော စွန်တာနီ(ပဲနီ)ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာ နှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး ဆောင်းသီးနှံ စွန်တာနီ(ပဲနီ)(၁၃၉၃)ဧက စိုက်ပျိုးရိတ် သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

     ၂၀၂၅ ခုနှစ် ဇူလိုင်လ စတုတ္ထပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၉၉၅၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၉၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စွန်တာနီ(ပဲနီ)(၁)တင်းလျှင် (၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူမြို့ပဲဈေးကွက်၌ ကုလားပဲဈေးနှုန်း အနည်းကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလားပဲ သီးနှံကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ဆောင်းကုလားပဲ(၆၉၁၉)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ်(၁)တင်း လျှင် (၇၃၅၀၀)ကျပ်၊ ကုလားပဲ(929)(၁)တင်းလျှင်(၇၇၀၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင် (၈၀၅၀၀)ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင် (၈၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်း လျှင်(၃၅၀၀)ကျပ်၊ (929)(၁)တင်းလျှင် (၄၀၀၀)ကျပ်၊ (V2)(၁)တင်းလျှင် (၂၅၀၀)ကျပ်နှင့် (V7)(၁) တင်းလျှင် (၃၅၀၀)ကျပ် ကျဆင်းသွားကြောင်း၊ ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ကြက်ဆူစေ့သီးနှံဈေးနှုန်း အနည်းငယ်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ ကြက်ဆူစေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်း ကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြောင်း၊ ကြက်ဆူစေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှဝင် ရောက်လျက်ရှိပြီး ကြက်ဆူစေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများ အနေဖြင့် အပိုဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း  ကြက်ဆူစေ့တစ်တင်းလျှင် (၄၇၀၀၀)ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်း များနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ဆူစေ့(၁)တင်းလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်း သွားကြောင်း၊ ကြက်ဆူစေ့များကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်တွင် ရောင်းအားသွက်နေသည့် ရာသီစာ မျှစ်ပေါင်း

    မျှစ်ပေါင်း ပြုလုပ်မည်ဆိုပါက မျှစ်စိမ်းများကို အရင်းဖယ်၍ အခေါင်းထွင်းကာ အရင်ပြုတ်ပစ်ရပြီးနောက် ဆား၊ ဆန်မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပုဇွန်ခြောက်နှင့် ငါးပိ၊ ငရုတ်ကြမ်းမှုန့်များများကို သင့်တင့်ရုံမျှထည့်ပြီး ပေါင်းကြရပါသည်။ မျှစ်ပေါင်းများ ရောင်းချရာတွင်လည်း မျှစ်ဖူးပေါင်းနှင့် မျှစ်စိတ်ပေါင်းဟူ၍ ( ၂ ) မျိုးခွဲခြားကာ ရောင်းချလျက် ရှိပါသည်။

    မျှစ်ပေါင်းသည် ဇူလိုင်လမှ စတင်၍ အောက်တိုဘာလအထိ ရာသီစာ အစားအစာ တစ်မျိုးဖြစ်ပြီး၊ ဒေသထွက်အစားအစာအဖြစ် အမြတ်တနိုး ဝယ်ယူစားသောက်လျက်ရှိကြပြီး မျှစ်ဖူးပေါင်း ( ၁ ) ဖူးလျင် ( ၁၀၀၀ ) ကျပ်နှင့် မျှစ်စိတ်ပေါင်း ( ၁ ) ထုပ်လျင် ( ၁၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းချကာ မျှစ်ထွက်ပေါ်ချိန်ဖြစ်၍ ဒေသခံရောင်းချသူများ အနေဖြင့် ပုံမှန် ဝင်ငွေရရှိသော ရာသီစာ တစ်ခုဖြစ်ပါကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးမြို့နယ်၏ ဆီစျေးကွက်အခြေအနေ

   ကလေးဝမြို့နယ်တွင် ဆီထွက်သီးနှံများအနေဖြင့် ဒေသတွင်းထွက်ရှိသည့် မြေပဲနှင့် နေကြာတို့သာ ကြိတ်ခွဲနေရပြီး မြေပဲဆံနှင့် နေကြာဆံများ အရောင်းအဝယ်ဖြစ်ထွန်းကြပြီး မြေပဲဆံ ( ၁၆ ) ပြည် တစ်တင်းလျင် ( ၁၆၀၀၀၀ - ၁၈၀၀၀၀ ) ကျပ်၊ နေကြာဆံ ( ၁၆ ) ပြည်တစ်တင်းလျင် ( ၄၈၀၀၀ မှ ၅၀၀၀၀ ) ကျပ် ခန့်ရှိပြီး ဆီထွက်သီးနှံများ အနေဖြင့် အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။

      စားသုံးဆီဈေးကွက်အနေဖြင့် မြေပဲဆီ ( ၁၀ ) ပိဿာဝင် တစ်ပုံးလျှင် ( ၂၁၀၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁၀ ) ပိဿာဝင် တစ်ပုံးလျှင် ( ၁၉၀၀၀၀ ) ကျပ်ဖြင့် ရောင်းချနေပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းသာ ရောင်းချလျက်ရှိပါကြောင်း ဆီကုန်သည်တစ်ဦး၏ ပြောပြချက် အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်မြို့တွင် ရောင်းချနေသော ကီလိုမာလကာသီးဈေးကွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ၊ ဦးသိန်းဝင်း၏ ဥယျာဉ်ခြံနှင့် အိမ်ခြံဝန်းထဲတွင် ကီလိုမာလကာ သီးများကို မိသားစု တစ်ပိုင်တစ်နိုင်သော် လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း၊စိုက်ပျိုးကြပါသည်။ ပျိုးပင်များကို ကိုယ်တိုင် ပျိုး၊ ကိုယ်တိုင် ကိုင်းကူး၍ စိုက်ပျိုးပြီး (၃-၄)လအကြာတွင် အသီးများခူးစွတ်၍ ရောင်းချနိုင်ကြောင်း သိရပါသည်။ ဈေးနှုန်းများ အနေဖြင့် အကြီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြစ်ပြီး အကြီး အသေး ပေါ်မူတည်ပြီး ရောင်းချရကြောင်းသိရပါသည်။ ဈေးကွက်အနေဖြင့် ပြည် မြို့ပေါ်ဈေးများ၊ အသီးဆိုင် များနှင့် ကျောင်းဈေးများတွင် ရောင်းချကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၊ မြို့သစ်ဈေးတွင် ရောင်းချနေသော မုန်လာဥဖြူ ဈေးကွက်စျေးနှုန်းအခြေအနေ

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့သစ်ဈေးနှင့် ပြည်မြို့ပေါ်ရှိ ဈေးများတွင် ပုတီးကုန်းဒေသမှထွက်ရှိသော မုန်လာဥဖြူများကို နေ့စဉ် မီးရထားဖြင့် သယ်ယူပြီး ရောင်းဝယ် ကြကြောင်း မြို့သစ်ဈေးသယ်များထံမှ သိရှိရပါသည်။

  မုန်လာဥဖြူကို အမျိုးမျိုးလုပ်စားကြသည်။ တို့စရာအနေနဲ့ရော၊ ပြုတ်ပြီး ငါးပိရည်ဖြင့် စားတာ ရှိသလို အစိမ်းလိုက်အခွံခွါရေဆေးပြီး စားတာလည်းရှိကြပါသည်။ သုပ်စားတာ၊ အချဉ်ထည့်တာ၊ နေလှန်းအခြောက်ခံထားပြီး စားတာလည်းရှိပါတယ်။ အသားတစ်ခုခုနှင့်ရောပြီး ဟင်းချိုအဖြစ် ချက်ပြုတ်စားသောက်ကြသလို အတုံးသေးသေးလေးတွေလှီးပြီး ကြော်စားလို့လည်း ရပါတယ်။

ပြည်မြို့၊ မြို့သစ်ဈေးတွင် ရောင်းချနေသော မုန်လာဥဖြူများမှာ အသေးစည်းနှင့်အကြီးစည်း ဟူ၍ (၂)မျိုးရောင်းချကြပါသည်။ အလုံးအသေးတစ်စည်းလျှင် (၁၀)ပင်တစ်တွဲရှိပြီး အလုံးကြီး တစ်စည်းလျှင် (၅)ပင်တစ်တွဲရှိပါသည်။ အသေးစည်းတစ်စည်းလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချပြီး အကြီးတစ်စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း