Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

Orange လိမ္မော်သီးအကြောင်း

  Orangeလိမ္မော်သီး၏အရောင်သည် လိမ္မော်ရောင်ရင့်ရင့်နှင့် အနီဘက်သန်းသည့် အနေအထားတွင် ရှိပါသည်။ အရသာသည် ခံတွင်းရှင်းပြီး အချိုဓာတ်ပိုကဲ၍ အရည်အလွန်ရွှမ်းပါသည် ဗီတာမင်Cဓာတ်တိုးဆန့်ကျင်ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် အကျိုးပြုသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ လိမ္မော်သီး တစ်လုံးတွင် ကယ်လိုရီ ၈၀၊ ပိုတက်ဆီယမ် ၂၅၀ မီလီဂရမ်၊ ကာဟိုက်ဒရိတ် ၁၉ဂရမ် ပါဝင်သည်ဟုသိရှိရပါသည်။ ဗီတာမင်C များစွာပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါသည်။

          ယခုဇူလိုင်လတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ သစ်သီးဆိုင်များတွင် orangeလိမ္မော်ကို ၁ပိသာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းချပြီး onlineဈေးကွက်တွင် 1kg၁၀၀၀၀ကျပ်ဖြင့် ရောင်းချနေသည်ဟုသိရပါသည်။     Orangeလိမ္မော်သီးများကို ရှမ်းပြည်/တောင်ကြီးရှိ လိမ္မော်ခြံများနှင့် ကုန်သည်များဆီမှတဆင့်ကုန်သွယ်ဝယ်ယူ၍ ပြန်လည်ရောင်းချလျက်ရှိပါသည်။

( DOCA ဧရာဝတီ)

Hass ထောပတ်‌ဈေးကွက်

    ထောပတ်မျိုးစိတ်များစွာထဲမှာမှ Hassထောပတ်သီးသည် နိုင်ငံခြားကိုင်းဆက်သီးဖြစ်ပြီး ထောပတ်ဘုရင်ဆိုပြီး တင်စားလောက်အောင် အရသာမှာဆိမ့်ပြီး နူးညံ့အိစက်စားကောင်းပါသည်။အလုံးအ ရွယ်အစားမှာ ပုံမှန်ဒေသထောပတ်သီးထပ်သေးပါသည်။ အစေ့သေးပြီး အသားပြည့်ပါသည်။အ  မျှင်မပါပဲစားလို့ အဆင်ပြေကြ၍ ယခုဈေးကွက်ထဲတွင် ရောင်းအားကောင်းလျက်ရှိပါသည်။ကိုင်း ဆက်သီးမို့kgဖြင့် ရောင်းချလျက်ရှိပါသည်။ဈေးနူန်းသည်အရွယ်အစားပေါ်မူတည်ပြီး ဈေးအမျိုးမျိုး ရှိပါသည်။

    ယခုဧရာဝတီတိုင်းပုသိမ်မြို့ရှိဈေးထဲနှင့် သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ Babyhassဆိုသည့် အသေးလေးတွေကို 1kg ၄၀၀၀ကျပ်/ ၁၄လုံးဝန်ရပြီး Premium size 1kg ၇၀၀၀ကျပ် /၁၀လုံးဝန်ကျင်ရပါသည်။ Grade A size1kg ၁၀၀၀၀ကျပ်ထိ ရောင်းလျက်ရှိပါသည်/ ၆လုံးဝန်ကျင်ရပါသည်။ယခုအချိန်တွင် hassထောပတ်များကို onlineဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချလျက်ရှိနေပါသည်။1k တွင် အလေးချိန်ကျပ်သား ၆၀ကျပ်သားဝန်းကျင်ဖြစ်ပါသည်။  ထောပတ်သီးသည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပါသည်။hassထောပတ်များကို ရှမ်းပြည်နယ်ရှိ ထောပတ်ခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချသည်ဟု သိရပါသည်။

 

( DOCA ဧရာဝတီ)

 

 

ပုသိမ်မြို့သီဟိုစေ့ ဈေးကွက်

       ဧရာဝတီတိုင်းမှာ သီဟိုဠ်စေ့တွေကို ဧကသိန်းချီ စိုက်ပျိုးထုတ်လုပ်ကြပြီး မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ လပွတ္တာခရိုင်၊ ပုသိမ်ခရိုင်တွေထဲက ပင်လယ်ကမ်းစပ်ဒေသတွေမှာရှိတဲ့ ကျေးရွာတွေ က ဒေသခံတောင်သူတွေ အများဆုံး စိုက်ပျိုးကြပါတယ်။ သီဟိုဠ်ကို နွေကာလမှာ အဓိကထား လုပ်ကိုင်ကြပြီး စိုက်ပျိုးထုတ်လုပ်လို့ ဖြစ်ထွန်းအောင်မြင်တဲ့ သီးနှံဖြစ်ပါတယ်။ သီဟိုဠ်စေ့ကို ကလေး လူကြီးမရွေး ကြိုက်နှစ်သက်ကြပါတယ်။ သီဟိုဠ်စေ့မှာ အာဟာရဓါတ်ပြည့်ဝတဲ့အပြင် ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ပိုတက်စီယမ်နဲ့ ဇင့်အပါအဝင် သတ္တုဓာတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ ဗီလာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်အီး ၊ ဗီတာမင်ဘီ6 နှင့် အဟာရ များစွာပါဝင်တဲ့အပြင် သင့်တင်စွာစားသုံးလျှင် အကျိုးပြုကိုလက်စထရောတွေကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ကြောင်း သိရပါသည်။

      သီဟိုဠ်စေ့ဈေးမှာ တစ်ပိဿာလျှင် (၃၇၀၀၀/-၃၈၀၀၀/-)အထိ ရှိပြီး အစေ့အရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း သီဟိုဠ်စေ့ စိုက်ပျိုး ရောင်းချသူတစ်ဦးထံမှ သိရပါတယ်။  ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံကထွက်ရှိတဲ့ သီဟိုဠ်စေ့တွေကို အရင်က တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မလေးရှား၊ အာဖရိက၊ ဂျပန်နှင့် အိန္ဒိယစတဲ့ နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)

ကန်ကြီးထောင့်မြို့ရှိ ပဲတောင့်ရှည်ဈေးနှုန်း/ဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့်မြို့ပေါ်ရပ်ကွက်များ  တွင်စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ပုသိမ်မြို့၊ဘူတာဈေးတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

    ယခုအခါ ပုသိမ်မြို့ရှိ ဘူတာဈေးတွင် ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့် ရှည်သီး ငါးတောင့်ပါတစ်စီးလျှင် (၃၀၀) ကျပ်ရှိပြီး ဆယ်တောင့်ပါတစ်စီးလျှင်(၆၀၀)ကျပ်ရှိကြောင်း ရောင်းချသူများထံမှ သိရပါသည်။

(Doca ဧရာဝတီ)

ပုသိမ်မြို့ရှိ ကြက်ဥ/ဘဲဥဈေးနှုန်း

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်း ဇူလိုင်လစတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ဘူတာဈေးအတွင်း နေ့စဉ်လက်လီ ရောင်းဝယ်နေသော ကြက်ဥ/ဘဲဥအရောင်းဈေးနှုန်းများမှာ ကြက်ဥ (အကြီး) တစ်လုံးလျှင် (၅၀၀) ကျပ်၊ (အသေး) တစ်လုံးလျှင် (၄၅၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ဘဲဥဈေးနှုန်းများမှာ (အကြီး) တစ်လုံးလျှင် (၆၀၀) ကျပ်၊ (အသေး) တစ်လုံးလျှင် (၅၅၀) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပါသည်။

(Doca ဧရာဝတီ)

မိုးဦးကာလ ကန်ကြီးထောင့်မြို့ သံပုရာသီးဈေးနှုန်း

     သံပုရာသီးကိုနွေသီးနှင့် မိုးသီးဟူ၍ (၂)မျိုးရှိပြီးနွေရာသီတွင် သီးသောအသီးမှာအထွက်နည်း၍ တန်ဖိုးလည်းကြီးပါသည်။ယခုအချိန်ဖြစ်သော မိုးရာသီကာလတွင် သံပုရာသီများလှိုင်လှိုင် ထွက်ပေါ်လာချိန်ဖြစ်၍ တစ်ပင်လျှင် အလုံးရေ(၅၀၀)ခန့်အသီးနှုန်း အားကောင်းလာပါသည်။ထို့ကြောင့်သံပုရာသီးကို နွေသီးနှင့် မိုးသီးဈေးနှုန်းနှိုင်းယှဉ်လျှင် ဈေးကွာခြား ချက်များရှိ၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများအနေဖြင့်လည်း အပိုဝင်ငွေများ ရရှိလာမည်ဖြစ်ပါသည်။

     သံပုရာသီးဈေးမှာလည်း ကျဆင်းလာခဲ့၍ ရောင်းချသောဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင် (၁၀၀) ကျပ် နှင့်အသေးတစ်လုံးလျှင် (၅၀) ကျပ်ဖြင့် ဈေးကွက်များတွင် ရောင်းချလျက်ရှိပါသည်။ကန်ကြီးထောင့်မြို့၊မြို့မဈေးသစ်ဈေးကွက်တွင် ရောင်းချနေသောသံပုရာသီးများမှာလည်း ကန်ကြီးထောင့်ဒေသအတွင်း ထွက်ရှိသောသံပုရာသီးများဖြစ်ပြီး ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

(Doca ဧရာဝတီ)

မိုးဦးကာလ ကန်ကြီးထောင့်မြို့ ကန်စွန်းရွက်ဈေးနှုန်း

    ကန်စွန်းရွက်သည် လူငယ်လူရွယ်လူကြီးအားလုံးစားသုံးကြပြီး အဆိပ်အတောက်များကိုလည်းပြေပျောက်နိုင်စွမ်းရှိသော ဆေးဖက်ဝင်အပင်တစ်မျိုးလည်း ဖြစ်ပါသည်။ ကန်စွန်းရွက်ပင်သည် ရေကိုကြိုက်ပြီး ရေရရှိသော ကန်ချောင်းများတွင် သဘာဝအလျှောက်ပေါက်ရောက်ကြပြီး တစ်ချို့တွင် အစေ့ချစိုက်ပျိုးခြင်းများလည်းရှိပါသည်။ ယခု မိုးဦးကျကာလများ တွင် ကန်စွန်းရွက်ပင်များသည် ကောင်းစွာဖြစ်ထွန်းပေါက်ရောက်လျက် ရှိတတ်ကြသည်။

     အလေ့ကျပေါက်ပင်များနှင့် စိုက်ပျိုးပင်များအား စွတ်ခူးရောင်းချလျက်ရှိသော ကန်ကြီးထောင့်မြို့ ၊ မြို့မဈေးသစ် ကုန်စိမ်းတန်းတွင် ကန်စွန်းရွက်တစ်စီးလျှင် (၂၀၀) ကျပ်၊ ၃စီးလျှင် (၅၀၀) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိကြောင်းသိရပါသည်။

(Doca ဧရာဝတီ)

ကျွန်းလှမြို့တွင် ‌ရောင်းချနေသော သရက်သီးကုလားတည်ချဉ် နှင့် နှမ်းပတ်ချဉ် ဈေးနှုန်း

      ကျွန်းလှမြို့တွင် ရာသီအရွေး ရောင်းချရန်အတွက် လက်လုပ်ချဉ်မျိုးစုံဖြစ်သည့် သရက်ချဉ်၊ သံပုရာချဉ်၊ ပဲတီပင်ပေါက်ချဉ်၊ မုံညှင်းချဉ်၊ သရက်ချဉ်၊ နှမ်းပတ်ချဉ် နှင့် မုံလာချဉ်တို့ကို ကိုယ်တိုင်လုပ်ပြီး ရောင်းချလျက်ရှိရာ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော သရက်သီးကုလားတည်ချဉ် ဈေးနှုန်းမှာ သရက်သီး ကုလားတည်ချဉ် လက္ကား တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာကို(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်နှင့် နှမ်းပတ်ချဉ် လဖက်ရည်သောက်ပန်းကန် တစ်လုံး လျှင်(၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ သဖန်းဆိပ်ဆည်မှ ရေချို ပုဇွန်ဆိတ်နှင့် ပုဇွန်ခြောက် ဈေးနှုန်း

       ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ သဖန်းဆိပ်ဆည်မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ပုဇွန်ဆိတ်သည် ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ရရှိသည့် ရေချိုပုဇွန်ဆိတ်ဖြစ်ပြီး ပုဇွန်ဆိတ်ကို ဆကာဖြင့် အကောင်အကြီး /အသေး ခွဲခြားပြီး အကောင်အကြီး အသေး ပေါ်မူတည်၍ ဈေးများလဲကွာခြားသွားပါသည်။

     ၂၀၂၅ ခုနှစ် ၊  ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ပုဇွန်ဆိတ် ဈေးနှုန်းအနေဖြင့်  ပုဇွန်ဆိတ် ဆကာတင် အကောင်ကြီး လက်လီဈေး တစ်ပိဿာ(၂၃၀၀၀)ကျပ်နှင့် အလတ်စ လက်လီဈေး(၁၈၀၀၀)ကျပ်နှင့် အကောင်သေး လက်လီ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့်လည်းကောင်း၊ ပုဇွန်ခြောက် ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက် အကြီး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ ပုဇွန်ခြောက် အကြီး နို့ဆီ(၁)ဘူးလျှင်(၇၀၀၀) ကျပ်၊ ပုဇွန်ခြောက် အလတ် တစ်ပြည်လျှင်(၄၀၀၀၀)ကျပ်၊  အလတ် နို့ဆီ(၁)ဘူးလျှင် (၅၀၀၀)ကျပ် နှင့် ပုဇွန်ခြောက်  အသေး တစ်ပြည်လျှင်(၂၈၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်းနှင့် ကျွန်းလှမြို့ သဖန်းဆိပ်ဆည်မှ ထွက်ရှိသည့် ရေချိုပုဇွန်ဆိတ်နှင့် ပုဇွန်ခြောက်သည် အကောင်သေးပြီး အရမ်းချိုကာ အသားကျစ်လစ်သည့်အတွက် လူကြိုက်များပြီး  အရောင်းသွက်ကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် မွေးမြူ ရောင်းချနေသော ဝက်ကောင်ပေါက် ဈေးနှုန်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက် လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်ကြရာမှ ဝက်မွေးမြူရေးလုပ်ငန်းကိုပါလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

       ယခုလို ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာတွင် အသားတိုးဝက်နှင့် သားကျဝက်ဟု နှစ်မျိူးမွေးမြူကြပါသည်။ ဝက်သားကျ မွေးမြူသူများမှ သားဖောက်ရောင်းသော သားပေါက်ဝက် ကလေးများကို အသားတိုးဝက်မွေးမြူရန်အတွက် ဝက်ပေါက်ကလေး တစ်လခွဲသားများကို ဝယ်ယူပြီး မွေးမြူရကြောင်း၊ ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဝက်အကောင်ပေါက် ဈေးနှုန်းများမှာ အကောင်အကြီးအသေး နှင့် မျိုးကောင်း မကောင်း အပေါ်မူတည်၍ ဝက်ကောင်ပေါက် တစ်ကောင်လျှင် (၃၅၀၀၀၀ မှ ၄၀၀၀၀၀)ဈေးအထိ ဈေးနှုန်းအစားစားဖြင့် ရောင်းချလျက်ရှိပြီး ဈေးကောင်းရရှိသည့်အတွက် ဝက်သားကျဖောက်ရောင်းသူများအနေဖြင့် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း