
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဆိုင်များတွင် စပျစ်သီး ၊လိမ္မော်သီး၊ နာနတ်သီး၊ သခွားမွှေးသီးများ ရောင်းချလျက်ရှိရာ စပျစ်သီးနှင့် လိမ္မော်သီးတို့သည် ရောင်းအားသွက်သည့် အသီးတစ်မျိုးဖြစ်ကြောင်း၊ အရည်ရွမ်းသော အသီးဖြစ်သောကြောင့် ကျန်းမာ ရေးအတွက် များစွာအထောက်အကူပြုပေးကြောင်း၊ စပျစ်သီးနှင့် လိမ္မော်သီးတို့ကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဆိုင်များတွင် စပျစ်သီး တရုတ်မျိုး(၁)ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ စပျစ်သီး ဗမာမျိုး(၁) ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း လိမ္မော်သီး(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ လိမ္မော်သီး(၁)ပိဿာ လျှင် (၁၉၀၀၀မှ ၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သစ်သီးများအဝင်နည်း၍ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)