Main menu

ပခုက္ကူမြို့ပေါ်တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ် သောကြောင့် အခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာ ဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ မြောင်းမြမြို့မှလည်းကောင်း၊ ရွှေဘိုခရိုင်မှလည်းကောင်း၊ ဆင်ဖြူ ကျွန်း၊ စလင်းဒေသမှလည်းကောင်း နေ့စဉ် ဝင်ရောက်လျက်ရှိပါသည်။

          ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်) အများစားသုံးဆန်မှာ ဧရာပဒေသာ၊ မနောသုခ၊ ဖန်သီးသုခ၊ ရက်(၉၀)ဆန်များဖြစ်ပြီး မြောင်းမြဧရာပဒေသာ(သစ်) တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀) မနောသုခ တစ်အိတ်လျှင် ကျပ်(၇၈၀၀၀) ရက်(၉၀)တစ်အိတ်လျှင် ကျပ်(၇၃၀၀၀) ဇီယာ တစ် အိတ်လျှင် ကျပ်(၉၀၀၀၀) ဖန်သီးသုခ တစ်အိတ်လျှင် ကျပ်(၈၅၀၀၀) သီးထပ် တစ်အိတ်လျှင် ကျပ်(၇၀၀၀၀) ဧည့်မထမျိုးစုံ တစ်အိတ်လျှင် ကျပ်(၇၂၀၀၀ - ၇၅၀၀၀) ရတနာတိုး တစ်အိတ်လျှင် ကျပ်(၇၀၀၀၀) ပန်းနှံကား တစ်အိတ်လျှင် ကျပ်(၉၀၀၀၀) ရိုးနီ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)  မနောဖြူ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀) ဧရာမင်း တစ်အိတ်လျှင် ကျပ်(၈၈၀၀၀) စလင်းမြို့နယ် ရှောက်တောဘက်မှလာသော ကုန်းဇောင်းဧရာပဒေသာ(ရှယ်)တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)  ဝန်ကြီးပဒေသာ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀) ဆန်လတ် တစ်အိတ်လျှင် ကျပ်(၅၇၀၀၀) ဆန်ကွဲ တစ်အိတ်လျှင် ကျပ်(၄၂၀၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်ကို တွေ့ရှိရ ပါသည်။

          ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက် သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘိုပေါ်ဆန်းမွှေး(အသစ်)များမှာ ယခု တစ်ပတ်မှ စတင်ဝင်ရောက်လျက်ရှိပြီး တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀) မြောင်းမြပေါ်ဆန်းမှာ လည်း တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)ရှိပြီး ထူးခြားစွာ တက်ခြင်း/ကျခြင်းမရှိဘဲ ဈေးနှုန်း တည်ငြိမ် လျက် ရှိကြောင်း သိရသည်။

          ဆန်စီးဝင်မှုအနေဖြင့် ဇန်နဝါရီ (ပထမပတ် မှ ယခုတတိယပတ်)ထိ ရေကြောင်း လမ်းမှ ဆန် မျိုးစုံ အိတ်(၂၈၀၀၀)ကျော်၊ စစ်ကိုင်း၊ ရွှေဘိုမှ ကုန်းကြောင်းလမ်းမှ အိတ်(၈၀၀၀)ကျော်၊ စလင်း ဆင်ဖြူကျွန်းဘက်မှ အိတ်(၁၂၀၀)ခန့် ဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)