Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲယင်း(အနီ)၊ပဲကြီးနှင့် အစေ့ထုတ်ပြောင်းတို့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၂၇.၈.၂၀၂၄)  ရက်နေ့တွင် မတ်ပဲ Row တစ်တင်းလျှင် ၁၂၅၂၀၀/- ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင်ကာလတူဈေးနှုန်း  ၁၀၈၆၀၀/- ကျပ် ဖြင့်နှိုင်းယှဉ်ပါက ၁၆၆၀၀/- ကျပ်မြင့်တက်လျက်ရှိပြီး နေ့စဉ်မတ်ပဲအိတ် ၁၅၀၀ မှ ၂၀၀၀ ကြား အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ (၂၇.၈.၂၀၂၄)ရက်နေ့တွင် ပဲယင်းအနီ တစ်တင်းလျှင် ၈၃၅၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ကာလတူဈေးနှုန်း ၇၀၀၀၀/- ကျပ် ဖြင့်နှိုင်းယှဉ်ပါက ၁၃၅၀၀/- ကျပ်၊ ပဲကြီးတစ်တင်းလျှင် ၈၁၀၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခင်လ ကာလတူ ဈေးနှုန်း ၇၃၅၀၀/-ကျပ်နှင့် နှိုင်းယှဉ်ပါက ၇၅၀၀/-ကျပ် အသီးသီးမြင့်တက် လျက်ရှိပါသည်။ ဟင်္သာတမတ်ပဲကို ရန်ကုန်မှ အဝယ်လိုက်လာပြီး သိုလှောင်သူ ကြိုက်ဈေးရလျက်ရှိသဖြင့် ဟင်္သာတမတ်ပဲများ နေ့စဉ် ဘုရင့်နောင်ဈေးကွက်သို့ တင်ပို့လျက်ရှိပါသည်။

       August လ ဒုတိယသီတင်းပတ်တွင် အစေ့ထုတ်ပြောင်းဈေးသည် ၃၆၅၀၀/- ကျပ်ထိ မြင့်တက်ခဲ့သဖြင့် အစေ့ထုတ်ပြောင်း သိုလှောင်သူကုန်သည်များ ဘုရင့်နောင်ဈေးကွက်သို့ တင်ပို့ရောင်းချကြ၍ ဟင်္သာတဈေးကွက်အတွင်း အစေ့ထုတ်ပြောင်းလက်ကျန် နည်းသွားကြောင်း သိရှိရပါသည်။ (၂၇.၈.၂၀၂၄)နေ့တွင် အစေ့ထုတ်ပြောင်း ပိဿာ ၂၀ တစ်တင်းလျှင် ၃၁၅၀၀/- ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်လ ကာလတူဈေးနှုန်း ၂၇၅၀၀/-ကျပ်နှင့် နှိုင်းယှဉ်ပါက ကျပ် ၄၀၀၀/- မြင့်တက်လျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုပဲတီစိမ်းဈေး အနည်းငယ်ကျ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

      ပဲတီစိမ်းမှာ မေလ၊ ပထမအပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဩဂုတ်လ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၇၅၆၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/ (၂၉)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၈၂၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲတီစိမ်းတစ်တင်းလျှင် (၆၄၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ ယခုအပတ်တွင် ပဲတီစိမ်းတစ်မျိုးတည်းသာဝင်ရောက်မှုရှိပြီး အခြားသီးနှံများဝင်ရောက်မှုမရှိကြောင်း၊ ပဲတီစိမ်းဈေးအနည်းငယ်ကျဆင်းသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကြက်ဟင်းခါးသီး (အလုံးသေး)များ ဈေးအနည်းငယ်ပြန်တက်

     နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးရာသီဟင်းသီး၊ ဟင်းရွက်မျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ထိုင်ဝမ်မျိုးကြက်ဟင်းခါးသီး (အလုံးသေး)များကိုလည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ဒေသအတွင်းရှိ မြို့နယ်များနှင့် ရန်ကုန်မြိုသို့ တင်ပို့ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။

       ကြက်ဟင်းခါးသီး (အလုံးသေး)များကို ဧပြီလနှင့် မေလတွင် စတင်စိုက်ပျိုးပြီး ဇွန်လတွင် စတင်ထွက်ရှိပါသည်။ စတင်ထွက်ရှိသည့် ဇွန်လတွင် ပေါ်ကာစ ကြက်ဟင်းခါးသီး(အလုံးသေး) တစ်ပိဿာလျှင်  (၂၀၀၀)ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ပြီး လှိုင်လှိုင်ထွက်ရှိချိန် ဇူလိုင်လအတွင်းတွင် ကြက်ဟင်းခါးသီး(အလုံးသေး) တစ်ပိဿာလျှင်  (၅၀၀)ကျပ်ပေါက်ဈေးသာ ရှိသဖြင့်ဈေးနှုန်း ကျဆင်းခဲ့ရာမှ ယခု ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်းတွင်  ကြက်ဟင်းခါးသီး(အလုံးသေး) တစ်ပိဿာ (၇၀၀)ကျပ်နှုန်းပေါက်သဖြင့် ဈေးနှုန်းအနည်းငယ်ပြန်တက်ကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)

မိုးရာသီ ကြောင်လျှာသီးဈေးကွက်

    ကြောင်လျှာပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်နိုင်ပြီး  အသီး၊ အပွင့်၊ အမြစ်၊ အခေါက်အားလုံးတို့ကို စားဖွယ်၊ သောက်ဖွယ်နှင့် ဆေးအဖြစ် အသုံးပြုကြပါသည်။ ကြောင်လျှာသီးသည် မိုးရာသီတွင် လှိုင်လှိုင်ပေါများပြီး ဇွန်လတွင် စတင်ထွက်ရှိပါသည်။ ကြောင်လျှာသီးသည် ဖန်၊ ချို၊ ခါးစသောအရသာရှိပြီး လူကြိုက်များသော အသီးအနှံတစ်မျိုးလည်း ဖြစ်ပါသည်။ ကြောင်လျှာပွင့်နှင့်အရွက်ကို ပြုတ်၍ဖြစ်စေ ရေနွေးဖျော၍ဖြစ်စေ သုပ်စားခြင်း၊ အတို့အမြုပ်လုပ်စားခြင်းများပြုလုပ်ကြပြီး ကြောင်လျှာသီးကို အစိမ်းသုပ်စားခြင်း၊ ချဉ်ဖက်ထည့်ခြင်း၊ ကြော်စားခြင်း၊ မီးဖုတ်စားသုံးခြင်းအပြင် အသား/ငါးဟင်းလျာများနှင့်လည်း ရောနှောချက်ပြုတ်ကာ စားသုံးကြကြောင်းသိရှိရပါသည်။

    နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ကြောင်လျှာသီးများ မြို့နယ်ဈေးကွက်အတွင်းသို့ ဇွန်လအတွင်း စတင်ဝင်ရောက်လာရာ ပေါ်ဦးပေါ်စအချိန်တွင် ကြောင်လျှာသီးတစ်တောင့်လျှင် အရွယ်အစားအပေါ်မူတည်၍ (၇၀၀-၈၀၀)ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ပြီး ယခုဩဂုတ်လနောက်ဆုံးအပတ် အသီးများလှိုင်လှိုင်ပေါများစွာထွက်ရှိချိန်တွင် ကြောင်လျှာသီးတစ်တောင့်လျှင် ခြံပေါက်ဈေး(လက်ကားစျေး) (၂၅၀-၃၅၀)ကျပ်နှင့် ဈေးကွက်အတွင်းတွင် လက်လီစျေးနှုန်းအနေဖြင့် (၄၀၀-၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အသွင်ပြောင်းလာသော ဖရုံသီးဈေးကွက်

     ဖရုံသီးကို စားသုံးသူအများစုက ရွှေဖရုံသီးဟု ခေါ်ဆိုကြပါသည်။ ရွှေဖရုံသီးကိုယနေ့ ကုန်စိမ်းဈေးကွက်ထဲတွင် အနည်းစုသာတွေ့ရပြီး ဈေးကွက်ထဲတွင် အများဆုံးနေရာယူလာပြီး အသွင်ပြောင်းလာသော ဖရုံသီးတစ်မျိုးကို အိုးဖရုံဟုခေါ်ဆိုကြောင်း သိရှိရပါသည်။

      အိုးဖရုံကို ကုန်စိမ်းဈေးကွက်ရှိသည့် သဲကုန်းမြို့နယ်အတွင်းရှိ ဝက်ပုတ်နှင့် ပုတီးကုန်းမြို့ရှိ ကျေးရွာများအုပ်စုများမှ  အများအပြားစိုက်ပျိုးထွက်ရှိပါသည်။ မိုးဦးကျ ကဆုန်၊ နယုန်လ လောက်တွင် စတင်ထွက်ရှိပြီး ပေါ်ကာစမှာ လက်လီဈေးတစ်လုံးလျှင် (၁၀၀၀)ကျပ်အထိ ဈေးကောင်းရရှိခဲ့ပြီး  ဩဂုတ်လစတုတ္တပတ်တွင် ဒိုင်ဝယ်ဈေး(လက်ကားဈေး)အိုးဖရုံသီးတစ်လုံး (၄၅၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ အိုးဖရုံသီး၏အားသာချက်မှာ ရွှေဖရုံသီးကဲ့သို့ ခွဲခြမ်းစိတ်ဖြာ၍ ရောင်းစရာမလိုဘဲ (၁)ခါချက်လျှင် အလုံးလိုက်စိတ်ကာ ချက်၍ရခြင်းကြောင့် ရောင်းရလွယ်ကူခြင်းဖြစ်ကြောင်းသိရှိရပါသည်။ သူ၏အသွင်သဏ္ဍာန်မှာလည်း အိုးဖရုံဟုခေါ်ရလောက်အောင် အိုးတစ်လုံး နှင့်အလားသဏ္ဍာန်တူလှပါသည်။

        သဲကုန်းမြို့နယ်ဝက်ပုတ်မြို့တွင် ကုန်စိမ်းဒိုင်(၁၀)ဒိုင်ခန့်ရှိ၍ (၁)ဒိုင်လျှင် တစ်နေ့အလုံးရေ (၂၀၀၀)ခန့် တင်ပို့ရောင်းချနိုင်၍ တင်ပို့ရာဒေသများမှာ နယ်စုံဖြစ်၍ အများအားဖြင့် ရန်ကုန်၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်မြို့များအထိ တင်ပို့ရောင်းချကြကြောင်းကို ဝက်ပုတ်မြို့ရှိ ကုန်စိမ်း လုပ်ငန်းရှင်တစ်ဦးထံမှသိရရှိပါသည်။

DOCA(ပဲခူး)

အိမ်တွင်း တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြင့် ဝင်ငွေတိုးပွားရရှိ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ဝက်သည်းကန်အတွင်း သဘာဝအလျှောက်ပေါက်ရောက်နေ့သည့် ပဒုမ္မာကြာတောကြီးမှာ ဧက(၃၅၀)ခန့် ကျယ်ဝန်းပြီး ကန်ပတ်လည်ကျေးရွာများဖြစ်သည့် ရှမ်းရွာကုန်ကျေးရွာ၊ အနောက်ကန်ဘောင်ကျေးရွာ၊ အောက်လှိုင်းကျေးရွာ၊ တမာချောင်းကျေးရွာ၊ ဆင်ကျုံးကျေးရွာနှင့် နယ်နမိတ်ထိစပ်လျက်ရှိသည့် ဒေသခံပြည်သူများ ကြာချည်အိမ်တွင်းထုတ်လုပ်သည့် လုပ်ငန်းဖြင့် ဝင်ငွေရရှိနေကြောင်း သိရှိရပါသည်။

     ကြာရှည် ထုတ်လုပ်နိုင်ရန်အတွက် ကန်အတွင်းပေါက်ရောက်နေသည့် (၄)ပေအရှည် ပဒုမ္မာကြာရိုးများကို လှေပေါ်မှ တံစဉ်ဖြင့် ချိတ်ယူခူးပြီး (၃)လက်မခန့်အပိုင်းများပိုင်းကာ ကြာရိုးမှ ထွက်ရှိလာသော အစေးများကို သစ်သားခုံပေါ်တင်၍ လက်ဖြင့် လိမ်းကျစ်ပြီး ကြာချည်မျှင် ထုတ်လုပ်ရပါသည်။ စလင်းဝက်သည်းကန်မှ ထုတ်လုပ်သည့် ကြာချည်မှာ ကုန်ကြမ်းအဆင့်သာဖြစ်ပြီး ကြာရိုးမှ ထွက်ရှိလာသော ကြာချည်များကို ရှမ်းပြည်နယ် တောင်ပိုင်းအင်းလေးဒေသသို့ တင်ပို့ရောင်းချပြီး ဈေးနှုန်းအနေဖြင့် ယခင်နှစ်က တစ်ကျပ်သားကို ကျပ်(၆၀၀၀)သာ ရောင်းချခဲ့ရ သော်လည်း ယခုနှစ်တွင် တစ်ကျပ်သားကို (၇၀၀၀)ကျပ်ဈေးရရှိကြောင်း၊ တစ်ရက်လျှင် တစ်ဦး (၂.၃)ကျပ်သားထိ လုပ်ဆောင်သည့်အတွက် လုပ်သားတစ်ဦးအနေနဲ့ တစ်ရက်ပျမ်းမျှ ကျပ်(၁၄၀၀၀-၂၀၀၀၀)ဝန်းကျင် ဝင်ငွေရရှိကြောင်း၊ တစ်ချို့ အိမ်ထောင်စုများအနေဖြင့် (၄.၅)ကျပ်သားထိ လုပ်ကိုင်ဆောင်ရွက်နိုင်သည့်အတွက် တစ်ရက်လျှင်(၃၀၀၀၀)ကျပ်ထိ ပျမ်းမျှဝင်ငွေရရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်သည် အောင်လံမြို့နှင့် သရက်မြို့တို့မှ ထွက်ရှိသည့် သီးနှံများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်သည့် ကုန်စည်ဒိုင်တစ်ခု ဖြစ်ပါသည်။

နှမ်းသီးနှံဈေးနှုန်း၊ ဈေးကွက်အခြေအနေ

   အောင်လံကုန်စည်ဒိုင်တွင် နှမ်းသီးနှံသည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ(ဒုတိယပတ်)အတွင်းမှ စတင်၍ နှမ်းသီးနှံအသစ်များထွက်ရှိနေပြီး သီးနှံအဟောင်းများနှင့်အတူ ယခု(စတုတ္ထပတ်)အတွင်းတွင် အရောင်းအဝယ်များဖြစ်လျက်ရှိပါသည်။

   နှမ်းနက်စမုံမှာ (တတိယပတ်)အတွင်းတွင် (၁)တင်းလျှင် ကျပ်(၁၆၃၅၀၀ မှ ၁၇၆၅၀၀) အထိ ဈေးနှုန်း ရှိခဲ့ပြီး (စတုတ္ထပတ်)အတွင်းတွင် (၁)တင်းလျှင် ကျပ်(၁၆၆၅၀၀ မှ ၁၈၃၀၀၀) အထိ ရှိခဲ့၍ (၁)တင်း လျှင် ကျပ်(၃၀၀၀မှ ၆၅၀၀)အထိ ဈေးနှုန်းအမြင့်ဖြင့် တင်းရေ(၆၀၀၀)တင်း တန်အနေဖြင့် (၁၄၆.၉၆)တန် အရောင်းအဝယ်ရှိခဲ့ပါသည်။

   နှမ်းနီမှာ (တတိယပတ်)အတွင်းတွင် (၁)တင်းလျှင် ကျပ်(၁၂၃၅၀၀ မှ ၁၂၆၅၀၀) အထိ ဈေးနှုန်းရှိခဲ့ပြီး (စတုတ္ထပတ်)အတွင်းတွင် (၁)တင်းလျှင် ကျပ်(၁၂၆၅၀၀ မှ ၁၃၀၀၀၀) အထိ ရှိခဲ့၍ (၁)တင်းလျှင် ကျပ် (၃၀၀၀ မှ ၅၀၀)အထိ ဈေးနှုန်းအမြင့်ဖြင့် တင်းရေ(၀၀)တင်း၊ တန်အနေဖြင့် (၁၄.၆၉)တန် အရောင်း အဝယ် ရှိခဲ့ပါသည်။

    နှမ်းဖြူမှာ (တတိယပတ်)အတွင်းတွင် (၁)တင်းလျှင် ကျပ်(၁၂၃၀၀) အထိ ဈေးနှုန်းရှိခဲ့ပြီး (စတုတ္ထပတ်)အတွင်းတွင် (၁)တင်းလျှင် ကျပ်(၁၂၆၅၀၀ မှ ၁၃၃၀၀၀) အထိ ရှိခဲ့၍ (၁)တင်းလျှင် ကျပ် (၀၀၀ မှ ၁၀၀၀၀)အထိ ဈေးနှုန်းအမြင့်ဖြင့် တင်းရေ(၃၀၀)တင်း၊ တန်အနေဖြင့် (.၃)တန် အရောင်း အဝယ် ရှိခဲ့ပါသည်။

ပဲမျိုးစုံသီးနှံဈေးနှုန်း၊ ဈေးကွက်အခြေအနေ

   မတ်ပဲမှာ (တတိယပတ်)အတွင်းတွင် (၁)တင်းလျှင် ကျပ်(၁၁၈၀၀၀မှ ၁၂၀၀၀၀) အထိဈေးနှုန်းရှိခဲ့ပြီး (စတုတ္ထပတ်) တွင် (၁)တင်းလျှင် ကျပ်(၁၁၀၀၀ မှ ၁၂၀၀၀၀) ရှိခဲ့၍ (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၀၀၀)မြင့်တက်ခဲ့ပြီး ဝယ်သိုကုန်သည်များမှ တင်း(၂၇၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ ပါသည်။

   ပဲစဉ်းငုံနီကို ဝယ်သိုကုန်သည်များမှ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (တတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၄၈၀၀၀မှ ၁၄၉၄၀၀)ထိရှိခဲ့ပြီး (စတုတ္ထပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၄၈၀၀၀မှ ၁၅၂၀၀၀)ထိရှိခဲ့၍ အမြင့်ဈေး(၁)တင်းလျှင် ကျပ်(၂၆၀၀) မြင့်တက်ခဲ့ပြီး ပဲစဉ်းငုံနီ (၁၅၀၀)တင်းခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

   ပဲတီစိမ်းသီးနှံမှာ (တတိယပတ်)အတွင်းတွင် ကျပ်(၅၀၀၀၀မှ ၆၂၀၀၀)အထိရှိခဲ့ပြီး (စတုတ္ထပတ်)အတွင်းတွင် ကျပ်(၅၀၀၀၀မှ ၆၃၀၀၀) ထိရှိခဲ့၍ (၁)တင်းလျှင် ကျပ်(၁၀၀၀) မြင့်တက်ခဲ့ပြီး (၂၂၅၀)တင်း အရောင်းအဝယ်ရှိခဲ့ပါသည်။

   ကုလားပဲ(ဟော်လန်)သီးနှံမှာ (တတိယပတ်)တွင် ကျပ်(၉၇၀၀၀မှ ၁၀၀၀၀၀)အထိ ဈေးနှုန်းရှိခဲ့ရာ (စတုတ္ထပတ်) တွင် ကျပ်(၉၀၀၀ မှ ၁၀၀၀၀၀)ထိရှိခဲ့၍ (၁)တင်းလျှင် ကျပ်(၀၀၀) မြင့်တက်ခဲ့ပြီး (၂၄၀၀)တင်း အရောင်းအဝယ်ရှိခဲ့ပါသည်။

   ကုလားပဲ(မြကြေး)မှာ (တတိယပတ်)တွင် ကျပ်(၁၀၅၀၀၀)အထိဈေးနှုန်းဖြင့် (စတုတ္ထပတ်) တွင် ကျပ်(၁၀၅၀၀၀-၁၀၇၀၀၀)အထိဈေးနှုန်းဖြင့် ကျပ်(၂၀၀၀)မြင့်တက်ခဲ့ပြီး တင်း(၁၈၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

   ပဲကြီးသီးနှံမှာ အောင်လံကုန်စည်ဒိုင်တွင် (တတိယပတ်)အထိ (၁)တင်းလျှင် ကျပ်(၈၄၀၀၀မှ ၉၀၀၀၀)အထိရှိခဲ့ပြီး (စတုတ္ထပတ်)တွင်  ကျပ်(၈၀၀၀၀-၉၀၀၀၀) ရှိခဲ့၍ ကျပ်(၄၀၀၀)ခန့်ဈေးကျပြီး တင်း(၂၇၀)အရောင်းအဝယ်ရှိခဲ့ပါသည်။

    မြေပဲလုံးဆံနီနှင့် လုံးဆံဖြူတို့မှာ သီးနှံအသစ်နှင့် အဟောင်းလက်ကျန်အနည်းငယ်တို့ အရောင်း အဝယ်ဖြစ်လျက်ရှိရာ (စတုတ္ထပတ်) တွင် ကျပ်(၁၀၀၀၀-၁၀၅၀၀)ရှိခဲ့ပြီး မြေပဲလုံးဆံနီ (၁၂၀)ပိဿာနှင့် မြေပဲလုံးဆံဖြူ (၁၃၀)ပိဿာခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

     မြေပဲတောင့်အစိုမှာ (တတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၃၂၀၀၀မှ ၃၃၀၀၀)ထိဈေးနှုန်း ရှိခဲ့၍ (စတုတ္ထပတ်)တွင် (၁)တင်းလျှင် ကျပ်(၂၄၀၀၀မှ ၂၅၀၀၀)ထိဈေးနှုန်းရှိခဲ့၍ (၁)တင်းလျှင် ကျပ်(၀၀၀) ဈေးကျပြီး တင်း(၃၅၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

ဝါသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

    ဝါသီးနှံအနေဖြင့်ယခုရာသီတွင် ဝါကို သိုလှောင်ကုန်သည်များမှ ဈေးနှုန်းအတက်အကျကို စောင့် ဆိုင်းလျက် အရောင်းအဝယ်ပြုလျက်ရှိရာ (စတုတ္ထပတ်)အတွင်းတွင် ဝါ(၁)ပိဿာလျှင် ကျပ်(၃၀၀၀ မှ ၃၁၀၀)ဈေးနှုန်းရှိခဲ့ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊  ဝါ ပိဿာချိန် (၁၀၀၀၀) ပိဿာ ခန့်အား မန္တလေးမြို့သို့တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

   အောင်လံကုန်စည်ဒိုင်အနေဖြင့် ဩဂုတ်လ(စတုတ္ထပတ်)အတွင်းတွင် နှမ်း(၁၅၄.၃၁)တန်၊ ပဲတီစိမ်း(၇၃.၄၈)တန် စုစုပေါင်းတန်ချိန်(၂၂၇.၇၉)တန်အား မန္တလေးမြို့သို့ တင်ပို့ရောင်းချပေးနိုင်ခဲ့ပြီး ပဲစဉ်းငုံနီ၊ မတ်ပဲ၊ ကုလားပဲ (HL)နှင့် ကုလားပဲ(မြကြေး)၊ မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူတို့ကို ရန်ကုန်မြို့သို့ စုစုပေါင်းတန်ချိန်(၃၃၃.၁၂)တန်အားလည်းကောင်း၊ ပဲကြီး၊ ကုလားပဲ(HL)နှင့် ကုလားပဲ (မြကြေး) အနည်းငယ်တို့အား အောင်လံမြို့နယ်နှင့် သရက်မြို့နယ်အတွင်းရှိ ခွဲစက်များနှင့် ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များသို့ ဖြန့်ဖြူးရောင်းချ‌ပေးခဲ့ရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

ပေါက်မြို့နယ်တွင် မိုးဦးရာသီစိုက် နှမ်းသီးနှံများ ရိတ်သိမ်းပြီးဈေးကွက်သို့ရောက်ရှိ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက် ရှိပြီး နှမ်းသီးနှံအနေဖြင့် (မိုး)နှမ်းနှင့် (ဆောင်း)နှမ်းကို နှစ်စဉ်စိုက်ဧက(၇၀၀၀)ခန့် စိုက်ပျိုးခဲ့ရာ ၂၀၂၄ ခုနှစ်တွင် နယ်မြေအခြေအနေနှင့် သီးနှံစိုက်ပျိုးဖြစ်ထွန်းမှုနည်း၍ စိုက်ဧက(၃၀၀၀)ခန့် လျော့နည်းစိုက်ပျိုးလာကြကြောင်း၊ နှမ်းနက်(စမုံ)နှင့် နှမ်းညိုတို့ကို အများဆုံးစိုက်ပျိုးပြီး (မိုး)နှမ်းကို မေလတွင်စိုက်ပျိုး၍ ဩဂုတ်လ လဆန်းပိုင်းတွင် ရိတ်သိမ်းကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၅)တင်းမှ (၇)တင်းအထိ ထွက်ရှိပြီး ကုန်ကျစရိတ်မှာ ကျပ်(၅)သိန်းခန့် ကုန်ကျ ကြောင်း၊ သီးနှံအထွက်နှုန်းလျော့နည်းသော်လည်း ဒေသတွင်း သီးနှံပေါ်ချိန် ဈေးကောင်းရရှိ၍ တစ်ဧကလျှင် ကျပ်(၅)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း သိရသည်။

      ဈေးနှုန်းဈေးကွက်အနေဖြင့် ယခုနှစ် (မိုး)နှမ်းသီးနှံပေါ်ချိန် တောင်သူရောင်းချသော ဈေးနှုန်းမှာ ဩဂုတ်လ(စတုတ္ထပတ်)တွင် နှမ်းနက်(စမုံ)တစ်တင်းလျှင် ကျပ်(၂၁၅၀၀၀-၂၀၀၀၀၀)၊ နှမ်းညို တစ်တင်းလျှင် ကျပ်(၁၄၀၀၀၀-၁၃၈၀၀၀) ဒေသပေါက်ဈေး အရောင်းအဝယ်ဖြစ်ကြောင်း၊ ထွက်ရှိသည့်နှမ်းများကို တစ်ချို့တောင်သူများမှာ ဆီကြိတ်ပြီး မြို့ပေါ်သို့ ရောင်းချခြင်းအပြင် ဒေသတွင်း ဆီစက်လုပ်ငန်းရှင်များနှင့် ပခုက္ကူဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း၊ ယခင်နှစ် နှမ်းသီးနှံပေါ်ချိန်တွင် တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀-၉၀၀၀၀) အရောင်းအဝယ်ဖြစ်၍ ယခုနှစ်တွင် ဈေးသိသိသာသာ မြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ နှမ်းကို ယခုအချိန်တွင် ပြည်တွင်းစားသုံးမှုမြင့်မားခြင်းအပြင် ပြည်ပဝယ်လိုအားကောင်း၍ ဈေးကွက်ခိုင်မာမှုရှိခြင်းကြောင့် စိုက်တောင်သူများ အဆင်ပြေကြောင်း ပေါက်မြို့နယ် မြောက်ဘက်ကျေးရွာရှိ စိုက်တောင်သူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်ရှိ ကြက်ဥဈေးနှုန်းဈေးကွက်

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှုနည်းပါးခြင်းကြောင့် ဒေသတွင်း စားသုံးမှု မလုံလောက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ဈေးနှုန်းများအနေဖြင့်၂၀၂၄ခုနှစ်၊  ဩဂုတ်လ(စတုတ္ထပတ်)တွင် ကြက်ဥ အကြီးအသေး မူတည်၍ အသေးတစ်လုံးလျှင် ကျပ်(၃၈၀)၊ အလတ်တစ်လုံးလျှင် ကျပ်(၄၀၀)နှင့် အကြီးတစ်လုံး လျှင် ကျပ်(၄၂၀)ဈေးရှိပြီး တစ်ပိဿာလျှင် ကျပ်(၉၅၀၀)၊ ယခင်လနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၁၆၀၀) ဈေးမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်း မြင့် တက်ရခြင်းမှာ ကြက်မွေးမြူရေးခြံများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ကြက်အကောင်ရေ သေပျောက်မှုများပြီး ကြက်ဥ ဥနှုန်းနည်းခြင်း၊ သယ်ယူစရိတ်ကြီးမြင့်ခြင်းနှင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော ဘိလပ်မြေ ဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၁၅၀၀)၊ အယ်လ်ဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၁၅၀၀)၊ အပါချီဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    ဩဂုတ်လ (စတုတ္ထပတ်)တွင် အာမိုယူရီးယား (50)kgပါ တစ်အိတ်လျှင် ကျပ်(၉၃၀၀၀)၊ ဩဘာယူရီးယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၉၆၀၀၀)၊ ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ တရုတ်တီစူပါသံကွင်း (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ တရုတ်ပုလဲရွှေတောင် (50)kgပါ  တစ်အိတ်လျှင် ကျပ်(၈၈၀၀၀)၊ မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ အာမို ကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၉၅၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၃၈၀၀၀)၊ ကောမက် ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၃၈၀၀၀)၊ တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဩဂုတ်လ (ပထမပတ်) ထက် ကျပ်(၈၀၀၀-၃၅၀၀၀)ဈေးနှုန်းများ တက်လာသည်ကို တွေ့ရှိရပါသည်။

    ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမိုမက်နီ ဖော့(500)cc တစ်ဘူးလျှင် ကျပ်(၅၅၀၀၀)၊ အာမိုမက်နီဖော့ (၁)လီတာ တစ်ဘူးလျှင် ကျပ်(၆၃၀၀၀)၊ အာမိုစတား(၁)လီတာ တစ်ဘူးလျှင် ကျပ်(၆၇၀၀၀)၊ အာမိုအီမာ(၁)လီတာဘူး တစ်ဘူးလျှင် ကျပ်(၁၈၀၀၀)၊ ဂျက်ကက် မင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၅၀၀၀)၊ ဩဘာပို့စ်(၂၅၀)cc ဘူး တစ်ဘူးလျှင် ကျပ်(၁၆၅၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၃၂၅၀၀)၊ ဩဘာငှက်ကြီးတောင် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၂၈၀၀၀)၊ ဩဘာငှက်ကြီး တောင်(၂၅၀)cc တစ်ဘူးလျှင်ကျပ်(၆၂၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၄၃၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (250)cc တစ်ဘူးလျှင် ကျပ်(၂၃၀၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဩဂုတ်လ ပထမပတ်ဈေးနှုန်းများထက် ကျပ်(၇၀၀၀-၂၀၀၀၀)ကြား  ဈေးတက်နေကြောင်း၊ စိုက်ပျိုးရာသီဖြစ်၍ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း