Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးရှိ တီလားဗီးယားငါး၊ ငါးဘတ်နှင့်ငါးရံ့ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေ သော တီလားဗီးယားငါးအကြီး(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊  အသေး(၁)ပိဿာ (၁၀၀၀၀)ကျပ်၊ ငါးဘတ်အကောင်(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ငါးရံ့(၁)ပိဿာ (၂၅၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ငါးစားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ်အတွက်  အာဟာရ ဓာတ်များကို ရရှိစေသည့်အတွက် စားသုံးမှုများကြောင်း ငါးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျက်ရှိသော ရာသီစာငှက်စွပ်မှို

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  စိုက်ပျိုးထုတ်လုပ်ရောင်းချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှိုစသော မှိုများနည်းတူ သဘာဝငှက်စွပ်မှိုများ ရောင်းချလျက်ရှိကြောင်း ငှက်စွပ်မှိုသည် နေရာတိုင်းတွင် ပေါက်လေ့မရှိ မြေဆွေးနှင့် မြေဆီဩဇာကောင်းသည့် နေရာများ၌သာ ပေါက်သောကြောင့် ရှားပါးမှိုမျိုးဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ငှက်စွပ်မှို(၁၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှင့် ငှက်စွပ်မှိုတစ်ပိဿာလျှင် (၃၀၀၀၀မှ ၃၅၀၀၀)ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ ငှက်စွပ်မှိုသည် ဈေးကြီးသော်လည်း အခြားမှိုများနှင့် အရသာပိုမိုကောင်းမွန်သောကြောင့် စားသုံးသူများကကြိုက်နှစ်သက်ကာ အရောင်း သွက်သည့်မှိုဖြစ်ကြောင်း ဈေးသည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

     မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ် (၂၅.၇.၂၀၂၅)ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၃၀၈၅ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၁၄၀ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၈၆၀ ကျပ်၊ ဒီဇယ်(အဆင့်မြင့်)ဈေးနှုန်း တစ်လီတာ မှာ ၃၅၁၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၂၈၅ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၃၅၅ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၃၀၃၅ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ ၃၇၅၅ကျပ်ဖြင့် ရောင်းချလျက်ရှိရာ  ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဟင်းသီးဟင်းရွက်ဈေးကွက်တွင် မုန်ညင်းဖြူထုပ်ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရာသီပေါ်ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုပ်၊ ‌ရွှေပဲသီး၊ မုန်ညင်းထုပ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥနှင့် မုန်ညင်းဖြူထုပ်ကိုတို့ကို ရောင်းချလျက်ရှိရာ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ မှာယူ ရောင်းချကြောင်း သိရှိရသည်။

     ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း  ရောင်းချ လျက်ရှိသည့် မုန်ညင်းဖြူထုပ်ဈေးနှုန်းမှာ မုန်ညင်းဖြူထုပ်လက်လီ တစ်ပိဿာလျှင် (၇၂၀၀)ကျပ်၊ မုန်ညင်းဖြူထုပ် လက်က္ကား တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရာသီပေါ် ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ နှင်းပန်းနှင့် ပန်းတိမ်ငိုပန်းဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်တွင် နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ပန်းထိမ်ငို စသည်တို့ စိုက်ပျိုးရောင်းချလျက် ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်းတစ်စီးလျှင် (၇၀၀)ကျပ်နှင့် (၃)စီးလျှင် (၂၀၀၀)ကျပ် ဖြင့်လည်းကောင်း၊ ပန်းထိမ်ငိုပန်း(၁)စီးလျှင် (၇၀၀)ကျပ်၊ ပန်းထိမ်ငိုပန်း(၁၀)စီးလျှင် (၆၈၀၀)ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းထိမ်ငိုပန်းသည် တာရှည်အထားခံသည့်အပြင် လှပသည့် အသွင်သဏ္ဍာန်ကြောင့် လူကြိုက်များကာ အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် အဝင်နည်း၍ အရောင်းသွက်သည့် ဒူးရင်းသီး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ သစ်သီးမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ နာနတ်သီး၊ စပျစ်သီး၊ သရက်သီးနှင့် ဒူးရင်းသီးများ ရောင်းချလျက်ရှိရာ ဒေသထွက်သစ်သီးများ ရောင်းချသလို မြစ်ကြီးနားနှင့် မန္တလေးမြို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ရောင်းချနေ သောဒူးရင်းသီးဈေးနှုန်းမှာ ဒူးရင်းသီး  အကြီးတစ်လုံးလျှင်(၆၀၀၀၀)ကျပ်၊  အလတ်တစ်လုံးလျှင် (၄၅၀၀၀)ကျပ်နှင့် ဒူးရင်းသီး အလုံးသေးတစ်လုံးလျှင် (၃၀၀၀၀)ကျပ်ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဒူးရင်းသီးသည် အခြားဒေသမှ ဝယ်ယူရောင်းချရသည့်အတွက် အဝင်နည်းကာ ကြိုက်နှစ် သက်သူများ၍ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။     

DOCA(စစ်ကိုင်း)

                  

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ဒညင်းသီးဈေးနှုန်း

     ဒညင်းသီးပင်သည် ကရင်၊ ပဲခူး၊ မော်လမြိုင်နှင့် ရခိုင် စသည့်ဒေသများတွင် အများဆုံးပေါက် ရောက်ပါတယ်။ ဒညင်းသီးကိုစားသုံးသူ တော်တော်များများ စားသုံးကြိုက်နှစ်သက်တဲ့ အစားအစာ တစ်ခုအဖြစ်တွေ့ရကြောင်း၊ ဒညင်းသီးအုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ်ဆီ ဆမ်းဆားဖြူးစားဖြူးစားတာတို့ ဒညင်းသီးမီးဖုတ် ငပိရည်နဲ့တို့စားတာ စသည်ဖြင့်အမျိုးမျိုးစားသုံး ကြကြောင်း၊ သို့သော် ဒညင်းသီးသည် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်းမဖြစ်အောင် စားသုံးရန် လိုအပ်ကြောင်း လေ့လာသိရရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့တွင် ဒညင်းသီးသေး(၁)လုံးလျှင် (၁၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၁၅၀)ကျပ်နှင့် (၁၁)လုံးလျှင် (၁၅၀၀)ကျပ်၊ ဒညင်းသီးပြုတ်(၁) လုံးလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုပတ်တွင် ရောင်းချနေသည့် ဒညင်းသီးများ ကို မြစ်ကြီးနားမြို့နှင့် မော်လမြိုင်မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဒညင်းသီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော တို့ဟူးစိမ်း ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်အစားအစာများ၊ ဒေသထွက်အသီးအနှံများနှင့် အခြားဒေသမှဝင်ရောက်လာသည့် အရန်သင့်အစားအစာများရောင်းချ လျှက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန်အတွက် တို့ဟူးများပြုလုပ်ပြီး ကန့်ဘလူမြို့ မဈေးတွင် နေ့စဉ်ရောင်းချလျှက်ရှိကြောင်း၊ ကန့်ဘလူမြို့ “မြို့မဈေး”တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော တို့ဟူးစိမ်းဈေးနှုန်းများမှာ တို့ဟူးစိမ်း လက်လီတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ တို့ဟူးစိမ်းလက်ကား တစ်ပိဿာလျှင်(၂၄၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ တို့ဟူးစိမ်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။       

DOCA(စစ်ကိုင်း)

                                                         

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ပဲနီရေပွနှင့်စားတော်ပဲပြုတ် ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများသည် မိသားစုစားဝတ်နေ ရေးအဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများအပြင် စွန်တာနီ(ခေါ်)ပဲနီ နှင့် စားတော်ပဲတို့ကို ပြုတ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရှိရသည်။

     မြန်မာလူမျိုးတို့သည် နံနက်စာ ထမင်းဆီဆမ်းပူပူလေးနှင့် စားတော်ပဲပြုတ်ကို တွဲဖက်စားသုံးကြသလို ကောက်ညှင်းပေါင်းနှင့်လည်း တွဲဖက်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ  နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ပဲနီရေပွဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင် (၄၇၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ်နှင့် စားတော်ပဲပြုတ် (၂)ပုဂံလျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲရေပွနှင့် စားတော်ပဲပြုတ် ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချလျက်ရှိသော စကားဝါပန်းနှင့် စကားဖြူပန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်းအမျိုး၊ အလှဆင်းပန်းအမျိုးမျိုးနှင့် စကားဝါပန်း၊ စကားဖြူပန်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ စကားဝါ/ဖြူပန်းမျိုးမှာ အပင် ကြီးဖြစ်သော်လည်း စိုက်ပျိုးရေးနည်းပညာများ ခေတ်မီလာသည်နှင့်အညီ စကားဝါ/ဖြူပန်းပင်များကို ကိုင်းကူးမျိုးစပ်ကာ အိမ်တွင်းအလှစိုက်ပင်ဖြစ် စိုက်ပျိုးလာကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊  ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့ပန်းဈေးကွက်၌ ဖြစ်ပေါ်နေသော စကားဝါပန်းဈေးနှုန်းမှာ စကားဝါ ပန်း(၇)ပွင့်ပါ တစ်ကုံးလျှင်(၅၀၀)ကျပ်၊ စကားဝါပန်း(၃)ကုံးလျှင် (၁၃၀၀)ကျပ်၊ စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၀၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၉၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ပန်းမျိုးစုံရောင်းချနေသော လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း