Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ‌ ရောင်းချလျက်ရှိသော ဝက်သား နှင့် ဝက်အူချောင်း ဈေးနှုန်း

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

    ဩဂုတ်လ ပထမပတ်၏ ဝက်သားဈေးနှုန်းများမှာ ဝက်သားရှယ် (အသားသီးသန့်) လက်လီ တစ်ပိဿာလျှင်(၃၄၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာ လျှင်(၃၂၀၀၀) ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်) တစ်ပိဿာ လျှင်(၂၅၀၀၀)ကျပ်၊ ဝက်သွေးခဲ(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ဝက်ရိုးအကြမ်း တစ်ပိဿာ(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဝက်အူချောင်းဈေးနှုန်းများမှာ ဝက်အူချောင်း တစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်၊  (၅၀)ကျပ်သားလျှင်(၂၃၀၀၀)ကျပ် နှင့်  ဝက်အူချောင်း(၁၀)ကျပ်သားလျှင် (၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှည်ပါက ဈေးအနည်းငယ်မြင့် တက်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

၄.၈.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင်  ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၄.၈.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၇၅၇၀၀၀) ကား (၉၅) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၄၅၀၀၀) ကား (၂၃) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၄၆၈၅၀)  ကား (၃၂) စီး ဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ပိတောက်မြိုင်ဈေး၏ လက်ပန်ပွင့်ခြောက် နှင့် သရက်သီးခြောက် ဈေးနှုန်း

   ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များအပြင်  အခြား ဒေသမှ ဝင်ရောက်လာသည့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိရာမှ အပွင့် ခြောက်/အသီးခြောက်မျိုးစုံဖြစ်သည့် ကြောင်လျှာပွင့်ခြောက်၊ လက်ပန်ပွင့်ခြောက်၊ သရက်သီး ခြောက်၊ ခရမ်းသီးခြောက်၊ ဘူးသီးခြောက်နှင့် ဇီးဖြူသီးခြောက် တို့ကို ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ပိတောက်မြိုင်ဈေး၌ ရောင်းချ လျက်ရှိသော လက်ပန်ပွင့်ခြောက် ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် သရက်သီးခြောက် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီး များ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး ဇူလိုင်လ (၂၉) ရက်နေ့ မှ ဩဂုတ်လ () ရက်နေ့ အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးအဝင်များမှာ တိုက်ကြီးမှ ကလောဥ တစ်ပိဿာ ကျပ် ၁၅၀၀၊ ပုပ္ပါးမှ ဩဇာသီး ဂျပ်ဖာ ကျပ် ၂၀၀၀၀၊ မန္တလေးမှ သင်္ဘောသီး တစ်လုံး ကျပ် ၂၀၀၀/၆၀၀၀၊ သီပေါ မှ နာနတ်သီး တစ်လုံး ကျပ် ၂၀၀၀/၂၅၀၀/၃၅၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၂၅၀၀၀/၃၀၀၀၀၊   တောင်ငူ မှ ဒူးရင်းသီး တစ်လုံး ကျပ် ၇၀၀၀/၂၅၀၀၀/၃၅၀၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး ကျပ် ၂၅၀၀/၇၀၀၀/၈၀၀၀၊ ရပ်စောက် မှ မင်းဂွတ်သီး ၁၀ လုံး ကျပ် ၂၀၀၀၊  အောင်ပန်းမှ လိမ္မော်သီး တစ်လုံး  ကျပ် ၇၀၀/၈၀၀၊ ဝမ်းတွင်း မှ ဖရဲသီး(211) အလုံးကြီး ကျပ် ၅၀၀၀/၆၀၀၀/၈၀၀၀၊  တိုက်ကြီးမှ မာလာကာသီး အိတ်ကြီးတစ်အိတ် ၆၀၀၀၀ ကျပ်ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၁၅၀၀၀၀၊ ရှမ်းပြည်နယ်မှ ပန်းသီး  စက္ကူပုံးတစ်ပုံး ကျပ် ၆၀၀၀၀၊ ရှမ်းပြည်နယ် မှ သရက်သီး (ရင်ကွဲ) တစ်သေတ္တာ ကျပ်  ၄၅၀၀၀/၅၅၀၀၀/၆၅၀၀၀  ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်း မြင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း  သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ကျွန်းလှမြို့၌ ဈေးနှုန်းကျဆင်းလျက်ရှိသော ရုံးပတီသီး နှင့် သံပုရာသီး ဈေးနှုန်း

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးများ ကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

         ယခု ဩဂုတ်လ ပထမပတ်အတွင်း ရောင်းချနေသော ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး လက်လီ တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၄၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက  ဈေးအနည်းငယ်ကျဆင်းလျက်ရှိပြီး အလားတူပင် သံပုရာသီးဈေးနှုန်းမှာ အလုံးအကြီး /အသေး ပေါ်မူတည်၍ သံပုရာသီး အကြီး(၁)လုံး လျှင်(၂၀၀)ကျပ်၊ (၅၀၀)ဖိုး(၃)လုံး နှင့် သံပုရာသီး အသေး တစ်လုံးလျှင်(၁၀၀/၅၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ ရှောက်သီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် ရာသီ ပေါ်သီးနှံဖြစ်သည့် ရှောက်သီးများကို မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးထွက်ရှိသော ရှောက်သီးများကို မြို့ပေါ်သို့ လာရောက် ရောင်းချကြပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဒေသထွက်သီးနှံဖြစ်သည့် ရှောက်သီးများ အား  ရှောက်ပေါင်းချိုပြုလုပ်ပြီး တခြားမြို့နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လပထမပတွင် မုံရွာမြို့ပေါ်ရှိ သံလမ်းဈေးနှင့် ဈေးဟောင်တို့တွင် ဖြစ်ပေါ်နေသော ရှောက်သီးဈေးနှုန်းများမှာ  ရှောက်သီး အလုံးသေးတစ်လုံးလျှင် ၃၅၀ ကျပ်၊ အလုံးကြီး တစ်လုံးလျှင် (၅၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

       ၄.၈.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်း များမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၅၃၀၀ မှ အများဆုံး ကျပ် ၅၆၀၀၊ ညောင်ဦးဆေးရှယ်ကျပ် အနိမ့်ဆုံးဈေး ၅၀၀၀ မှ အများဆုံး ကျပ် ၆၈၀၀၊ ညောင်ဦးဆေးရှယ် (ထန်းရော)  ကျပ် ၄၆၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၅၀၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၆၈၀၀ မှ အများဆုံး ကျပ် ၇၀၀၀ ၊ ကြံသကာ (ရှမ်း) ကျပ် ၃၅၀၀၊ ကြံသကာ (သကြားရော) ကျပ် အနိမ့်ဆုံး ကျပ် ၅၅၀၀ မှ အများဆုံး ကျပ် ၆၀၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၅၇၀၀ မှ ကျပ် ၆၁၀၀ မန်းကျည်းသီးအသား အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ ကျပ် ၉၃၀၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၅၀၀ မှ ကျပ် ၄၇၀၀ တို့ အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

      ၄.၈.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သောရေထွက်ကုန် ပစ္စည်းများ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၃၀၀၀၀၀ ၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၅၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၂၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၉၅၀၀၀ ၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၈၀၀၀၀ ၊မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၀ ၊ ငါးကျီးကြပ်တိုက်သေး  ကျပ် ၇၀၀၀၀ ၊ ငါးမြွေထိုး ကျပ် ၇၀၀၀၀ ၊ ငါးရံ့ခြောက်ကြီး ကျပ် ၈၅၀၀၀ ၊ ငါးရံ့ခြောက် လတ်ကျပ် ၆၅၀၀၀ ၊ ငါးရံလုံးရှယ် ကျပ် ၅၅၀၀၀ ၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀ ၊ ငါးကွမ်းရှပ်ကြီး ကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ် ၂၀၀၀၀၊ ငါးတံခွန်လုံးကြီး ကျပ် ၆၀၀၀၊ ငါးနှပ်ခြောက်ကြီး(ရှယ်) ကျပ် ၅၅၀၀၀ ၊ ငါးရွှေသေး ကျပ် ၁၂၀၀၀ ၊ ငါးမီးတံသွယ် ကျပ် ၉၀၀  ဈေး တို့အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA (ရန်ကုန်)

ကျွန်းလှမြို့တွင် မျှစ်စိမ်း နှင့် မျှစ်ပြုတ် ဈေးနှုန်းကျဆင်းလျက်ရှိ

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီအလိုက် တောတောင် သဘာဝအရ ပေါက်ရောက်သော မျှစ်၊ မှို၊ အင်ဥ ၊ အင်ဖက်နှင့် သပြေပန်း စသည်တို့ကို သွား‌ရောက်ရှာဖွေ ရောင်းချသည့်အနက် ယခုအချိန်တွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက် အတွင်းသို့ ရောင်းချကာ ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။

        သြဂုတ်လ ပထမအပတ်တွင် ရောင်းချနေသော မျှစ်ဈေးနှုန်းများမှာ မျှစ်စိမ်း တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး  ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

    ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၄.၈.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၀၂၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၁၃၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၈၂၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၄၀ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၆၅၂ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၂၈၅၀ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၄၀၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၀၁၃၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၀၀ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၅၉၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၂၁၂၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၅၆၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၉၄၂၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၁၂၀၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၅၇၁ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

   ၄.၈.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှယ်စ၊ ထိပ်စ၊ လက်စ၊ ၂၅ မတ် နှင့် ဆန်ကွဲ အိတ်ရေပေါင်း (၃၉၅၀၀) အိတ်ဝင်ရောက်ခဲ့ပြီး ဈေးနှုန်းများမှာ ယခင်နေ့အတိုင်း  ပြောင်းလဲမှု မရှိကြောင်း  သိရှိရပါသည်။

DOCA (ရန်ကုန်)

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း