Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့ကတွတ်သီးဈေးကွက်

   ကတွတ်ပင်သည် ညောင်ပင်မျိုးနွယ်ဖြစ်ပြီး အမြဲစိမ်းလန်းကာ အခေါက်၊ အရွက်၊ အသီးနှင့်တကွ တစ်ပင်လုံးတွင် အမွှေးနုများရှိသည်။ အရွက်ချင်းအညှာဆိုင်ပြီး အသီးမှာ ဇီးဖြူသီး အရွယ်ခန့်ရှိ၍ အရောင်မှာ ဝါပြီးလျှင် အညိုရောင်အမွှေးနုများဖုံးလွှမ်းနေသည်။ မြန်မာနိုင်ငံရှိ သစ်တောတိုင်းလိုလိုမှာပင် ကတွတ်ပင်များကို‌တွေ့ရ၍ အထူးသဖြင့်မြန်မာနိုင်ငံအောက်ပိုင်း၌ ပိုမိုတွေ့ရှိရသည်။ ကတွတ်သီးကို သဖန်းသီးဟူ၍လည်းခေါ်ကြပြီး ကတွတ်ပန်းပွင့်သည် ကတွတ်သီး၏ အတွင်းထဲတွင်ရှိပါသည်။ အသီးသည် ပျော့၍အခွံပါးပြီး ကတွတ်သီးမှည့်ကို အသီးအတိုင်းစား၍သော်လည်းကောင်း၊ ထန်းလျက်ဖြင့်ယိုထိုး၍သော်လည်းကောင်း စားသုံးကြပါသည်။ ကတွတ်သီးမှာ နှစ်ပတ်လည်သီးသောအသီးမျိုးဖြစ်သော်လည်း ကဆုန်လနှင့်နယုန်လများတွင် ပထမအကြိမ် အသီးအများဆုံးသီးပြီး ဝါဆို၊ ဝါခေါင်လများတွင် ဒုတိယအကြိမ် အသီးအများဆုံးသီးကြောင်းနှင့် ကျန်လများတွင် အနည်းငယ်သာသီးသလို အရည်အသွေးလည်း မကောင်းကြောင်း သိရှိရပါသည်။ စက်တင်ဘာလ ဒုတိယအပတ်တွင် ပြည်မြို့တွင်ရောင်းချသော ကတွက်သီးဈေးမှာ ကတွတ်သီးအလုံး (၁၀၀)လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ပြည်မြို့အနီးရှိ အေးမြသာယာ၊  ပျဉ်းပြင်ကိုင်းရွာနှင့် ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်၊ သဲကုန်းတို့ဘက်မှ လာရောက်‌‌ရောင်းချလေ့ရှိကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်၏ မိုးနှမ်းဈေးကွက်

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဩဂုတ်လနောက်ဆုံးပတ်မှစ၍ မိုးနှမ်းများစတင်ထွက်ပေါ်ခဲ့ပါသည်။ မိုးနှမ်းစိုက်ဧကမှာ ပေါက်ခေါင်းမြို့နယ်အနေဖြင့် (၃၉၁၆၄)ဧကကျော် စိုက်ပျိုးနိုင်ခဲ့ပြီး နှမ်းအထွက်နှုန်းများအနေဖြင့် ယခင်နှစ်ထက် ပိုထွက်ရှိမည်ဟု ခန့်မှန်းထားသော်လည်း နှမ်းများရိတ်သိမ်းချိန်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ထင်သလောက်ထွက်မှုမရှိဘဲ တစ်ဧကလျှင် ၁၂တင်းမှ၁၅တင်းအထိ ထွက်ရှိကြောင်းသိရပါသည်။ ဈေးနှုန်းများအနေဖြင့် မိုးနှမ်းများစတင်ပေါ် ခါစအချိန်တွင် နှမ်းနက်တစ်တင်းလျှင် (၁၇၀၀၀၀-၁၈၀၀၀၀)ကျပ်၊ နှမ်းနီတစ်တင်းလျှင် (၁၂၀၀၀၀-၁၄၀၀၀၀)ကျပ်အထိ ဈေးရရှိခဲ့ပါသည်။ ယခုအပတ်ဖြစ်သော စက်တင်ဘာလဒုတိယပတ်တွင် နှမ်းနက်တစ်တင်းလျှင် ၁၄၅၀၀၀ကျပ်နှင့် နှမ်းနီတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်သာဈေးရရှိခဲ့၍ ပေါ်စထက်စာလျှင် ဈေးကျလာခဲ့သော်လည်း ယခင်နှစ်ဈေးမှာ  နှမ်းနက်တစ်တင်းလျှင် ၈၅၀၀၀ကျပ် နှင့် နှမ်းနီတစ်တင်းလျှင် ၆၀၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်နှစ်ထက်စာလျှင် ဈေးကောင်းရနေသေးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေဘိုဈေးကွက်သို့ အစေ့ထုတ်ပြောင်းများ စတင်ဝင်ရောက်

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ စက်တင်ဘာလ၊ ဒုတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ၊ ဒုတိယအပတ်တွင်အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၆၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀)တင်း/ (၄၅)တန်ဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်းများ စတင်ရိတ်သိမ်းချိန်ဖြစ်၍ အဝင်နည်းသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

အုတ်တွင်းမြို့ စည်ပင်ဈေးမှ ငှက်ပျောဖူးနှင့် ဟင်းခပေါင်းသီးများ

     အုတ်တွင်းမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များ၌ ငှက်ပျောဖူးများနှင့် ဟင်းခပေါင်းသီးများ ရောင်းချလျက်ရှိနေပါသည်။ ငှက်ပျောပင်သည် ရာသီမရွေး အသီးသီးသည်ဖြစ်ရာ ငှက်ပျောဖူးသည်လည်း ရာသီမရွေးပေါ်နေလျက်ရှိပါသည်။ ငှက်ပျောဖူးကို ဟင်းချက်စား၍သော်လည်းကောင်း၊ သုပ်စား၍သော်လည်းကောင်း၊ ပြုတ်၍ငါးပိရည်အတို့အဖြစ်လည်းကောင်း စားသုံးနိုင်ပါသည်။

      ဟင်းခပေါင်းသီးကို ပုဇွန်ခြောက်၊ အသားငါးမျိုးစုံတို့နှင့်ရော၍ ချက်စားနိုင်ပါသည်။ ၂၀၂၄ခုနှစ် စက်တင်ဘာလဒုတိယအပတ်တွင် ဟင်းခပေါင်းသီး (၁၀)ကျပ်သားလျှင် ၈၀၀ ကျပ်၊ ငှက်ပျောဖူးအသေးတစ်ဖူးလျှင် ၄၀၀ကျပ်၊ အကြီးတစ်ဖူးလျှင် ၇၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း အုတ်တွင်းမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်ဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့မှ ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးများပေါ်ပြီ

     တောင်ငူမြို့၊ ပတ်ဝန်းကျင်ကျေးရွာနေပြည်သူများသည် မိမိတို့အိမ်ခြံဝင်းများတွင် စားပင်သီးပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများ ရရှိကြပါသည်။ ကျောက်ဖရုံသီးမှာ မိုးတွင်းကာလတွင် စိုက်ပျိုးဖြစ်ထွန်းသည့် သစ်သီးဝလံဖြစ်ပါသည်။ ရွှေဖရုံသီးမှာ ရာသီမရွေး စိုက်ပျိုးနိုင်သည့်အသီး ဖြစ်ပါသည်။

   ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးနှစ်မျိုးစလုံးသည် အခွံမာကျောသော်လည်း အသားမှာ နူးအိသဖြင့် အများကြိုက်နှစ်သက်သည့် ဟင်းချက်စရာအသီးများ ဖြစ်ပါသည်။ ကျောက်ဖရုံသီးအသားသည် အဖြူရောင် ဖြစ်ပြီး ရွှေဖရုံသီးအသားမှာ အဝါရောင်ဖြစ်ပါသည်။ အသား၊ ပုဇွန်များနှင့် ရောနှောချက်ပြုတ်စားသောက်နိုင်သည့်အပြင် သားသတ်လွတ်ဟင်းလျာအဖြစ်လည်း ချက်ပြုတ်စားသောက်နိုင်ပါသည်။ ကျောက်ဖရုံသီးကို ဖရုံယိုပြုလုပ်၍လည်း စားသုံးနိုင်ပါသည်။

     ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးများကို အလုံးအသေး/အကြီးပေါ်မူတည်၍ တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရောင်းချပါသည်။ ကျေးလက်ဒေသတွင် လူမှုရေးကိစ္စအဝဝတို့တွင် ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးများကို အသားတစ်မျိုးမျိုးနှင့်ရော၍ ဆီပြန်ဟင်းချက်စား၍သော်လည်းကောင်း၊ အရည်သောက်ဟင်းချက်စား၍သော်လည်းကောင်း အသုံးပြုကြသဖြင့် ရောင်းအားကောင်းကြောင်း တောင်ငူမြို့၊ ညောင်ပင်လေးဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်ဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

ရွှေဘိုဈေးကွက်သို့ မြေပဲလုံးဆန်များ အမြင့်ဈေးဖြင့် စတင်ဝင်ရောက်

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆန်များမှာ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်ခဲ့ကြောင်း၊ စက်တင်ဘာလ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၄၇၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၀၀)တင်း/ (၄)တန်ဖြစ်ကြောင်း၊   ‌ဈေးကွက်အတွင်း စတင်ဝင်ရောက်ပြီး အဝင်နည်းသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိ‌ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုပဲတီစိမ်းဈေးငြိမ်နေ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

         ပဲတီစိမ်းမှာ မေလ၊ ပထမအပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ စက်တင်ဘာလ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၆၈၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၅၀)တင်း/ (၈)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၆၈၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးတူညီပြီး ဈေးငြိမ်နေကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၅၅၀၀ဝိ/-)ကျပ်ပေါက်‌ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ပဲတီစိမ်းတစ်တင်းလျှင် (၁၃၅၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် ပဲတီစိမ်းလက်ကျန်နည်း၍ အဝင်နည်းပြီး ဈေးငြိမ်နေသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

        စက်တင်ဘာလ၊ ဒုတိယအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၉၅၀၀ဝိ/-) ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)နှင့်  ဒီမွန် 1.8 တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၂၀၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 100cc တစ်ဘူးလျှင် (၃၇၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး 500cc တစ်ဘူးလျှင် (၄၄၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ၊ MC တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း၊ ယခုအပတ်တွင် ယခင်အပတ်ထက် ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၂၀၀၀ဝိ/-)ကျပ်ဈေးနှုန်းမြင့်တက်လာပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ဈေးငြိမ်နေကြောင်း၊ တချို့သောဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများပစ္စည်းပြတ်နေသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူခရိုင် ဖြူးမြို့တွင် ပဲဈေးအနည်းငယ်ကျ

    တောင်ငူခရိုင် ဖြူးမြို့တွင် စက်တင်ဘာလပထမအပတ်တွင် မတ်ပဲ(ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၂၀၁၀၀၀ကျပ်ရှိရာမှ ယခုစက်တင်ဘာလဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၉၂၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၉၀၀၀ ကျပ် ဈေးနှုန်းကျဆင်းပါသည်။

    ပဲတီစိမ်းမှာ စက်တင်ဘာလပထမအပတ်တွင် (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၄၂၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၂၇၀၀၀ ကျပ် ဈေးနှုန်းကျဆင်းပါသည်။

     ပဲလွန်းဖြူမှာ အရောင်းအဝယ်မဖြစ်ကြောင်း ဖြူးမြို့ ကမ္ဘာကြည်ပွဲရုံမှ သိရပါသည်။

DOCA(ပဲခူး)

မော်လမြိုင်မြို့ ရော်ဘာဈေးနှုန်းဈေးကွက် အခြေအနေ

    မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ နှစ်စဉ်တိုးတက်လျက်ရှိသော ပြည်နယ်တစ်ခုဖြစ်၍  ထွက်ရှိသောရော်ဘာများအား ပြည်နယ်တွင်းဝယ်ယူလျက်ရှိသော လုပ်ငန်းရှင်များ၊ အဝယ်ဒိုင်များ၊ ကုမ္ပဏီများမှစုစည်း၍ ရန်ကုန်/မန္တလေးရှိ ၎င်းတို့၏ကုမ္ပဏီကြီးများသို့ တင်ပို့ပြီး ပို့ကုန်ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေသည်။ ယခုစက်တင်ဘာလ ၁၃ရက်နေ့တွင်မော်လမြိုင်မြို့၌ရော်ဘာဈေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် (၃၀၃၀ )၊RSS-5 တစ်ပေါင်လျှင် ကျပ်(၃၀၂၀) ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပေါင်လျှင်ကျပ်(၅)၊ ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် ကျပ်(၁၇၂၀)ခန့် ဈေးနှုန်းတက်လာခဲ့သည်။ ‌မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50)kg ပါတစ်ထုပ်လျှင် ကျပ်(၂၅၀၀)၊ ရော်ဘာတစ်တန်လျှင် ကျပ် (၅၀၀၀၀)၊ ဖြင့်လည်းကောင်း  မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ (50)kgပါတစ်ထုပ်လျှင် ကျပ် (၃၆၀၀)၊ ရော်ဘာတစ်တန်လျှင် ကျပ် (၇၂၀၀၀) ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ကုန်သည်များထံမှ သိရှိရသည်။

DOCA(မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း