Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပိတောက်မြိုင်ဈေးတွင် ရောင်းချလျက်ရှိသော လဖက်အစားထိုး ကြက်တက်ရွက်ပြုတ် နှင့် ကြက်မောက်ဖြူရွက်ပြုတ်ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ် ရောင်းချလျက်ရှိပါသည်။ ကြက်တက်ရွက်နှင့် ကြက်မောက်ဖြူရွက်တို့မှာ မိုးဦးကျစတွင် စတင်ပေါက်ရောက်လေ့ရှိသော အရွက်မျိုးလည်းဖြစ်ပါသည်။ ကြက်တက်ရွက်နှင့် ကြက်မောက်ဖြူရွက်များကို တောထဲ၌သွားခူးကာ ပြုတ်၍ အလေးချိန်နှင့်ရော လက်တွင်းတစ်ဆုတ်စာ အလုံးလေးများလုံပြီး ဈေးထဲတွင် ရောင်းချကြပါသည်။ ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လဖက်အစားထိုး သရေစာတစ်မျိုး ဖြစ်ပါသည်။

           ကြက်တက်ရွက်ကို  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ်  ဈေးနှုန်းအနေဖြင့်  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၀၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ကြက်တက်ရွက် ပြုတ်(၁၀)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း ကြက်မောက်ဖြူရွက်ပြုတ် တစ်ပိဿာ လျှင်(၄၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ကြက်မောက်ဖြူရွက်ပြုတ်(၁၀)ကျပ်သားခန့် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကြက်တက်ရွက်မှာ ရှားပါးတော့မည့် အချိန်ရောက်သည့်အတွက် ဈေးအနည်းငယ် မြင့်တက်လာကြောင်းနှင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးရှိ ဟင်းရွက်ပြုတ် ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော ကျောက်သခွားမွှေးသီး နှင့် စပျစ်သီး ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကျောက်သခွားမွှေး သီး၏ ဈေးနှုန်းများမှာ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၅၅၀၀)ကျပ်၊ ကျောက်သခွားမွှေးသီး အလတ်(၁)လုံးလျှင်(၅၀၀၀)ကျပ် နှင့် ကျောက်သခွားမွှေးသီး အသေး(၁)လုံးလျှင်(၃၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း စပျစ်သီးဈေးနှုန်းများမှာ စပျစ်သီး ထိုင်ဝမ် အလုံးကြီး တစ်ပိဿာ(၃၅၀၀၀)ကျပ်၊ စပျစ်သီး လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ စပျစ်သီး လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ စပျစ်သီး(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် စပျစ်သီး(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း R2E2သရက်သီးအမှည့် အရောင်းသွက်ပြီး ဈေးကောင်းရရှိ

         ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း မိမိတို့ တောင်ယာများအတွင်း စိုက်ပျိုးပြီး ထွက်ရှိသည့် သရက်သီးများကို အခြားဒေသများသို့ ပို့ဆောင်ရောင်းချရန် အဆင်မပြေသည့်အတွက် မိမိဒေသတွင်သာ  R2E2 သရက်သီးမှည့်များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

           R2E2 သရက်သီးမှည့်သည် အခြားသရက်သီးများထက် အလုံးအရွယ်အစား ပိုကြီးထွားပြီး အမျှင်မပါဘဲ အသားကအိအိလေးဖြစ်ပြီး အချိုဓါတ်နည်းတာကြောင့် ဆီးချိုသမားများ စားသုံးရန်အတွက် သင့်တော်သော သရက်သီးဖြစ်ကြောင်း  R2E2 သရက်သီးသည် အခြားသရက်သီးများထက် နောက်ကျပြီး သီးသောကြောင့်ရှားပါးချိန်တွင် ရောင်းရသည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း ရောင်းချလျက်ရှိသည့် R2E2 သရက်သီးမှည့် ဈေးနှုန်းများမှာ R2E2 သရက်သီးမှည့် အကြီး တစ်လုံး လျှင်(၁၈၀၀/၂၀၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင်(၁၂၀၀/၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် သရက်ခြံပိုင်ရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဖလံတောင်ဝှေး နှင့် သဘာဝပေါက်ပင် ဟင်းညံ့(ခေါ်)ဟင်းကြာဖူး ဈေးနှုန်းအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ဖလံတောင်ဝှေးပင်များကို အခြားစားပင်သီး ပင်များကဲ့သို့ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။  ဖလံတောင်ဝှေးပင်သည် ဥမှအလေ့ကျပေါက်သော ဩဂဲနစ်စစ် စစ်ဖြစ်ပါသည်။ ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောဒေသများမှ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် အလေ့ကျပေါက်ရောက်သော ဖလံတောင်ဝှေးပင်၏ အဖျားပိုင်းများကိုချိုးယူ၍ အစည်းလေးများပြုလုပ်ကာ ဖလံတောင်ဝှေးများကို  ကန့်ဘလူ မြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖလံတောင်ဝှေး(၁၀)တောင့်တစ်စည်းလျှင် (၅၀၀)ကျပ်၊ ဖလံတောင်ဝှေး(၁၀)တောင့်ပါ(၃)စည်းလျှင် (၁၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ရာသီစာ တစ်ခုဖြစ်သည့် ဖလံတောင်ဝှေးအား  အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များတွင်လည်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါကြောင်းနှင့် ဟင်းညံ့(ခေါ်)ဟင်းကြာဖူး ရေရရှိတဲ့ နေရာတွေမှာပေါက်ပြီး ကြာရိုးကြာစွယ်မျိုးနွယ် ဝင်အပင်တစ်မျိုးဖြစ်ပြီး မြစ်၊ ချောင်း၊ ကန်၊ မြောင်းများတွင် အလေ့ကျပေါက်ရောက်လေ့ရှိပါသည်။ နူးညံ့တဲ့အဖူးလေးတွေကိုချိုးပြီး ချက်စားရတဲ့အပင်တစ်မျိုးဖြစ်ပါသည်။ ဟင်းညံ့(ခေါ်)ဟင်း ကြာဖူးသည် ကြော်စား၍သော်လည်းကောင်း၊ ဟင်းချက်၍သော်လည်းကောင်း စားသုံးရလို့ရပါကြောင်း ယခုအခါ ဟင်းညံ့ (ခေါ်)ဟင်းကြာဖူးများကို နတ်ပေးကျေးရွာရှိဒေသခံများမှခူးယူ၍ မြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း  ရောင်းချလျက်ရှိသော ဟင်းညံ့(ခေါ်)ဟင်းကြာဖူး (၁)စည်းလျှင်(၃၀၀)ကျပ်၊ (၂)စည်းလျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး အရင်းအနှီးမလိုပဲ အပိုဝင်ငွေရရှိနိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ပိန်းပေါင်းထုပ်ရောင်းချသူများ မိသားစုဝင်ငွေရရှိ

            ပိန်းပင်များသည် စိမ့်စမ်းရေမှဖြစ်ပေါ်သော စမ်းချောင်းငယ်များ၊ စိုစွတ်သောမြေများတွင် ပိန်းပင်များကို ပေါများစွာပေါက်ရောက်ကြပါသည်။ မိုးရာသီတွင် ပိန်းပင်များ ပေါများစွာပေါက် ရောက်ပြီး နွေရာသီတွင် ဒေသခံများက ရေးသွင်း၍ စိုက်ပျိုးပြီး မိသားစုဝင်ငွေရရှိရေးအတွက်ခူး၍ ပိန်းပေါင်းအဖြစ်ပြန်လည်ရောင်းချကြပါသည်။ ပိန်းပင်သည် ရိုးတံရှည်ရှည် အရွက်ဖားဖားအပင် ငယ်မျိုးဖြစ်ပြီး အရွက်နုနုလေးများကို စားသုံးနိုင်ကြောင်း၊ ယခုအခါ ပိန်းပေါင်းပြုလုပ်ရာတွင် ပိန်းရွက်နုနုလေးတွေကို ရေဆေးပြီးပါးပါးလှီးကာ ဆား၊ဆီ၊ကြက်သွန်၊ ဂျင်းထည့်ပြီးနယ်၍ ဖက်ဖြင့် ထုပ်ကာပေါင်းပြီးပိန်းပေါင်း အဖြစ်ရရှိလာကြောင်း၊ ရရှိလာသော ပိန်းပေါင်းများကို ကန့်ဘလူမြို့မ ဈေးသို့လာရောက်ရောင်းချကြောင်း၊ ပိန်းပေါင်းထုပ်ကလေးများကို ဟင်းအဖြစ်လည်းကောင်း၊ ရေနွေးကြမ်းနှင့်တွဲဖက်၍ သရေစာအဖြစ်လည်းကောင်း စားသုံးရန် ဝယ်ယူကြကြောင်း၊ ပိန်းပေါင်း သည်၏ပြောပြချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း တစ်ရက်လျှင် ပိန်းပေါင်းထုပ် (၃၀မှ၄၀)ခန့်အထိရရှိပြီး ပိန်းပေါင်းထုပ်(၁)ထုပ်လျှင် (၅၀၀)ကျပ်ရောင်းချရသဖြင့် အရင်းမစိုက်ရ ဘဲထိုက်သင့်သည့် မိသားစုဝင်ငွေရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်းနင့်  နှင်းသီး(ခေါ်)လောင်ကန်သီးဈေးနှုန်းအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊  မြို့မဈေးရှိ ကုန်စိမ်းဈေးကွက်သို့  ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိကျေးရွာများမှ ဒေသထွက် သင်္ဘောသီးစိမ်းများနှင့် နှင်းသီး(ခေါ်)လောင်ကန်သီများကို လာရောက်ရောင်းချကြကြောင်း သိရပါသည်။ နှင်းသီး(ခေါ်)လောင်ကန်သီးများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ ဝင်ရောက်လျက်ရှိ‌ကြောင်း သိရသည်။

            ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်တွင် ရောင်းချခဲ့သော သင်္ဘောသီးစိမ်းဈေးနှုန်းများ မှာလက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြင့်ရောင်းချခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ရောင်းချလျက်သော သင်္ဘောသီး စိမ်းဈေးနှုန်းများမှာ လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ လက်လီဈေးနှုန်း တစ်ပိဿာ လျှင်(၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း သင်္ဘောသီးများကို အိမ်ရှင်မများဟင်းချက်ရာ၌လည်းကောင်း၊ အသုပ်ဆိုင်များနှင့် အထောင်းစုံရောင်းသည့်ဆိုင်များမှ ဝယ်ယူကြ အဝယ်သွက်လျက်ရှိပါကြောင်းနှင်းသီး(ခေါ်)လောင်ကန်သီးသည် အရည်ရွှမ်း၍ ချိုပြီးအရသာရှိသော အသီးဖြစ်သောကြောင့် သရေစာအဖြစ် စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း နှင်းသီး (ခေါ်)လောင်ကန်သီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ နှင်းသီး(ခေါ်)‌လောင်ကန်သီး(၅၀)ကျပ် သားလျှင်(၁၀၀၀၀)ကျပ်၊ နှင်းသီး(ခေါ်) လောင်ကန်သီး(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဘားအံမြို့ရှိ ဒေသထွက်မိုးသခွားသီးဈေးနှုန်းအခြေအနေ

 ၂၀၂၅ ခုနှစ်၊ မိုးတွင်ကာလ ကရင်ပြည်နယ် ၊ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တနိုင်တပိုင် စိုက်ပျိုးကြသည်။ စိုက်တောင်သူများက မိမိတို့၏စိုက်ခင်းမှထွက်ရှိသော မိုးသခွားသီးများ အား ဘားအံမြို့ရေပေါ်ဈေးကို အခြေခံ၍ လက်လီ/လက်ကားဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ ဈေးနှုန်းများမှာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင်(၂၅၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှုန်းတို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ကရင်)

ကရင်ပြည်နယ်ဒေသထွက် ပီလောပီနံဥ ဈေးနှုန်းအခြေအနေ

  ရာသီစာဖြစ်သည့်  ကရင်ပြည်နယ်ဒေသထွက် ပေါ်ဦးပေါ်ဖျားပီလောပီနံဥကို ဘားအံမြို့ အနီး တစ်ဝိုက်ရှိကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့လာရောက်ရောင်းချကြပါသည်။ဒေသခံ တောင်သူ များသည် ‌ပီလောပီနံဥကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ပီလောပီနံသည် လူသားတို့နှင့်သဘာဝပတ်ဝန်းကျင်ကို ထိကိုက်မှုနည်းပြီး နိုင်ငံခြား ဝင်ငွေရရှိနိုင်သောကြောင့် စိုက်ပျိုးသင့်သောသီးနှံတစ်ခုဖြစ်သည်။

   ပီလောပီနံဥကို ပြုတ်၍စားစား၊ ပြန်ပေါင်းလုပ်၍စားစား  အရသာရှိလှပါသည်။ ပီလောပီနံမှ အမျှင်ဓာတ်နဲ့ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်နေသလို အကျိုးပြုကိုလက်စထရောနဲ့ပရိုတင်းတို့လည်း ပါဝင်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတတိယပတ်တွင် ‌ပီလောပီနံဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်နှုန်းတို့ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် အဝယ်လိုက်ကာရောင်းချ လျက်ရှိကြောင်း သိရသည်။

DOCA(ကရင် )

ဘားအံမြို့ဒေသထွက်ပိန်းဥဈေးနှုန်းအခြေအနေ

  ရာသီစာဖြစ်သည့်  ကရင်ပြည်နယ်ဒေသထွက် ပိန်းဥကို ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ပိန်းဥကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ် လည်းစိုက်ပျိုးကြသည်။ ပေါ်ဦးပေါ်ဖျားအချိန်တွင် ပိန်းဥများအဝယ်လိုက်ကာ တစ်ပတ်လျင် ပိဿာချိန် ၁၀၀ကျော် ဝင်ရောက်မှုရှိကြောင်း သိရသည်။
   ပိန်းဥကို ငါးမီးကင်၊ ပုဇွန်ခြောက်၊ ဒန့်သလွန်ရွက်တို့ဖြင့် ဟင်းချိုချက်၍လည်းကောင်း၊ ငါးခြောက် ဖြင့်အချဉ်ဟင်းရည်အဖြစ်လည်းကောင်း၊ အမဲသား၊ ဝက်သားနှစ်လည်း ဟင်းအဖြစ်လည်းကောင်း၊ ပြုတ်၍ ဆီဆားတို့ဖြစ်လည်းတို့စားပါက ထမင်းမြိန်စေသည်။ ပိန်းဥထဲတွင် ပရိုတင်းဓာတ်၊ သံဓာတ်၊ ကြေးဓာတ်တို့ ပြည့်ဝစွာပါဝင်သည်။
  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်၏ ပိန်းဥဈေးနှုန်းမှာ အရွယ်အစားအလိုက် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် အသင့်စားပိန်းဥဈေးနှုန်းမှာ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်နှုန်းတို့ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဒေသထွက်ဖူးစားပြောင်း ခေါ် ရှမ်းပြောင်းများ ဈေးနှုန်းအခြေအနေ

    ကယားပြည်နယ်ရှိ ဒေသခံပြည်သူများသည် စားဝတ်နေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကို အများဆုံးလုပ် ကိုင်စားသောက်ကြပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများအနက်  ပြောင်းဖူးစိုက်ပျိုးရေး လုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်ကြပါသည်။ ပြောင်းဖူးအမျိုးအစားများမှာ သကြားပြောင်း၊ ကုလားပြောင်း၊ ဖူးစားပြောင်းခေါ် ရှမ်းပြောင်းဟူ၍ အမျိုးမျိုးရှိပြီး ယခုလတွင် ဒေသထွက်ဖူးစား ပြောင်း ခေါ် ရှမ်းပြောင်းသည် အများဆုံးထွက်ရှိပြီး ဈေးကွက်အတွင်း အများအပြားတွေ့ရှိပါသည်။ ဖူးစားပြောင်းကိုရှမ်းပြောင်းဟူ၍လည်း အချို့ကခေါ်ဝေါ်ကြပါသည်။ အချို့အရပ်ဒေသ၌ ကောက်ညှင်း ငချိတ်ပြောင်း ဟူ၍လည်း ခေါ်ကြပါသေးသည်။ ကောက်ညှင်းကဲ့သို့ ကပ်စေး၍ အရသာမှာအလွန် နူးညံ့သောကြောင့် ဖြစ်ပါသည်။ ဖူးစားပြောင်းများကို ပြုတ်၍သော်လည်းကောင်း၊ ကြော်၍သော် လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသောက်ကြပါသည်။ ဖူးစားပြောင်းများကို ကယားပြည်နယ်၊ လောပိတမြို့၊ မိုက်ကမ်းကျေးရွာ၊ ရှမ်းရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ပြောင်းဖူးအစိမ်း တစ်လုံးလျှင်(၅၀၀-၆၀၀)ကျပ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြုတ်ပြီးသား ပြောင်းဖူး တစ် လုံးလျှင်(၆၀၀-၇၀၀)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ဈေးသည်များထံမှ သိရှိရပါ သည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း