Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီနေကြာသီးနှံဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာ ဟူ၍(၂)မျိုးရှိပြီး၊ ကန့်ဘလူမြို့နယ်တွင် ဆောင်းနေကြာကို (၂၉၃၅)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

     ကန့်ဘလူမြို့ယ်၌ နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများ ဆုံးစိုက်ပျိုးကြောင်း၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း နေကြာ(၁)တင်း လျှင်(၅၄၀၀၀)ကျပ်၊ နေကြာညံ့လျှင် (၅၃၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ဆီနေကြာ(၁)တင်းလျှင် (၄၅၀၀)ကျပ်ကျဆင်းသွားကြောင်း၊ ဒေသတွင်းထွက်ရှိ သည့်ဆီနေကြာသီးနှံကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 ကန့်ဘလူမြို့ဆီထွက်သီးနှံဈေးကွက်ရှိ နှမ်းနက်၊နှမ်းဖြူဈေးနှုန်း

     ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိပွဲရုံ များသို့တင်ပို့ကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၂၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ပထမပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း နှမ်းနက်(၁)တင်းလျှင် (၁၅၀၀၀)ကျပ် ဆက်လက်ကျဆင်းသွားကြောင်း၊ သီးနှံဈေးနှုန်းမှာ အချိန်နှင့်အမျှ ပြောင်းလဲမှုရှိကြောင်း  ဒေသတွင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)

 

                                                                  

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေ ဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ မြှားကမ္ဘာ (50)kgတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ အာမို၊ ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေ ဩဇာ(50)kg တစ်အိတ်လျှင်(၁၇၀၀၀၀)ကျပ်၊ ရွှေနဂါး ပုလဲသာ(50)kg တစ်အိတ်လျှင် (၁၁၀၀၀၀) ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီ တစ်ဘူးလျှင် (၁၅၀၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီတစ်ဘူးလျှင်(၄၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရှိရသည်။ 

DOCA (စစ်ကိုင်း)

 

ကန့်ဘလူမြို့ပဲဈေးကွက်တွင် ထောပတ်ပဲသီးနှံဈေးနှုန်း ပြန်လည်မြင့်တက်

        စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိ ကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများတွင် စိုက်ပျိုးကြပြီး ထောပတ်ပဲ(ဆောင်း)သီးနှံကို ယခုအချိန်တွင် ရိတ်သိမ်းပြီး ဖြစ်ကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၃၅၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၂၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ထောပတ်ပဲသီးနှံ(၁)တင်းလျှင် (၂၅၀၀) ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း၊ ကန့်ဘလူခရိုင်အတွင်းမှ စားသုံး၍ပိုလျှံသည့် ထော ပတ်ပဲသီးနှံကို  မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင် များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

 

 ကန့်ဘလူမြို့နယ်၌ ဈေးနှုန်းဆက်လက်မြင့်တက်နေသော စွန်တာနီ(ပဲနီ)ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာ နှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး ဆောင်းသီးနှံ စွန်တာနီ(ပဲနီ)(၁၃၉၃)ဧက စိုက်ပျိုးရိတ် သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

    ၂၀၂၅ ခုနှစ် ဩဂုတ်လ ဒုတိယပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၁၀၆၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း စွန်တာနီ(ပဲနီ)(၁)တင်းလျှင် (၇၀၀၀) ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့ပဲဈေးကွက်၌ ကုလားပဲဈေးနှုန်း ဆက်လက်ကျဆင်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလားပဲ သီးနှံကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ဆောင်းကုလားပဲ(၆၉၁၉)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ်(၁)တင်း လျှင် (၇၂၀၀၀)ကျပ်၊ ကုလားပဲ(929)(၁)တင်းလျှင်(၇၅၅၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင် (၇၈၅၀၀)ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင် (၇၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်း လျှင်(၃၀၀၀)ကျပ်၊ (929)(၁)တင်းလျှင် (၂၅၀၀)ကျပ်၊ (V2)(၁)တင်းလျှင် (၃၅၀၀)ကျပ်နှင့် (V7)(၁) တင်းလျှင် (၃၅၀၀)ကျပ် ဆက်လက်ကျဆင်းနေကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲ များကို မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်း ရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူဈေးနှုန်း အနည်းငယ်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူရှမ်းဥအလုံး ကြီး(၁)ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်၊ ဗမာဖြူ(၁)ပိဿာလျှင်(၆၀၀၀မှ ၈၀၀၀)ကျပ်နှင့် ဗမာ ဖြူ(၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ အစားအသောက်ချက်ပြုတ်ရာ တွင် အနံ့အရသာအတွက် ကြက်သွန်ဖြူကိုအသုံးပြုသည့်အတွက် စားသောက်ဆိုင်များနှင့် အိမ်ရှင်မ များအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ ကျန်းမာရေးဓာတ်စာအဖြစ် စားသုံးကြသည့်အတွက် ပုံမှန်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 ကန့်ဘလူမြို့နယ်၌ ကြက်ဆူစေ့သီးနှံဈေးနှုန်း ပြန်လည်မြင့်တက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာကြက်ဆူစေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြောင်း၊ ကြက်ဆူစေ့သီးနှံများသည် ကန့်ဘလူမြို့ နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှဝင် ရောက်လျက်ရှိ ပြီး ကြက်ဆူစေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် အပိုဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း  ကြက်ဆူစေ့တစ်တင်းလျှင် (၄၆၈၀၀)ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ပထမပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ကြက်ဆူစေ့(၁)တင်းလျှင် (၁၃၀၀)ကျပ်ဈေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း၊ ကြက်ဆူစေ့များကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ ရောင်းချကြောင်း၊ ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဒန့်ဒလွန်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိ မှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

          မြန်မာလူမျိုးများသည် ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်တို့ကို နှစ်သက်စွာ ချက်ပြုတ်စားသောက် ကြကြောင်း၊ ဒန့်ဒလွန်တစ်ပင်လုံးသည် ကျန်းမာရေးအတွက်အကျိုးပြုသော အဟာရဓာတ်များစွာ ပါဝင်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒန့်ဒလွန်သီး (၁)စီးလျှင်(၅၀၀)ကျပ်၊ (၂)စီးလျှင်(၈၀၀)ကျပ်နှင့် အရွက်(၁)စီးလျှင် (၃၀၀)ကျပ်တို့ဖြင့် ရောင်းချ ကြောင်း၊ မိမိတို့နေအိမ်ခြံဝန်းမှ စိုက်ပျိုးထွက်ရှိသည့်အတွက် စားစရာဟင်းတစ်ခွက်အပြင် အသီး၊အရွက်တို့ကို ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိ နေသည့်အတွက် စိုက်ပျိုးသင့် ကြောင်း သိရသည်။  

DOCA (စစ်ကိုင်း)

 

ကန့်ဘလူမြို့ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကြံသကာဈေးနှုန်းအနည်းငယ်ကျဆင်း

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ရာသီပေါ်ကြံသကာများလည်း ရောင်းချနေကြောင်း သိရသည်။

      ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကြံသကာများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ် ၊ (၅၀)ကျပ်သားလျှင် ၃၀၀၀ ကျပ်နှင့် (၁၀)ကျပ်သားလျှင် ၆၅၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ကြံသကာကို အစားသောက်များ၊ မုန့်လုပ်ငန်းများနှင့် သရေစာအဖြစ် စားသုံးကြသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြံသကာ(၁)ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း