Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်ကောင်း၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုများလာသော ကြောင်ပန်းပင်များ

        မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သရက္ကန်အုပ်စုရှိ ကျေးရွာများတွင် ယခင်နှစ်မှစ၍  ကြောင်ပန်းစေ့ဈေးနှုန်းများကောင်းလာသဖြင့် ကြောင်ပန်းပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုများလာခဲ့ကြပါသည်။ ဒေသခံများသည် ချောင်းရိုးတစ်လျှောက်တွင် မိမိတို့ယာမြေများ ရေတိုက်စားခြင်းမှကာကွယ်ရန်အတွက် ရေတားသဘောမျိုးဖြင့် စိုက်ပျိုးခဲ့ကြရာမှ ‌ဈေးနှုန်း၊ ဈေးကွက်ကောင်းလာသဖြင့် ဆက်လက်၍ အများအပြားစိုက်ပျိုးလာကြပြီး တချို့မှာလည်း ရေရရှိနိုင်မှု၊ ရေနှင့်နီးသည့်နေရာများနှင့် နေရာလွတ်သည့် မိမိတို့အိမ်ဝိုင်းများအတွင်း၌ တိုးချဲ့စိုက်ပျိုးလာကြကြောင်းသိရပါသည်။ ကြောင်ပန်းပင်များကို ကိုင်းဖြတ်ပျိုးထောင်၍ စိုက်ပျိုးကြပြီး၊ ပျိုးပင်တစ်ပင်လျှင်(၁၀၀၀/ ၁၅၀၀)ကျပ်ခန့်ရှိကြောင်း၊ ကြောင်ပန်းပင်မှာ ကိုင်းများဖြာထွက်သော အပင်မျိုးဖြစ်သည့်အတွက် အနည်းဆုံး (၁၀)ပေခြားစိုက်ပျိုးကြပြီး၊ အိမ်ဝိုင်းများအတွင်း၌ မြေနေရာပေါ်မူတည်ပြီး သင့်လျော်သည့်စိုက်ပျိုးမှုများလည်းရှိပါသည်။ ပျိုးထောင်ပြီး (၂)ပတ်ခန့်အကြာတွင် အညွန့်အတက်များထွက်လာပြီး မြေချစိုက်ပျိုးနိုင်ကြောင်းနှင့် ကိုင်းဖြတ်ပြီး ပျိုးထောင်မှုမပြုဘဲ တိုက်ရိုက်ချစိုက်၍လည်းရကြောင်း၊ တစ်နှစ်သားတွင် စတင်ထွက်ပေါ်ကြောင်းသိရသည်။ ခူးဆွတ်မှုအနေဖြင့် (၁၀၊ ၁၅)ရက်ခြား ခူးဆွတ်ကြရကြောင်းနှင့် မိုးရွာသွန်းမှုနည်းပါက ပြဆေးကို (၁၅) ရက်တစ်ကြိမ်ခန့်ဖြန်းပေးရကြောင်းနှင့် မိုးရွာသွန်းမှုများလျှင် အနည်းငယ်သာဖြန်းပေးရန်လိုအပ်ကြောင်း၊ အသီးအားဆေးကိုလည်း အနည်းငယ်ဖြန်းပေးရပြီး၊ လက်ရှိစိုက်ပျိုးမှုတွင် ဒေသအနေဖြင့် အပင်အတွက် မြေဆီကို သီးသန့်ကျွေးရန်မလိုဘဲ အပင်ဖြစ်ထွန်းမှုကောင်းကြောင်း၊ ကျေးရွာရှိဒေသခံများအနေဖြင့် ယခုအချိန်တွင် ရေရရှိမူအခြေအနေအရ ဧကလိုက်စိုက်ပျိုးနိုင်မှုမရှိသေး၍ တစ်ဧကကုန်ကျမှုအား မသိရှိနိုင်သေးပါကြောင်းနှင့် ၂၀၂၂ခုနှစ်တွင် မိမိတို့အရပ်ဒေသ၌ ကြောင်ပန်းစေ့မှာ ဈေးကွက်တွင်ကျယ်မှုမရှိဘဲ တစ်ပိဿာ(အခြောက်)ဈေးနှုန်းအနေဖြင့် (၁၅၀၀၀) ကျပ်ခန့်သာရရှိခဲ့ကြောင်းနှင့် ၂၀၂၃ခုနှစ်မှစ၍ ဈေးနှုန်း၊ ဈေးကွက်များကောင်းလာကြောင်နှင့် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ခန့်ဖြင့် ဈေးနှုန်းစတင်ခဲ့ပြီး၊ အမြင့်ဆုံးအနေဖြင့် (၄၀၀၀၀) ကျပ်ထိရှိခဲ့ကြောင်းသိရသည်။ ကြောင်ပန်းသီးများမှာ နှစ်စဉ် မေလမှစ၍ အောက်တိုဘာလထိ (၅)လ/ (၆)လခန့်ခူးဆွတ်ရရှိကြောင်း၊ ယခုနှစ် အဖွင့်ဈေးမှာ (အခြောက်) တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်ခန့်ဈေးဖြင့်စတင်ခဲ့ပြီး ဇွန်လ ဒုတိယပတ်ခန့်မှစ၍ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ခန့်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ဩဂုတ်လအတွင်း၌ (၄၁၀၀၀)ကျပ်ထိဈေးနှုန်းမြင့်တက်ခဲ့ပြီး စက်တင်ဘာလ လဝက်ခန့်အတွင်း၌ မိုးရွာသွန်းမှုများပြီး ခြောက်သွေ့မှုအရည်အသွေးနိမ့်၍ ဈေးနှုန်းကျဆင်းခဲ့ပြီး တစ်ပိဿာလျှင်(၃၅၅၀၀)ကျပ်ဖြစ်ပေါ်ခဲ့ကြောင်း၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဈေးနှုန်းပြန်လည်မြင့်တက်ခဲ့ပြီး (၄၂၀၀၀)ကျပ်ထိရှိလာကြောင်းသိရသည်။ ယခင်နှစ်တွင် ဒေသခံရွာသူရွာသားများ မိမိတို့အိမ်ဝိုင်းနေရာလွတ်များတွင် တစ်နိုင် တစ်ပိုင်စိုက်ပျိုးခဲ့သော ကြောင်ပန်းပင်များမှာ အသီးများစတင်ထွက်ပေါ်လျက်ရှိိ၍ မီးဖိုချောင်စရိတ်ရရှိလျက်ရှိပါသည်။ နောင်နှစ်များတွင် အထွက်နှုန်းများပိုမိုထွက်ရှိလာမည်ဖြစ်ပြီး မိသားစုအပိုဝင်ငွေများရရှိလာမည်ဖြစ်ပါသည်။ ဈေးကွက်အနေဖြင့် မန္တလေးမြို့သို့တင်ပို့ရောင်းချကြပြီး တစ်တင်းခွဲဝင်တစ်အိတ်လျှင် ကားခ (၂၅၀၀)ကျပ်ခန့်ကျသင့်ကြောင်း၊ ကြောင်ပန်းစေ့များ ဈေးကောင်းရရှိ၍ ဒေသခံများ အဆင်ပြေလျက်ရှိပြီး ပြည်ပဈေးကွက်ရှိသောကြောင့် စီးပွားဖြစ်စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ရွှေဘိုမြို့၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

     အောက်တိုဘာလ၊ ပထမအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင် (၉၅၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်နှင့်  ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင်(၂၀၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 100ccတစ်ဗူးလျှင်(၃၇၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ်ပင်လုံးပြန့်ပိုးသတ်ဆေး 500ccတစ်ဗူးလျှင်(၄၄၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ၊ ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာ၊ MCတံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း၊ ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းများမှာ စက်တင်ဘာလ ဒုတိယအပတ်ဈေးနှုန်းအတိုင်း အတက်၊ အကျမရှိဘဲဈေးငြိမ်နေကြောင်း၊ အချို့သောဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ပစ္စည်းပြတ်နေသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲလုံးဆန်ဈေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ ပထမအပတ်တွင်အရောင်း အဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆန်များမှာ စက်တင်ဘာလ၊ ဒုတိယ အပတ်မှ စတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၁၆၈၀ဝိ/-) ကျပ်ပေါက် ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀)တင်း/ (၁၀၃)တန်ဖြစ် ကြောင်း၊   ‌ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်ပတ်၌     မြေပဲလုံးဆန်တစ်တင်းလျှင် (၁၂၁၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆန် တစ်တင်းလျှင်(၄၈၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆန်တစ်တင်းလျှင်(၁၀၀၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆန်တစ်တင်းလျှင် (၁၆၀၀ဝိ/-) ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် ဝင်ရောက်မှုများလာသော်လည်း  ဒေသတွင်းဆီကြိတ်ခွဲ ထုတ်လုပ်သည့် ဆီစက်များနှင့် စားသုံးရန်အတွက် ကြိတ်ခွဲရန်ဝယ်ယူသူများရှိသဖြင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိ‌ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

နွားထိုးကြီးမြို့နယ်တွင် မိုးမြေပဲများထွက်ပေါ်

       မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၏ မိုးဦးစိုက်မြေပဲများ ရိတ်သိမ်းထွက်ပေါ်နေပြီဖြစ်ပါသည်။ နွားထိုးကြီးမြို့နယ်အနေဖြင့် ၂၀၂၃ခုနှစ်တွင် မိုးမြေပဲကို (၄၀၄၆၂)   ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄၂) တင်းခန့်ထွက်ရှိခဲ့၍ တစ်ဧကလျှင် တောင်သူအကျိုးအမြတ်အနေဖြင့် (၆၀၀၀၀၀)ကျပ်ခန့်ရရှိခဲ့ကြောင်းသိရသည်။

         ယခု ၂၀၂၄ခုနှစ်တွင် မြို့နယ်အနေဖြင့် မိုးမြေပဲကို (၄၂၄၄၀  )ဧကစိုက်ပျိုးခဲ့ပြီး မိုးဦးမြေပဲကို နှစ်စဉ် မိုးရွာသွန်းမှုပေါ်မူတည်၍ ဇွန်လနှင့်ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြပြီး၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်းသိရသည်။ မြေပဲများခူးဆွတ်ရာတွင် ငွေကြေးပေးချေမှုမပြုဘဲ ခူးဆွတ်မှုတစ်တင်းရလျှင် မြေပဲ (၂)ပြည်နှုန်းဖြင့် ခူးဆွတ်သူက ရရှိမည်ဖြစ်ပြီး၊ စိုက်ကွက်မှ တလင်းသို့ သယ်ယူမှုအနေဖြင့် နွားလှည်းကိုအသုံးပြုမှုနည်းလာပြီး၊ ထော်လာဂျီဖြင့် သယ်ယူကြသဖြင့် ထော်လာဂျီတစ်စီးတိုက်ကို ခရီးအနီးအဝေးအလိုက် (၁၅၀၀၀)ကျပ်မှ (၂၀၀၀၀) ကျပ်ခန့်ကျသင့်၍ ဒေသခံထော်လာဂျီသမားများလည်း သီးနှံများပေါ်ချိန်တွင် အဆင်ပြေလျက်ရှိကြောင်းသိရသည်။ မိုးဦးစိုက်မြေပဲများမှာ စက်တင်ဘာလ ဒုတိယပတ်ခန့်မှ၍ ထွက်ပေါ်လျက်ရှိရာ ဒေသပေါက်ဈေးအနေဖြင့် မြေပဲတောင့်အစိုတစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ အခြောက်တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခင်နှစ် ထွက်မြေပဲဈေးနှုန်းများအနေဖြင့် မြေပဲလုံးဆန်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ မြေပဲလုံးဆန်တစ်ပိဿာလျှင် (၇၃၀၀)ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၅၃၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ငါန်းဇွန်မြို့နယ်တွင် မိုးဦးမြေပဲများရိတ်သိမ်းထွက်ပေါ်

           မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းတွင် တည်ရှိသည့်အလျောက် ယေဘူယျအားဖြင့် ပြန့်ပြူးသောမြေမျက်နှာသွင်ပြင်ရှိပြီး ပူးပြင်းခြောက်သွေ့သော ရာသီဥတုရှိ၍ မိုးရွာသွန်းမှုကိုအခြေပြုကာ သီးနှံများအား စိုက်ပျိုးမှုပြုရသောဒေသတစ်ခုဖြစ်ပါသည်။ ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းရာ မြစ်ကမ်းမြို့နယ်တစ်ခုဖြစ်ပြီး မြစ်နှင့်နီးသည့်ဒေသများ၌ ရေကျချိန်တွင် ပဲမျိုးစုံ၊ ပြောင်းနှင့်ဆေးရွက်ကြီးပင်များကိုစိုက်ပျိုးမှုရှိပြီး ကုန်တွင်းပိုင်းတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်းနှင့် ပဲစင်းငုံ၊ ဝါသီးနှံတို့ကို အများဆုံးစိုက်ပျိုးကြပါသည်။

          ၂၀၂၄ခုနှစ်၌ ငါန်းဇွန်မြို့နယ်တွင် မြေပဲသီးနှံကိုစိုက်ပျိုးရန်အတွက် လျာထားမှုအနေဖြင့် (၁၈၂၇၂) ဧကရှိပြီး၊ အမှန်စိုက်ပျိုးနိုင်မှုအနေဖြင့် (၁၈၉၆၈)ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခင်နှစ်ဖြစ်သည့် ၂၀၂၃ခုနှစ်တွင် မြို့နယ်အနေဖြင့် မြေပဲစိုက်ပျိုးရန်အတွက် လျာထားမှုမှာ (၁၈၂၆၅)ဧကရှိခဲ့ပြီး၊ အမှန်စိုက်ပျိုးနိုင်မှုမှာ (၁၈၉၆၁)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄၅) တင်းခန့်ထွက်ရှိခဲ့ပါသည်။ ဒေသအခေါ် မိုးဦးမြေပဲကို နှစ်စဉ်မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ပါသည်။ ဒေသအနေဖြင့် ပင်ထောင်နှင့် ပင်ပြန့်နှစ်မျိုးကိုစိုက်ပျိုးကြပြီး တန်းဆွဲ၍ မြေပဲစိုက် တန်း(၄)တန်းလျှင် ပဲစင်းငုံတစ်တန်းနှုန်းဖြင့် ပဲစင်းငုံသီးနှံကိုလည်း သီးညှပ်အဖြစ် ထည့်သွင်းစိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် မြေပဲဆန်(၁၀)ပြည်မှ (၁၆)ပြည်ခန့်ထည့်သွင်းစိုက်ပျိုးကြပြီး၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ထွန်ယက်ခ၊ မျိုး၊ သွင်းအားစု၊ လုပ်သားခများအပါဝင် (၅၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ယခင်နှစ်မိုးမြေပဲစိုက်ပျိုးချိန်တွင် မျိုးဈေးအနေဖြင့် မြေပဲဆန်တစ်ပြည်လျှင် (၇၀၀၀)ကျပ်၊ အတောင့်တစ်တင်းလျှင် (၄၀၀၀၀)ကျပ်ဈေးများဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်မြေပဲစိုက်ရာသီတွင် မျိုးမြေပဲဆန်တစ်ပြည်လျှင် (၁၀၀၀၀)ကျပ်၊ အတောင့်တစ်တင်းလျှင် (၄၂၀၀၀)ကျပ်များရှိခဲ့ကြောင်း၊ ယခင်နှစ်မိုးမြေပဲပေါ်ချိန်တွင် အဖွင့်ဈေးအနေဖြင့် မြေပဲအစိုတစ်တင်းလျှင်(၃၀၀၀၀)ကျပ်၊ အခြောက်တစ်တင်းလျှင် (၃၅၀၀၀)ကျပ်ခန့်ဖြစ်ပေါ်ခဲ့ကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၃၀)တင်းမှ (၄၀)တင်းနှုန်းခန့်ထွက်ပေါ်ခဲ့၍ ယခင်နှစ်တွင် တစ်ဧကတောင်သူအကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀)ကျပ်ခန့်ရရှိခဲ့ကြောင်း၊ ရောင်းချမှုဈေးကွက်အနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြပါသည်။ လက်ရှိမြေပဲပေါ်ချိန်တွင် ကျေးရွာများ၌ ဖြစ်ပေါ်နေသောဈေးနှုန်းမှာ တစ်တင်းလျှင် (၄၀၀၀၀)ကျပ်ခန့်ဖြင့် ဈေးစတင်ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ယခုနှစ်မြေပဲများမှာ ရာသီဥတုသင့်တင့်မှုရှိ၍ ဖြစ်ထွန်းမှုကောင်းကြောင်း သရက္ကန်အုပ်စု၊ အောင်ချမ်းသာကျေးရွာရှိ မြေပဲစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(မန္တလေး)

သာယာဝတီမြို့နယ်၏ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများဈေးကွက်

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဈေးရပ်ကွက်၊ ဈေးလမ်းရှိ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၏ ဈေးဆိုင်များတွင် (၃-၁၀-၂၀၂၄)ရက်နေ့တွင်ရောင်းချလျက်ရှိသော ကုန်စည်၊ သားငါး၊ ဟင်းရွက်ဟင်းသီးဈေးနှုန်းများမှာ ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ဆန် (၂အိတ်)၊ ဆီတစ်ပိဿာလျှင် (၇၆၀၀)ကျပ်နှုန်းဖြင့် ဆီ (ပိဿာ၂၅)၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် ကြက်ဥ (၃၀၀)လုံး၊ ဝက်သားတစ်ပိဿာလျှင်  (၁၅၀၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ၊ ကြက်သားမွေးမြူရေးတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်နှုန်းဖြင့် (၂၀) ပိဿာ၊ အမဲသားတစ်ပိဿာလျှင်  (၁၂၀၀၀)ကျပ်နှုန်းဖြင့် (၁၅)ပိဿာ၊ ဝက်သားတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် ဝက်သား (၂၅) ပိဿာ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် (၃၀) ပိဿာ၊  သခွားသီး၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ပြောင်းဖူး၊ ‌ရုံးပတီသီး၊ ဘူးညွန့်၊ သံပရာသီး၊ ချဉ်ပေါင်ရွက်၊ ငှက်ပျောသီး၊ ကန်စွန်းရွက် စသော အသီးအနှံများနှင့် ကြက်သွန်နီ၊ အာလူး၊ ပန်းမံများကို ပြည်သူများအား ချိုသာသောဈေးနှုန်းဖြင့် လိုအပ်သလို နေ့စဉ်ဝယ်ယူရရှိနိုင်ပြီး၊ သာယာဝတီမြို့နယ်၏ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများရောင်းချပေးသော အရောင်းဈေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချမှု

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များသည် ဆန်များကို သက်သာသောနှုန်းထားဖြင့် ဗွီနိုင်းချိတ်ဆွဲရောင်းချနေခြင်းကို ဇွန်လ(၂၄)ရက်နေ့မှ စတင်ရောင်းချခဲ့ရာ ယနေ့အောက်တိုဘာလ(၃)ရက်နေ့အထိ နေ့စဉ် အကန့်အသတ်မရှိဘဲ ဝယ်ယူလိုသည့်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါသည်။ (၃-၁၀-၂၀၂၄)ရက်နေ့တွင် ဆန်စက်နှင့် ဆန်ဆိုင်တို့မှ ဧည့်မထဆန်၊ ရက်(၉၀)ဆန်၊ မနောသုခဆန်တို့အား ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ဆန်အိတ် (၃၆)အိတ်၊ လူဦးရေ (၂၅၃)ဦးအား ရောင်းချပေးပြီးဖြစ်ကြောင်းနှင့် လိုသလောက်ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ဆန်ကုန်သည်များအနေဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ သာယာဝတီမြို့နယ်အနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချနေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့တွင် အသားငါးစျေးတည်ငြိမ်လျက်ရှိ

           ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့မဈေးကြီးတွင် အသားငါး၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အလှကုန်လူသုံးကုန်ပစ္စည်းများ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာရောင်းချလျက်ရှိပါသည်။

          ညောင်လေးပင်မြို့မစျေးရှိ အသားငါးစျေးနှုန်းများကိုစုံစမ်းခဲ့ရာ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ၊ ပထမအပတ်တွင် ဒေသကြက်(တောကြက်သား) တစ်ပိဿာလျှင်  ၂၄၀၀၀ကျပ်၊   မွေးမြူရေးကြက် (CP) ကြက်တစ်ပိဿာလျှင်  ၁၆၀၀ကျပ်၊  ဝက်သားသုံးထပ်သားတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ ဝက်သား အသားသီးသန့်တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငါးကြင်းဖြူတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင်   ၂၅၀၀၀ကျပ်၊ ပုစွန်အလတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊  ဆိတ်သားတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့နယ်အတွင်း စားအုန်းဆီ သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချခြင်း

        (၃-၁၀-၂၀၂၄) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မြို့မ(၄)ရပ်ကွက်ရှိ အခြေခံလူတန်းစားများအား ညောင်လေးပင်မြို့နယ် ဆီ လက်လီ/ လက်ကားရောင်းချသော လုပ်ငန်းရှင်များမက စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

         ညောင်လေးပင်မြို့၊ မြို့မ(၄) ရပ်ကွက်သို့ လှည့်လည်ရောင်းချရာတွင်  စားအုန်းဆီ () ပိဿာလျှင် (၇၈၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် (၅၀)ကျပ်သား၊ စားအုန်းဆီပိဿာချိန် (၂၂၀) ပိဿာ၊ လူဦးရေ(၄၄၀)ဦးအား ရောင်းချပေးခဲ့ရာတွင် ညောင်လေးပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

 

 

 

 

 

 

 

ကောက်စောစပါးများ စတင်ရိတ်သိမ်း

        ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ရှိ ဒိုးတန်း၊ ရွှေအင်ဒုံ၊ တကောင်းကျေးရွာရှိ လယ်ကွင်းများတွင် ဆင်းသုခ၊ ရက် ၉၀ စပါးများ စတင်ထွက်ပေါ်နေပြီး တစ်ဧကလျှင် (တင်း၈၀-၉၀) ခန့် ပျမ်းမျှထွက်ရှိပြီး စပါးဈေးမှာ  စပါး၏ အစိုာါတ်နှင့်  အရည်အသွေးပေါ်မူတည်ပြီး စပါးတင်း၁၀၀လျှင် ၁၄၀၀၀၀၀ကျပ်မှ ၁၅၀၀၀၀၀ကျပ်ဖြင့်ဝယ်ယူနေကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း