Main menu

ရာသီစာ ပိန်းဥ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     ရွှေဘိုမြို့တွင် ဩဂုတ်လ ဒုတိယပတ်မှစ၍ ရာသီစာ ပိန်းဥများ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ အချိန် (၃၀)ပိဿာမှ (၃၅)ပိဿာထိပါဝင်‌သော ပိန်းဥ တစ်အိတ်လျှင်  (၇၅၀၀၀)ကျပ်ဖြင့် မန္တလေးမြို့ပွဲရုံများမှ မှာယူရောင်းချရကြောင်း သီးနှံ ရောင်းချသူများမှ သိရသည်။

   ပိန်းဥကို ပြုတ်စား၍သော်လည်းကောင်း၊ အရွက်စုံဖြင့် ရောကာ ဟင်းချိုချက်သောက်၍သော်လည်းကောင်း အမျိုးမျိုးနှစ်သက်သလို စားသုံးကြပြီး၊ ပိန်းဥ စားသုံးခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းစေခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း၊ မျက်စိကျန်းမာစေခြင်း စသည့် ကျန်းမာရေးကောင်းကျိုးများရှိသည်ဟု သိရသည်။

    ယခု ဩဂုတ်လ နောက်ဆုံးပတ်တွင် ပိန်းဥ လက္ကားတစ်ပိဿာလျှင် (၂၇၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် ဒေသတွင်း စားသုံးသူများ၊ ဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချသူများ၊ ပိန်းဥပြုတ် ရောင်းချသည့် ညနေဈေးသည်များမှ တစ်ဆင့် ဝယ်ယူ၍ ဝင်ရောက်သမျှ အရောင်းအဝယ်သွက် လျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင် သာယာဈေးအတွင်းရှိ သီးနှံ လက္ကားဒိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)