Main menu

မြိတ်ခရိုင်ရှိ နနွင်းထုတ်လုပ်ရောင်းချနေမှုနှင့် စျေးနှုန်းစျေးကွက်

Powered by Drupal

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် နွယ်ပင်အမျိုးအစားဖြစ်သော နနွင်းပင်ကို စီးပွားဖြစ်သော် လည်ကောင်း၊ အိမ်တွင်းသုံးစွဲရန်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိပြီး အခြားဒေသ၊ ကျေးရွာ၊ မြို့များနှင့်‌စျေးများသို့ တင်ပို့‌ရောင်းချလျက်ရှိပါသည်။ နနွင်းပင်မှ ရရှိသော နနွင်းတက်ကို သန့်ရှင်း ပြီး အခြောက်လှန်းကာ ကြိတ်၍ နနွင်းမှုန့်ရရှိလာမည်ဖြစ်သည်။  နနွင်းကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် ထည့်စွဲလေ့ရှိကြပြီး သဘာဝအရရရှိသောကြောင့် ဘေးထွက်ဆိုးကျိုးမရှိသည့် အပြင် ကျန်းမာရေးအရအသုံးဝင်သော အမှုန့်ဖြစ်သည်။ ၎င်းအပြင် သဘာဝပိုးသတ်ဆေးအဖြစ် လူ၊ တရိစ္ဆာန်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင်လည်း သုံးစွဲလေ့ရှိကြပါသည်။

မြိတ်မြို့တွင် သဘာဝအရထုတ်လုပ်ထားသော နို့စည်ဘူးတစ်ဘူးအပါ နနွင်းတစ်ထုတ်လျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)