Main menu

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

Powered by Drupal

      သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခု တစ်ပတ်(၂၉.၈.၂၀၂၅) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲ မှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၀၂၅ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၉၃၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၅၃၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၁၄၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၉၉၅ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၉၁၅ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာ မှာ ၂၅၄၀ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၃၁၄၅ ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။ ယခုတစ်ပတ်အတွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်)မှာ ၅ ကျပ် ဈေးကျပြီး  ဒီဇယ်(ရိုးရိုး) မှာ ၅ ကျပ်ဈေးကျ ကြောင်း၊  ဓါတ်ဆီ (အဆင့်မြင့်)မှာ ၃၀ ကျပ်ဈေးတက်ပြီး  ဓါတ်ဆီ(ရိုးရိုး)မှာ ၂၀ ကျပ် ဈေးတက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)