Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၏ ‌ပဲလင်းမြွေသီးနှင့် သခွားသီး ဈေးနှုန်း

ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်တွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး  တို့ကို စိုက်ပျိုး သည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခု ဩဂုတ်လ ဒုတိယအပတ်တွင် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အကြီး တစ်တောင့်လျှင် လက်လီဈေး(၈၀၀)ကျပ်၊ အလတ် တစ်တောင့်လျှင် လက်လီဈေး (၆၀၀)ကျပ် နှင့် အသေး တစ်တောင့်လျှင် လက်လီဈေး(၄၀၀)ကျပ် အလားတူပင် သခွားသီး ဈေးနှုန်း အနေဖြင့် ဒေသထွက် ရိုးရိုး ဗမာသခွားသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ် နှင့် အလတ်(၁)လုံးလျှင် (၆၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အပတ်ထက် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး နှင့် သခွားသီး ဈေးနှုန်း အနည်းငယ်စီ ကျဆင်းပြီး  အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပန်းဂေါ်ဖီဈေးနှုန်းများ

သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ရောင်းချလျရှိသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင်(၅၀၀၀)ကျပ် နှင့် အသေး တစ်ပွင့် လျှင်(၄၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း(၁၀၀၀) ကျပ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့ အိုးဖရုံသီး/ရွှေဖရုံသီး ဈေးနှုန်း/ဈေးကွက်

             မိတ္ထီလာခရိုင်တွင်း သာစည်မြို့နယ်ရှိ ညောင်တိုကျေးရွာတွင် ရွှေဖရုံသီးများကို စီးပွားဖြစ် စိုက်ပျိုးခဲ့ရာ ယခုအခါ တွင်အိုးဖရုံသီးများကိုပါတိုးချဲ့စိုက်ပျိုးလာကြောင်းသိရပါသည်။ ရွှေဖရုံသီး/ အိုးဖရုံသီးများကိုဇူလိုင်လလယ်မှစ၍စတင်ထွက်ရှိပြီးအောက်တိုဘာလလောက်ထိခူးဆွတ်နိုင်ကြောင်း၊ ၊ ဈေးကွက်တွင် ဒေသတွင်း ထွက်ရှိသောရွှေဖရုံသီး ၊ အိုးဖရုံသီးများအပြင် ရှမ်းပြည်နယ်မှလာသော ရှမ်းဖရုံသီးများဝင်ရောက်လျှက်ရှိကြောင်း ၊  ရွှေဖရုံသီး ၊အိုးဖရုံသီး များမှာအလုံးအနေတော်ဖြစ်၍ တစ် လုံးဈေးရောင်းချပြီး ၊ ရှမ်းဖရုံသီးများ မှာ အလုံးကြီးများဖြစ်၍ ပိဿာဈေးဖြင့် ရောင်းချကြကြောင်း သိရ ပါသည်။

          ဈေးကွက်အတွင်း ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် ဒေသတွင်းရွှေဖရုံသီး/အိုးဖရုံသီး အလုံး(ဂျွန်)(၆၀)ပါအိတ် (၂၀/၃၀)ဝင်ရောက် လျှက်ရှိပြီး ၊ ရှမ်းပြည်နယ်ဘက်မှ ရှမ်းဖရုံသီး (၃၀၀/ ၄၀၀)ဝင်ရောက်လျှက်ရှိကြောင်း ၊ တင်ပို့မှုအနေဖြင့် ဒေသတွင်းအပြင် တောင်သာ ၊ ပခုက္ကူ ၊ ရန်ကုန် ၊ မော်လမြိုင်မြို့များသို့ (၂)ရက်ခြားတင်ပို့မှုရှိကြောင်း ၊ဈေးနှုန်းအနေဖြင့် ရွှေဖရုံ/အိုးဖရုံ လက်ကားဈေး အလုံး(ဂျွန်) (၆၀)ပါတစ်အိတ် (၃၀၀၀၀/)ကျပ် ၊ ရှမ်းဖရုံတစ်ပိဿာ (၁၁၀၀/)ကျပ် ၊ လက်လီဈေး အနေဖြင့် အိုးဖရုံ/ရွှေဖရုံ အလုံးအရွယ်အစားအလိုက် တစ်လုံး (၅၀၀-၈၀၀)ကျပ် ၊ ရှမ်းဖရုံ တစ်ပိဿာလျှင် ၁၃၀၀/ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း မိတ္ထီလာမြို့ ဟင်းသီးဟင်းရွက်(ဘဲကန်)လက်ကားဈေးမှသိရှိရပါသည်။

DOCA (မန္တလေး)

 

 

ကျွန်းလှမြို့၌ ရောင်းချနေသော နံနံပင် ဈေးနှုန်း

           ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ နံနံပင်၊ ပူစီနံနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် နံနံပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး လျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။  

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော နံနံပင် ဈေးနှုန်းများမှာ နံနံပင် တစ်စီးလျှင်(၁၅၀)ကျပ်၊ (၅၀၀)ဖိုး(၄)စီးဈေးနှုန်းဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဈေးမြင့်တက်လျက်ရှိသော တောမှိုအစုံ ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ရာ အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး ရောင်းချလျက်ရှိကြောင်း သိရသည်။

ယခု ဩဂုတ်လ ဒုတိယပတ်တွင် တောမှိုအစုံ တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် (၁၀)ကျပ်သား တစ်ထုတ် လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက တောမှိုများ ရှားပါးလာ သည့်အတွက် တောမှို ဈေး အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

တီလားဗီးယားငါး နှင့် ငါးလေးဒေါင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိ

ကျွန်းလှမြို့တွင်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

ယခု ဩဂုတ်လ ဒုတိယပတ်၌ တီလားဗီးယားငါး ဈေးနှုန်းများမှာ တီလား ဗီးယားငါး(အကြီး)()ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ တီလားဗီးယားငါး အသေး()ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ငါးလေးဒေါင့် ဈေးနှုန်းများမှာ ငါးလေးဒေါင့် အကြီး တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် တီလားဗီးယားငါး အသေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်နှင့် ငါးလေးဒေါင့် တစ်ပိဿာလျှင်(၂၀၀၀)ကျပ် မြင့်တက်လျက် ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူ ထံမှ သိရ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် မိုးများသောကြောင့် ဆူးပုတ်ရွက်များ လှိုင်လှိုင်ပေါနေ

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိတ်ချင်းရွက် နှင့် ဆူပုတ်ရွက်တို့ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ   လာရောက်ရောင်းချခြင်းဖြစ်ပါသည်။

 ယခု ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ရောင်းချလျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းများမှာ ဆူးပုတ်အစည်း()စည်းလျှင်(၂၀၀)ကျပ်၊ (၃)စီးလျှင် (၅၀၀)ကျပ် နှင့် (၁၀)စည်းပါ တစ်ထုံး လျှင်(၁၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး မိုးရွာသွန်းမှုများသောကြောင့် ဆူးပုတ်ရွက်များ ပေါက်ရောက်မှုများလာသည့်အတွက် ယခင်အပတ်ထက် ဆူးပုတ်ရွက်ဈေးနှုန်း အနည်းငယ် ကျဆင်း ပြီး အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသူထံမှ သိရပါ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြိုု့တွင် ဆီတို့ဟူးများ အရောင်းသွက်လျက်ရှိ

       ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်  ဆီတို့ဟူးကို ပုံးအကြီး အသေး နှင့် ရောင်းချ ပေးလျက်ရှိ ကြောင်းသိရသည်။ ဆီတို့ဟူးကို အထက်ပိုင်းဆို မိုးညှင်းမြို့နှင့် အောက်ပိုင်း တောင်ကြီးမြို့တို့မှ ဝယ်ယူရောင်ချလျက်ရှိကြောင်း သိရသည်။

          ယခု ဩဂုတ်လ ဒုတိယပတ်၌ ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဆီတို့ဟူး ဈေးနှုန်းမှာ ဆီတို့ဟူး(၁၃)ပိဿာ ပုံးကြီး တစ်ပုံးလျှင်(၂၂၀၀၀၀)ကျပ်၊ ဆီတို့ဟူး(၃၀)ကျပ်သားပါ ပုံးသေ တစ်ပုံးလျှင်(၅၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၁၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် (၂၀၀၀ ) ကျပ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဈေးမြင့်တက်လျက်ရှိသော ငါးဖယ်ခြစ် နှင့် ငါးဖယ်ဈေးနှုန်း

ငါးပတ်နှင့်ငါးပေါက်စများကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

ဩဂုတ်လ ဒုတိယပတ်တွင် ကျွန်းလှမြို့၏ ငါးဖယ်ခြစ် ဈေးနှုန်းများမှာ ငါးဖယ်ခြစ် တစ်ပိဿာ လျှင်(၂၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၁၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင် (၂၂၀၀)ကျပ်ဈေးနှုန်း ၊ ငါးဖယ် ဈေးနှုန်းများမှာ ငါးဖယ် အကောင်လိုက် လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး  ယခင်အပတ်ထက် ငါးဖယ်ခြစ် တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့နယ်တွင် တိုင်ထောင်ခရမ်းချဉ်စိုက်ပျိုးဖြစ်ထွန်း

     မိတ္ထီလာမြို့နယ်သည် လယ်ယာထွက်ကုန်သီးနှံများအနက် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးလည်း စိုက်ပျိုးဖြစ်ထွန်းမှုရှိပါသည်။ ခရမ်းချဉ်ကို ယခင်က မျိုးဗမာခရမ်းချဉ် (ကျားလျာ သီး) ကိုသာ အများဆုံးစိုက်ပျိုးကြရာမှ ယခုအခါ တိုင်ထောင်ခရမ်းချဉ်မျိုးများကိုလည်း တစ်ပိုင်တစ် နိုင် (၀.၅) ဧက၊ (၀.၇၅) ဧက မှစ၍ တိုးချဲ့ စိုက်ပျိုးလာသည်ကို တွေ့ရသည်။

          တိုင်ထောင်ခရမ်းချဉ်မျိုးကို စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေံ (၁၅၀၀) စေ့ပါ “ ၁၁၁” တံ ဆိပ် (၅) ထုပ်နှုန်းဖြင့် စိုက်ပျိုးရပြီး၊ မြေဩဇာအနေဖြင့် တစ်ဧကလျှင် ကြက်ဈေးမြေဩဇာ (၅၀) ထုပ် ခန့် အသုံးပြုရသည်။ မြေပြင်ခြင်းအတွက် စက်ထယ်၊ထွန်ခမှာ (၅၀၀၀၀) ကျပ်နှုန်းဖြင့် ထယ်ထိုးရပြီး၊ စိုက်ပျိုးပြီးနောက် အပင်ကိုတိုင်ထောင်ခြင်းအတွက် အသုံးပြုမည့် တိုင်ကို နွေရာသီ ယာမြေများအား တောမီးရှို့ချိန်တွင် တိုင်တစ်တိုင် (၁၅၀) ကျပ်နှုန်းဖြင့် ခုတ်ယူခြင်းဖြင့် စရိတ်သက်သာအောင် ပြုလုပ် ရကြောင်း၊ ကြက်ခြေးတစ်အိတ်လျှင် (၇၀၀၀) ကျပ် ၊ မျိုးစေ့တစ်အိတ်လျှင် (၃၄၀၀၀) ကျပ်တို့ဖြင့် ဝယ်ယူရခြင်း၊ တိုင်ထောင်ခြင်း၊ ကြိုးချည်ခြင်းစသည်တို့ကို ပြုလုပ်နေသဖြင့် လုပ်သားအင်အား အသုံး ပြုမှုများကြောင်း၊ မိုးရာသီ မေ၊ဇွန်၊ဇူလိုင်လများ၌ စိုက်ပျိုးခြင်းဖြစ်သော်လည်း မိုးရွာသွန်းမှုအပေါ် မူတည်ပြီး၊ မြေအစိုဓါတ်နည်းပါက ရေသွင်းခြင်းတို့ ပြုလုပ်ပေးရကြောင်း၊ အပင်သက်တမ်း ရက် (၇၀) ကြာလျှင် စတင်ခူးဆွတ်နိုင်ပြီး၊ ခူးဆွတ်ကာလမှာ (၂) ပိဿာ ကျော်ထွက်ရှိကြောင်း သိရသည်။

          မိတ္ထီလာမြို့နယ်၊ ဂွေ့အိုင်အုပ်စု၊ မိုးကောင်းစွာရှိ တိုင်ထောင်ခရမ်းချဉ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ၏ ပြောကြားချက်အရ ယခုနှစ်တွင် တိုင်ထောင်ခရမ်းချဉ်သီး တစ်ပိဿာ ကုန်ကျစ ရျတ်မှာ (၆၀၀) ကျပ် ရှိကြောင်းမှစ၍ အသီးစတင်ခူးဆွတ်စဉ်၌ အသီးအရွယ်အစားညီပြီး အလုံးလှ ကြောင်း၊ နောက်ပိုင်းတွင် အသီးအရွယ်အစား မညီညာသည့်အတွက် ဈေးနှုန်းရရှိမှု မတူညီကြောင်း သိရသည်။

          ယခုအခါ (ဩဂုတ်လဆန်း)  တိုင်ထောင်ခရမ်းချဉ်ကို မိတ္ထီလာမြို့၊ မြို့မဈေးအပြင်တန်း (ဖြိုးဝေ တန်း) ရှိ ပွဲရုံများသို့ တစ်ပိဿာ (၂၀၀၀) ကျပ်ဖြင့် သွင်းရကြောင်း၊ ခရမ်းချဉ်ဈေးမှာ ယခုကဲ့သို့ ဈေး ကောင်းဆက်လက်ရရှိမည်ဆိုပါက အကျိုးအမြတ်များမည်ဖြစ်ကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံ မှ သိရသည်။

DOCA (မန္တလေး)

 

                                                                  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း