
မိုးရာသီချိန်ဖြစ်၍ မန္တလေးကုန်စိမ်းစျေးကွက်သို့ ရွှေပဲသီးတောင့်များ ဝင်ရောက်မှုများပြားပြီး၊ စျေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့ ၄၁လမ်းဈေးနှင့် သီရိမာလာဈေးတို့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့်ရှမ်းပြည်နယ်ဒေသတို့မှ ထွက်ရှိသော ရွှေပဲသီးတောင့်သီးနှံများ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလ ပထမ ပတ်အတွင်း ပေါက်စျေးအနေဖြင့် ရွှေပဲသီးတောင့် တစ်ပိဿာလျှင် လက္ကားစျေး ၆၅၀၀ ကျပ်နှင့် ၆၇၀၀ ကျပ်၊ လက်လီစျေး ၇၅၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ ရွှေပဲသီး အရွက်(၁၀ စည်းပါ) တစ်စည်းလျှင် လက္ကားစျေး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊အရောင်း သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရပါသည်။
DOCA(မန္တလေး)