Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ ငါးဒိုင်မှ ငါးဖန့်ဝိုင်း ဈေးနှုန်း/ဈေးကွက်

ကျွန်းလှမြို့နယ်အတွင်း လူသုံးကုန်၊ စားသောက်ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက် ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ ငါးဒိုင်တွင် ရောင်းချလျက်ရှိသော ငါးဖန့်ဝိုင်း ဈေးနှုန်းအနေဖြင် ငါးဖန့်ဝိုင်း တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သည့် ငါးဒိုင်ပိုင်ရှင်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချနေသာ ဂန္ဓမာပန်း ဈေးနှုန်းမြင့်တက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက် လျက် ရှိရာ ကျွန်းလှမြို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာ  ဂန္ဓမာပန်းပင်ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရသည်။ ဂန္ဓမာပန်းများကို တစ်ရက်လျှင် အစည်းအရေအတွက်(၁၀၀ မှ ၁၅၀)ထိ ချိုးယူရောင်းချရပြီး တစ်ခါ စိုက်လျှင် တစ်လခွဲခန့်ကြာအောင် ခူးဆွတ်ရောင်းချရပါသည်။

ဩဂုတ်လ ဒုတိယပတ် ကျွန်းလှမြို့၏ ဂန္ဓမာပန်း ဈေးနှုန်းများမှာ ဂန္ဓမာပန်းတစ်စည်းလျှင် လက္ကား ဈေးနှုန်း မှာ(၁၃၀၀)ကျပ်ဈေးနှုန်း လက်လီ (၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်ရောင်းချရလျက်ရှိပြီး   ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ဂန္ဓမာပန်း ဈေးနှုန်း တစ်စည်းလျှင်(၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ဂန္ဓမာပန်း စိုက်ပျိုး ရောင်းချသူ ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီဈေးငြိမ်နေ

     မိတ္ထီလာဈေးကွက်တွင် ဩဂုတ်လ၊ပထမပတ်၌ ကြက်သွန်နီဈေးကွက်၌ နယ်ဝေးတင်ပို့မှုများ သော်လည်း ဈေးငြိမ်နေကြောင်းသိရသည်။မိတ္ထီလာမှ ဩဂုတ်လပထမပတ်၌ ပြည်တွင်းဈေးကွက်များ ဖြစ်သည့် ပဲခူး၊တောင်ကြီးမြို့များသို့ (၆)ဘီးကားဖြင့် အခြားကုန်များနှင့်ရော၍ တစ်စီးလျှင်ကုန်ချိန် ပိဿာ(၂၅၀၀)ဝန်းကျင်၊ ရန်ကုန်၊တာချီလိတ်မြို့များသို့ (၁၂)ဘီးကားဖြင့် တစ်စီးလျှင် ကုန်ချိန်ပိဿာ (၃၀၀၀-၃၅၀၀)ပိဿာဝန်းကျင်ခန့် ပုံမှန်တင်ပို့နေကြောင်းသိရသည်။ယခုတစ်ပတ်အတွင်း မိတ္ထီလာ၊ မလှိုင်မြို့များမှ (၁၂)ဘီးကားဖြင့် ပြည်ပတင်ပို့ရန် မိုင်းလားနှင့် မြဝတီမြို့များသို့ (၄)စီးတင်ပို့ကြောင်း တင်ပို့ရောင်းချသူများထံမှသိရသည်။နယ်ဝေးတင်ပို့မှုပုံမှန်ရှိသကဲ့သို့ ဈေးနှုန်းမှာလည်းဈေးငြိမ်နေရာ လက်ကားဈေးတစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဝန်းကျင်ရှိကြောင်းသိရသည်။

DOCA (မန္တလေး)

မိတ္ထီလာ-ရန်ကုန် ကုန်စည်ပို့ဆောင်မှုအခြေအနေ

       မိတ္ထီလာမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ မိတ္ထီလာ နှင့် မြန်မာနိုင်ငံအောက်ပိုင်း၊အထက်ပိုင်း၊အရှေ့ပိုင်းတို့နှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရာ၌ အချက် အချာကျသောမြို့ဖြစ်သည်။     

          မိတ္ထီလာမြို့ပေါ်တွင် ရန်ကုန်နှင့်ကုန်စည်ပို့ဆောင်နေသော ကုန်တင်ယာဉ်ဂိတ်(၄)ဂိတ်နှင့် ကုန် သည်များမှ ကိုယ်ပိုင်ကုန်တင်ယာဉ်ဖြင့် မိတ္ထီလာမြို့မှ ကုန်စည်တင်ပို့ခြင်း၊ တင်သွင်းခြင်းများ ဆောင်ရွက်နေရာ တင်ပို့ကုန်များအနေဖြင့် ဒေသထွက်လယ်ယာထွက်ကုန်သီးနှံများဖြစ်သည့် ပဲစင်းငုံ၊ ကြက်သွန်နီ၊ ငရုတ်၊ ဒေသထွက်ကုန်ကြက်သွန်နီကြော်နှင့် အခြားစားသောက်ကုန်များဖြစ်သည့် မုန်မျိုးစုံတို့ကိုတင်ပို့ကာ တင်သွင်းကုန်များအနေဖြင့် ဆန်၊ ဆား၊ ငပိ၊ ငခြောက်၊ လူသုံးကုန်၊ မုန်မျိုးစုံ၊ အချိုရည် စသည်တို့တင်သွင်းကြောင်းသိရသည်။

          ကုန်တင်ခအနေဖြင့် တစ်ပိဿာလျှင် ပဲ၊ကြက်သွန်နီ ကဲ့သို့သောကုန်ကျစ်မှာ (၂၀၀)ကျပ်၊ငရုတ် ခြောက်၊ကြက်သွန်ကြော်၊မုန့်ဖာစသည့်ကုန်ပွမှာ (၂၂၀)ကျပ်ရှိကြောင်း၊မိတ္ထီလာခရိုင် ကုန်စည်ပို့ဆောင် ရေးနှင့်ဝန်ဆောင်မှုလုပ်ငန်းများအသင်းမှ သိရသည်။      

DOCA (မန္တလေး)

ကျွန်းလှမြို့နယ်တွင် ရောင်းချနေသော ခရမ်းသီးဈေးနှုန်းများ

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုး ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင် သီးနှံဖြစ်သည့် ခရမ်းသီးများကို တစ်ပိုင် တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

          ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီးဈေးနှုန်းများမျာ ခရမ်းသီး လက်လီ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၂၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက တစ်ပိဿာလျှင်(၁၅၀၀)ကျပ် မြင့်တက်လျက်ရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမန်ကျည်းသီးမှည့်ဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်များ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

            ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် မန်ကျည်းသီးများ ဈေးမြင့်တက်၍ အရောင်း အဝယ် ဖြစ်လျက်ရှိသည်။ မန်ကျည်းသီးမှည့် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၄၀၀၀)၊ အစေ့လွတ် တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၀၀၀၀)ဖြစ်ပြီး ယခင်ဇူလိုင်လ(ပထမပတ်)နှင့်ဈေးနှုန်း နှိုင်းယှဉ် ပါက မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ခန့် ဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ် ကြောင်း ဈေးကွက်မှ သိရသည်။

            မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင် လှောင်လက်သမား များမှ ကုန်ဝင်မှုရှိသော်လည်း ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင် ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များမှလည်း အများအပြားဝယ်ယူသည့်အပြင် ရန်ကုန် မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

ရမည်းသင်းမြို့နယ် ဆန်ဈေးကွက်

    ရမည်းသင်းမြို့နယ်တွင် ဩဂုတ်လဆန်း၌ အရောင်းအဝယ်ဖြစ်နေသော ဆန်များမှာ ဖျာပုံပေါ် ဆန်းတစ်အိတ်လျှင် (၁၃၀၀၀၀) ကျပ်၊ မကွေးပဒေသာတစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ မနောသုခ တစ်အိတ်လျှင် (၆၅၀၀၀-၇၀၀၀၀) ကျပ်၊ ထိုင်းနှံကောက်တစ်အိတ်လျှင် (၅၀၀၀၀-၅၅၀၀၀) ကျပ် ဈေး ရှိပြီး၊ ယခင်လနှင့် နှိုင်းယှည်ပါက ဈေးငြိမ်နေပါသည်။ ဆန်ဈေးနှုန်းအနေဖြင့် ယခုအခါ နွေ ဆန်များ ထွက်ရှိလာပြီဖြစ်သော်လည်း ကြားဆန် ( မိုးဆန် ) များသာ အရောင်းအဝယ်ရှိပြီး အရောင်းအဝယ် ပုံမှန်ရှိသည့်အတွက် ဈေးငြိမ်နေခြင်းဖြစ်သည်။

 

DOCA (မန္တလေး)

ပခုက္ကူကြက်သွန်နီ ဩဂုတ်လ(ပထမပတ်)ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံ ချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်လျက်ရှိပြီး ဥပုသ်နေမှလွဲ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီဈေးကွက်အနေဖြင် ယခု တစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၃၅၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ကြက်သွန်နီကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ် ခဲ့သော  ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၃၅၀)၊ အလတ် ကျပ်(၁၀၀၀)၊ အနိမ့်စ ကျပ် (၈၀၀)ဖြစ်ပြီး ယခင်ဇူလိုင်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၁၅၀) ခန့်ဈေးတက်၍  အရောင်းအဝယ်ဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီ မြို့များသို့ နေ့စဉ်တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ်(၁၀၀၀ မှ ၂၀၀၀ ထိ)တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရသည်။

          ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီလက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀)မှ အနိမ့်ဈေး ကျပ်(၁၂၀၀)ထိ အရောင်းအဝယ် လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

ဈေးကွက်အတွင်း ငရုတ်သီးခြောက်ဈေးနှုန်းများမြင့်တက်လျက်ရှိ

     မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို ထနောင်းကိုင်း၊ ဇီးဖြူကန်၊ နှောကန်ကျေးရွာများတွင်အများဆုံးစိုက်ပျိုးထွက်ရှိကြောင်း၊ ထွက်ရှိသော ငရုတ်သီးကိုဒေသတွင်း သာရောင်းချကြကြောင်း၊ ငရုတ်ခြောက်(ပွ)ကို ရှမ်းပြည်နယ် ၊ အောင်ပန်းမှ ဝင်ရောက်ပြီး ဒေသတွင်းအရောင်တင်အမှုန့်ကြိတ်လုပ်ငန်းများမှအသုံးများကြောင်း သိရှိ ရပါသည်။

          ယခုဩဂုတ်လ၊ပထမပတ်တွင် ငရုတ်ခြေက်(ရှည်)တစ်ပိဿလျှင် (၁၄၀၀၀)ကျပ်၊ငရုတ်ခြေက် (ပွ)တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ယခုလနှင့်ကာလ တူနှိုင်းယှဉ်လျှင် ငရုတ်(ရှည်)ခြောက်တစ်ပိဿလျှင်(၁၀၀၀)ကျပ်၊ ငရုတ်ခြောက်(ပွ)တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဒေသတွင်းအထွက် နည်းခြင်းနှင့် သယ်ယူစရိတ်မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ဈေးကွက်မှသိရပါသည်။

DOCA (မန္တလေး)

အောင်လံကုန်စည်ဒိုင်၏ ၂၀၂၅ခုနှစ်၊ သြဂုတ်လ(ပထမပတ်)အတွင်း  ပဲတီစိမ်းသီးနှံ ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ပဲတီစိမ်းသီးနှံများ နေ့စဉ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

     ၂၀၂၅ခုနှစ်၊ သြဂုတ်လ(ပထမပတ်)တွင် အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများမှ သီးနှံ အသစ် များ ဝင်ရောက်လျက်ရှိပြီး သီးနှံအရည်အသွေးအလိုက် ပဲတီစိမ်း(၁)တင်းလျှင် အနိမ့်ဈေး ကျပ် (၇၅၀၀၀)၊ အမြင့်ဈေး ကျပ်(၁၀၆၀၀၀)အထိဈေးနှုန်းရှိပြီး ယခင် ဇူလိုင်လ(စတုတ္ထပတ်)တွင် အနိမ့်ဈေး ကျပ်(၉၀၀၀၀)၊ အမြင့်ဈေး ကျပ်(၁၁၅၀၀၀)ဈေးနှုန်းရှိခဲ့သဖြင့် ယခုတစ်ပတ်တွင် (၁)တင်းလျှင် ကျပ် (၉၀၀၀မှ ၁၅၀၀၀)ထိ ဈေးနှုန်းကျဆင်းလာကြောင်း၊ တစ်ပတ်အတွင်း စုစုပေါင်းတင်းရေ (၅၅၅၀)တင်း၊ တန်ချိန်အနေဖြင့် (၁၈၂)တန်ခန့် အရောင်းအဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့တင်ပို့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း