
မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်သည့်ခါကြက်ဥ(ခေါ်)မုန်လာဥနီ ကုန်စိမ်းများဝင်ရောက်လျက်ရှိပါသည်။ ဈေးကွက်အတွင်း တွေ့ရသောခါကြက်ဥ(ခေါ်) မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုးမုန်လာဥနီနှင့်ထိုင်ဝမ်မျိုးမုန်လာ ဥနီအမျိုးအစား(၂)မျိုးရှိပြီး တစ်နှစ်ပတ်လုံးဝင်ရောက်သည့် ကုန်စိမ်းအမယ်တစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့၊ ၄၁လမ်းဈေးနှင့် သီရိမာလာစျေးတို့တွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်ဈေးမှာ တစ်ပိဿာလျှင် လက္ကားဈေး မုံလာဥနီ(ဒေသမျိုး) ၂၀၀၀ကျပ်နှင့် ၂၃၀၀ကျပ်၊ မုံလာဥနီထိုင်ဝမ်မျိုး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီဈေးအနေဖြင့် မုန်လာဥနီ ဒေသမျိုး ၂၅၀၀ကျပ်နှင့် ၃၀၀၀ကျပ်၊ မုန်လာဥနီ ထိုင်ဝမ်မျိုး ၉၀၀၀ကျပ်နှင့် ၉၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်သည့်ကုန်စိမ်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)