
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ သဖန်းဆိတ်ဆည်မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ကျွန်းလှမြို့နယ် အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ရရှိသည့် ရေချို ပုဇွန်ဆိတ်ဖြစ်ပြီး ပုဇွန်ဆိတ်ကို ဆကာဖြင့် အကောင်အကြီး/အသေး ခွဲခြားပြီး အကောင်အကြီး အသေးပေါ် မူတည်၍ ဈေးများလဲကွာခြားသွားပါသည်။ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ပုဇွန်ဆိတ် ဈေးနှုန်းများမှာ ဆကာတင် အကောင်ကြီး လက်လီဈေး တစ်ပိဿာ(၂၃၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် အလတ်စ လက်လီဈေး(၁၈၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် ဆကာကျ အကောင်သေး လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်း အသီးသီးတို့ဖြင့် လည်းကောင်း၊ ပုဇွန်ခြောက် ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက် အကြီး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ ပုဇွန်ခြောက် အကြီး နို့ဆီ(၁)ဘူးလျှင်(၇၀၀၀ ကျပ်၊ ပုဇွန်ခြောက် အလတ် တစ်ပြည်လျှင်(၄၀၀၀၀)ကျပ်၊ ပုဇွန်ခြောက် အလတ် နို့ဆီ(၁)ဘူးလျှင်(၅၀၀၀)ကျပ် နှင့် ပုဇွန်ခြောက် အသေး တစ်ပြည်လျှင်(၃၂၀၀၀)ကျပ်၊ နို့ဆီ (၁)ဘူးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
Doca(စစ်ကိုင်း)