Main menu

မုံရွာမြို့တွင် ရောင်းချနေသော ကန်စွန်းဥနှင့် ပိန်းဥ ဈေးနှုန်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ကန်စွန်းဥနှင့် ပိန်းဥများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကန်စွန်းဥနှင့် ပိန်းဥများကိုဒေသတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အတွက် ကန်စွန်းဥနှင့် ပိန်းဥများစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ကန်စွန်းဥနှင့် ပိန်းဥဈေးနှုန်းမှာ ကန်ဇွန်းဥ ၂၅ကျပ်သားလျှင်(၉၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၈၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၆၀၀)ကျပ်၊ အလားတူ ပိန်းဥဈေးနှုန်းများမှာ ၂၅ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)