Main menu

သံလမ်းဈေးတွင်ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်းဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်း သိရပါသည်။ မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများနှင့် မြို့ ပေါ်တွင် စိုက်ပျိုးသီးနှံများဖြစ်သည့် ငရုတ်သီး၊ ကြက်ဟင်းခါး၊ ဘူးသီး၊ ပဲသီး၊ သခွားသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ၊ ကန်စွန်းရွက် နှင့် ချဥ်ပေါင်ရွက် စသည့် သီးနှံများ စိုက်ပျိုးကြပါသည်။ စာဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးစိမ်းများကို တစ်နိုင် တစ်ပိုင် စိုက်ပျိုးကြပြီး မုံရွာမြို့၊ ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ရောင်းချကြ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေး တို့တွင် ငရုပ်သီးစိမ်း (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်၊ ငရုပ်သီးစိမ်း (၁)ပိဿာလျှင်  (၃၂၀၀)ကျပ်ရှိဖြင့်  ရောင်းချလျက်ရှိကြောင်း  ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)