Main menu

တောင်သာမြို့နယ်၏ မိုးပဲနောက်စိုက်ပျိုးထားရှိမှု

Powered by Drupal

    တောင်သာမြို့သည် မြင်းခြံမြို့နှင့် (၁၄) မိုင်အကွာတွင်တည်ရှိပြီး ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ကြက်သွန်နီနှင့်ထန်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊  အပူပိုင်းဒေသဖြစ် သော ကြောင့် မိုးသီးနှံများကို အားထားစိုက်ပျိုးရကြောင်း၊ မိုးရာသီကာလ၌ မိုးပဲနောက်သီးနှံ စိုက်ပျိုးထားကြောင်း၊ မိုးပဲနောက်ကို ဇွန်လနှင့် ဇူလိုင်လတို့တွင် စိုက်ပျိုးထားရှိပြီး၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးပဲနောက် စိုက်ပျိုးထားရှိမှုအနေဖြင့် (၁၂၄၇၀) ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ အောက်တိုဘာလ ပထမပတ်တွင် ရိတ်သိမ်းထွက်ပေါ်မည် ဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း အသီးရင့်မှည့်ခါနီး၊ ရိတ်သိမ်းချိန်တွင် မိုးလေဝသကောင်းမွန်ပါက အထွက်နှုန်း ကောင်းနိုင်ကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၇-၈) တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ပဲနောက်မှာ ပဲတီစိမ်းနှင့်ဆင်တူကြောင်း၊   အလုံးအရွယ်မှာ ပဲတီစိမ်းထက် အနည်းငယ် ငယ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလပထမပတ်၌ ပဲနောက်တစ်တင်းလျှင် (၉၀၀၀၀) ကျပ်ပေါက်ဈေးများ ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်သို့တင်ပို့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)