Main menu

မန်းမြို့တွင်ပြောင်းဖူးဈေးကွက်

Powered by Drupal

    ဖူးစားပြောင်းများဝင်ရောက်လျက်ရှိပါသည်။ ဖူးစားပြောင်းများကို ထောပတ်ပြောင်း၊ သကြားပြောင်း၊ ရှမ်းပြောင်းများကို ရှမ်းမြောက်၊ ရှမ်းတောင်နှင့် ပြင်ဦးလွင်နယ်များမှ ဝင်ရောက်လျက်ရှိပါသည်။ ဖူးစားပြောင်းများကို စားသုံးသူများအနေနှင့် ဟင်းအဖြစ်ကြော်၍ စားခြင်း၊ ပြုတ်၍စားခြင်း၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများအနေနှင့် ပြောင်းဖူးစေ့များ ချွေကာ ကြိတ်စက်နှင့်ကြိတ်၍ အသားနှင့်ပေါင်းခြင်း၊ ကြက်ဉနှင့်ပေါင်းခြင်းများပြုလုပ်၍ စားသောက် ဖွယ်ရာဟင်းလျာကောင်းများအဖြစ်ရောင်ချခြင်း၊ ရပ်ကွက်အတွင်းပြောင်းဖူပြုတ်များ လှည့်လည် ရောင်းချခြင်းများဖြင့်ဈေးကွက်တွင် အရောင်အဝယ်ဖြစ်လျက်ရှိပါသည်။ ပြောင်ဖူးဈေးနှုန်းဈေးကွက် အနေနှင့် သီရိမာလာကုန်ဈေးတွင် ထောပတ်ပြောင်း (၂၅)ဖူး (၁)ထုံးလျှင် (၉၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်၊ သကြားပြောင်း(၂၅)ဖူး(၁)ထုံးလျှင် (၇၀၀၀)မှ(၇၅၀၀)ကျပ်၊ ရှမ်းပြောင်း(၂၅)ဖူး (၁)ထုံးလျှင် (၆၀၀၀)ကျပ်မှ((၇၀၀၀)ကျပ် ဈေးနှုန်းများနှင့်အရောင်းအဝယ်ရှိပြီး နေ့စဉ်သီရီမာလာ ဈေးသို့ ရှမ်းတောင်၊ ရှမ်းမြောက်နှင့် ပြင်ဦးလွင်နယ်များမှ ပြောင်းဖူးကားများဝင်ရောက်မှုရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)