Main menu

မန္တလေးမှိုစျေးကွက်အရောင်းသွက်

Powered by Drupal

        မန္တလေးစျေးကွက်အတွင်းသို့  မှိုအမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ တွေ့ရှိမှုများသော အမျိုးအစားများမှာ ငွေနှင်းမှုံမှို၊ ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ ရှီတာကီမှို၊ တောင်ပို့မှို၊   ဝါးမှိုများ ဖြစ်ပါကြောင်း သိရပါသည်။၂၀၂၅ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း မှိုအမျိုးအစားအလိုက် ဖြစ်ပေါ်ခဲ့သည့် စျေးများမှာ  ငွေနှင်းမှုံမှို တစ်ပိဿာလျှင် လက္ကားစျေး  ၇၀၀ဝိ/-စျေး၊လက်လီစျေး ၈၀၀ဝိ/-နှင့်၉၀၀ဝိ/-၊ကောက်ရိုးမှိုတစ်ပိဿာလျှင်လက္ကားစျေး ၉၅၀ဝိ/-၊လက်လီစျေး၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝ/-၊ အပ်မှိုထုတ် (အထုတ်သေး ၁၀ ခုပါ)   လက္ကားစျေး  ၃၀၀၀ဝိ/- နှင့်လက်လီ စျေး အထုတ်(သေး)တစ်ထုတ်လျှင်  ၃၅၀ဝိ/- စျေး၊တောင်ပိုမှို လက္ကားစျေး ၃၀၀၀၀ ကျပ်နှင့် ၃၅၀၀၀ ကျပ်၊လက်လီစျေး ၄၀၀၀၀ကျပ်စျေးအသီးသီး ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိုးရာသီစာမှိုမှာ မန္တလေးစျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း ရေနီမြောင်းစျေးမှ သိရှိရပါသည်။

DOCA(မန္တလေး)