Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒေသထွက် ပဲခူးငါးချဉ်

           ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ အလည်တစ်ခေါက်လာရောက်၍ဖြစ်စေ နွေရာသီကျောင်းပိတ် ရက်၊ ရုံးပိတ်ရက်များတွင် ဘုရားဖူးလာရောက်၍ဖြစ်စေ ခရီးသွားလာရင်း ကြုံကြိုက်သောအခါ အိမ် ပြန်ခရီးလက်ဆောင်အဖြစ် ပဲခူးမြို့ဒေသထွက်ဖြစ်သည့် ပဲခူးငါးချဉ်ကို ဝယ်ယူကြကြောင်း သိရှိရပါ သည်။

            ငါးချဉ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြသူများသည် ရှေးမိဘဘိုးဘွား  လက်ထက်မှစ၍ ယနေ့ ထိတိုင်အောင် လုပ်ကိုင်လျက်ရှိရာ နှစ်ပေါင်းများစွာကြာခဲ့ပြီး ဒေသထွက်မိရိုးဖလာစဉ်ဆက်မပြတ် လုပ်ကိုင်လာခဲ့ရာ လက်မှုစားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ ယနေ့အချိန် အခါတွင် ခေတ်မှီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လုပ်ငန်းများကိုလုပ်ကိုင်ဆောင် ရွက်ရာ၌ အချို့ထုတ်လုပ်မှုအဆင့်များတွင် စက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာပြီး ရှေးအစဉ်အလာမပြတ် အရည်အသွေးထိန်းသိမ်းလျက်ရှိကာ စားသုံးသူများအတွက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် စေတနာမေတ္တာများဖြင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရန် ဓာတုဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ် စွာထုတ်လုပ်ထားသည့်အတွက် ဝယ်ယူစားသောက်သူများ စိတ်ချမ်းမြေ့စွာဝယ်ယူစားသောက်နိုင်ရန် ရှေးရှု၍အစဉ်အဆက်မပြတ် ကြိုးစား၍ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

            ငါးချဉ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ကုန်ကြမ်းအဆင်နှင့်ကုန်ချောအဆင်ဟူ၍ သတ်မှတ်ပြီးလုပ်ကိုင်လျက်ရှိရာ ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်သို့ရောက်အောင် လူအပါအဝင် အထောက်အကူပြုပစ္စည်းများနှင့် စက်ကိရိယာများကို အသုံးပြုကာ စားသုံးသူများအတွက် အစား အသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးကို ဦးစားပေးကာ နေ့စဉ်မပြတ် ကြည့်ရှုစစ်ဆေး၍ ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ငါးချဉ်ပြုလုပ်သည့်ငါးမှာ ငါးဖယ်ဖြစ်ပြီး ငါးဖယ်ရှားသည့် အချိန်ကာလများတွင် ငါးမြစ်ချင်းကို အစားထိုးအသုံးပြုကြပြီး ငါးများကိုငါးဒိုင်များမှဝယ်ယူ၍ ထုတ် လုပ်ကြကြောင်းသိရှိရပါသည်။

              ငါးချဉ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရာတွင် ရှေးဦးစွာအသုံးပြုမည့်ငါးများကို ကြေးခွံခွာခြင်း၊ ခေါင်းဖြတ်ရင်ခွဲခြင်း၊ အရေခွံချွတ်ခြင်းများပြုလုပ်ပြီး ရေဖြင့်အထပ်ထပ်အခါခါ စင်ကြယ်အောင်ဆေး ကြောြပီး အရေခွံချွတ်ထားသောငါးများကို အသားနှင့်အရိုးခွဲခြား၍ ငါးအသားများကို ကြိတ်စက်ထဲ တွင်ထည့်ကာ ကြေညက်အောင်ကြိတ်ယူရပါသည်။ ကြိတ်ယူထားသောငါးအသားများကို ငါးအရည် ပြောင်စင်အောင် အရည်ညစ်စက်ဖြင့်ညစ်ယူကာ ညစ်ယူထားသော ငါးအသားစများကို ဆား၊ ထမင်း စသည်များဖြင့် အချိုးအဆမှန်ကန်တိကျစွာ ရောစပ်၍သမအောင် အင်တုံကြီးထဲတွင်ထည့်၍ ရော နယ်ပေးရပါသည်။ ရောနယ်ထားသောငါးအသားများကို သိပ်သည်းကျစ်လျစ်မှုရှိစေရန် အင်တုံ၏ ဘေးနံရံတွင် (၁)လုံးချင်းစီပုံရိုက်ခြင်းဖြင့် ကုန်ကြမ်းနောက်ဆုံးအဖြစ်သို့ရောက်ရှိကာ ဆက်လက်၍ ကုန်ချောအဆင့်တွင် ပုံရိုက်ထားသော ငါးချဉ်လုံးများကိုအရိုးမပါသော တောင်စွန်ဖက်ဖြင့်ပတ်၍ ထုတ်ပိုးမှုပြုလုပ်ပါသည်။ တောင်စွန်ဖက်ကို အသုံးပြုရခြင်းမှာလည်း ငါးချဉ်အသား တာရှည်ခံနိုင် စေရန်အထောက်အကူပြုကြောင်း သိရှိရသောကြောင့် အသုံးပြုခြင်းဖြစ်ပါသည်။ တောင်စွန်ဖက်ဖြင့် ထုတ်ပိုးမှုပြုလုပ်ထားသော ငါးချဉ်များကိုထပ်မံ၍ အရည်ကျမှုကိုကာကွယ်ရန် ပတ်စတစ်အိတ်ပါးဖြင့်ထည့်ကာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် စနစ်တကျထုတ်ပိုးမှုများဖြင့်ပြုလုပ်ကာ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြ၍ စားသုံးသူများအလွယ်တကူစားသုံးနိုင်ရန် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

             ငါးချဉ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသောသူများမှာလည်း မိမိဒေသထုတ်ကုန်ဖြစ်သည့် ငါးချဉ်များကို စားသုံးသူများအား အလွယ်တကူ ဝယ်ယူစားသောက်နိုင်ရန်အတွက် ဝန်ဆောင်မှုများ အသီးသီးပေးလျက်ရှိရာ ပဲခူးမြို့သို့အလည်တစ်ခေါက်လာရောက်ခဲ့လျှင် အိမ်အပြန်လက်ဆောင် ငါးချဉ်ရှိကြောင်း အသိပေးအပ်ပါသည်။

ဘာစမာတီ(Basmati)

       အခု ဆန်ဈေးကွက်မှာ ခေတ်စားလာတဲ့ ဘာစမာတီ(Basmati) ရဲ့အားနည်းချက်၊ အားသာ ချက်တွေကို ပြောပြချင်ပါတယ်၊ အားသာချက်ကတော့ သက်လတ်စပါးမျိုး ရက်(၁၀၀)ဖြစ်ပြီး၊ရေငတ် ဒဏ်ကို အသင့်တင့်ခံနိုင်ပါတယ်၊ ဆီးချိုဆန်လို့လူသိများတဲ့ ဘာစမာတီဆန်က၊ အခြားဆန်တွေထက်  အဆီဓါတ်၊ ကစီဓါတ်နှင့် ကိုလက်စထရော ဓါတ်နည်းတာကြောင့် ဆီးချိုသမားများ၊ ဆီးချို၊သွေးချို  ကာကွယ်လိုသူများ  ကျန်းမာရေးအတွက် ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူတွေ ၊ Gym ဆော့နေတဲ့ အားကစားသမားတွေ ၊စားသုံးသင့်တဲ့ဆန်မျိုးဖြစ်ပါတယ်၊ အဆီဓါတ်နည်းတယ်ဆိုပေမဲ့ မစေးဘူးဆို ပေမဲ့ မကြမ်း၊ မမာ၊ မဖွာပါဘူး၊  ဆန်သားပျော့ပျောင်း နူးညံ့ ကော့လျားရှည်သွယ်ပါတယ်၊ အနံ့မွေးပြီး (ကောက်ညှင်းနဲ့ဆင်ဆင်) ထမင်းစေ့ကရှည်လျားပြီး ကော့စင်းပါတယ်။

          ဘာစမာတီစပါးကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့မှာ စိုက်ပျိုးပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ရွာငံမြို့နယ်၊အလက်ချောင်ကျေးရွာမှာတော့ ဒေသစပါးများအပြင် ဘာစမာတီစပါးများကို ယာမြေများတွင် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်၊ လယ်စပါးဖြစ်သည့် ကျန်းမာရေးနှင့် ကိုက်ညီပြီး ဈေးကွက်ရှိတဲ့ ဘာစမာတီစပါးများကို  ယာမြေတွင်ဖြစ်ထွန်းအောင် စမ်းသပ်စိုက်ပျိုးလာ သည်မှာ (၃) နှစ်ခန့်ရှိပြီး၊ ဒေသစပါးများနှင့် အထွက်နှုန်း ယှဉ်ကြည့်ပါက ဒေသစပါးများထက်အနည်း ငယ်သာလျော့ကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် ဈေးကောင်းရရှိပြီး ဆီးချို၊သွေးချို၊ သမားများအ တွက် စားသုံးရန်သင့်သည့် ဘာစမာတီစပါးမျိုးများကို ယာမြေတွင်လည်း စိုက်ပျိုးနိုင်ပါသည်၊ ယာမြေ များတွင် ဘာစမာတီစပါးများကို စိုက်ပျိုးပါက ဝါဆိုလတွင် စတင်စိုက်ပျိုးပြီး တန်ဆောင်မုန်းလတွင် ရိတ်သိမ်းရပါတယ်။

          ပျှမ်းမျှအားဖြင့် ဘာစမာတီ သက်တမ်းမှာ (၁၄၅) ရက်သာရှိပြီး၊ ယခုနှစ်မှာ ဟဲဟိုးစိုက်ခင်းတွေ မှာတော့၊တစ်ဧကလျှင်အထွက်နှုန်း(၅၀)တင်းမှ(၆၅)တင်းကြားထွက်ရှိကြောင်းသိရပါတယ်၊ ဘာစမာ တီမျိုးစပါးတစ်တင်းကို ကျပ်( ၆၅၀၀ဝိ/-) ဈေးရှိပြီး၊ ကြိတ်ပြီးသား အသင့်စားဆန်တစ်အိတ်လျှင် ကျပ်(၂၄၀၀၀ဝိ/-)မှ ကျပ်နှစ်သိန်းလေးသောင်းကျပ်ဈေးပေါက်နေပါတယ်၊ ရောင်းတန်းဝင်အတွက် (၁၁) တင်းကြိတ်ပါက (၃)အိတ်ထွက်ရှိပြီး၊ အိမ်စားသုံးရန်အတွက်(၁၀)တင်းကြိတ် (၁)အိတ်ထွက်ရှိ              ကြောင်းဟဲဟိုးမှဘာစမာတီစိုက်တောင်သူများထံမှသိရှိရပါတယ်၊သို့ဖြစ်ပါ၍ဈေးကွက်ဝင်ပြီးစားသုံးမှု များလာတဲ့ဘာစမာတီ စပါးမျိုးများကိုစိုက်ပျိုးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

DOCA(ရှမ်း)

“ မူဆယ်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ဈေးနှုန်းအခြေအနေ ”

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ (၅.၁၂.၂၀၂၄)ရက်နေ့တွင် ဖြစ်ပေါ်နေ သော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး တစ်အိတ်လျှင်(၃၁၀၀၀ဝိ/-)ကျပ်၊ မနော သုခဆန် တစ်အိတ်လျှင်(၂၁၀၀၀ဝိ/-)ကျပ်၊ ဒေသရှမ်းဆန် တစ်အိတ်လျှင်(၁၉၂၀၀ဝိ/-)ကျပ် ပဲပိစပ် ဆီတစ်ပိဿာလျှင်(၂၃၀၀ဝိ/-)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင်(၉၀၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင်(၁၇၀၀ဝိ/-)ကျပ်ရှိပြီး ကုန်စိမ်းဈေးနှုန်းများမှာ အာလူးတစ်ပိဿာလျှင်(၆၀၀ဝိ/-) ကျပ် ၊ ကုလားပဲ တစ်ဗူးလျှင်(၂၅၀ဝိ/-)ကျပ်၊ ပဲနီပြားတစ်ဗူးလျှင်(၂၀၀ဝိ/-)ကျပ်၊ ဘိုကိတ်ပဲတစ်ဗူးလျှင် (၂၀၀ဝိ/-)ကျပ်၊ ပဲဇီးကွက်တစ်ဗူးလျှင်(၁၅၀ဝိ/-)ကျပ်၊ပဲနီလေးတစ်ဗူးလျှင်(၃၀၀ဝိ/-)ကျပ်၊ မုန်ညှင်းချဉ် တစ်ပိဿာလျှင်(၉၀၀ဝိ/-)ကျပ်၊ ငရုပ်သီးခြောက်တစ်ပိဿာလျှင်(၂၉၀၀ဝိ/-)ကျပ်၊ ငရုပ်သီးစိမ်း တစ်ပိဿာ လျှင်(၁၀၀၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မူဆယ်မြို့ရှိ လက်လီဈေးရောင်းချသူ များမှတဆင့် စုံစမ်းသိရှိရပါသည်။

          ကုန်သွယ်မှုအနေဖြင့် နယ်မြေအခြေအနေအရ ပို့ကုန်/သွင်းကုန် ရပ်ဆိုင်းထားပြီး မူဆယ်မြို့ နယ်အတွင်းရှိ ပြည်သူလူထုများ၏ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် မြန်မာ - တရုတ်နယ်စပ် ဆင်ဖြူဂိတ်ပေါက်မှ တစ်နိုင်တစ်ပိုင် စားသောက်ကုန်ပစ္စည်းများ သယ်ယူဆောင်ရွက်လျက်ရှိကြောင်း နှင့် ယခုအပတ်တွင် တရုတ်ငွေ(၁၀၀)ယွမ်လျှင် မြန်မာငွေ(၅၉၀၀ဝိ/-)ကျပ် ဝန်းကျင်လဲလှယ်နေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ဈေးကောင်းရရှိနေသော ရုံးပတီသီး

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်  အုတ်ဖိုမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကထား၍ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ကာ စီးပွားရေးဖွံ့ဖြိုးလျက်ရှိသော မြို့နယ်ဖြစ်ပါသည်။ ဆန်စပါး၊ မတ် ပဲတို့အဓိကထား၍ စိုက်ပျိုးသည့်အပြင် ရာသီပေါ်သီးနှံများဖြစ်သော ငရုတ်၊ဂေါ်ဖီ၊သခွား၊ ရုံးပတီ၊ ချဉ်ပေါင်တို့ကိုလည်း‌ ဒေသတွင်းစားသုံးရန်သာမက အခြားမြို့နယ်များသို့ တင်ပို့နိုင်သည်အထိစိုက် ပျိုးလျက်ရှိပါသည်။

          အုတ်ဖိုမြို့အတွင်းရှိ လင်းလွန်းပင်ရွာ၊ ဥတိုရွာ၊ ကြက်ဆူတောရွာ၊ နနွင်းကုန်း၊ငါး ရှဉ့်ရိုး၊ သရက်ကုန်း၊ကွေ့ချောင်း ချောင်းနားရွာများသည် ရုံးပတီသီးအများဆုံး စိုက်ပျိုး၍ ဈေးကောင်းရရှိ လျက်ရှိသည်။ ရုံးပတီပင်သည် ရာသီဥတုဒဏ်အကြမ်းခံနိုင်သဖြင့် ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးချိန်မှ သီးနှံဆွတ်ခူးချိန်ထိ ၄၅ရက်ခန့်သာရှိသဖြင့် အချိန်တိုတိုနှင့် ဝင်ငွေရရှိနိုင်ကြောင်း ရုံးပတီသီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ သွင်းအားစုအနေဖြင့် စိုက်ခင်းမြေထွန်ယက်ခ  (၁၆၀၀၀၀)၊ ဘောင်တင်ခ (၁၆၀၀၀၀)ကျပ်၊ စိုက်ပျိုးပင်စိုက်ရန်ကျင်းတူးခ  (၁၅၀၀၀၀)၊ မြက် ကောက်ခ(၁၅၀၀၀၀)ကျပ်၊ အပင်အားဆေး(၂၄၀၀၀၀)ကျပ်၊ အသီးအား ဆေး(၂၄၀၀၀၀ကျပ်)၊ မျိုးစေ့ဘိုး(၈ထုပ်)(၃၆၀၀၀၀)ကျပ်၊ ခူးဆွတ်ခ(၃၅)ကြိမ်အတွက် လုပ်သားခ(၃၅၀၀၀၀)ကျပ်၊ သယ် ယူခ(၃၅ကြိမ်)အတွက်လုပ်သားခ(၁၄၀၀၀၀)ကျပ်၊ ရေသွင်းခြင်းအတွက် (၁၂ကြိမ်) (၁၁၀၀၀၀၀) ကျပ်ကုန်ကျပါသည်။ မျိုးစေ့ဘိုး၊ ဆေးဘိုး၊ ရေသွင်းခ၊ ပေါင်းရှင်းခနှင့် အပင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်ထိ ကုန်ကျစရိတ်    ( ၃၀၅၀၀၀၀)ကျပ်   ကုန်ကျနိုင်ပါသည်။ အောက်တိုဘာလအတွင်းရုံး  ပတီသီး တစ်တောင့်လျှင် ၂၅ကျပ်မှ ၂၈ကျပ်ကြားရရှိပါသည်။ ရုံးပတီသီးကို တစ်ရက်ခြားခူးဆွတ် ရပြီးတစ်ခါခူးဆွတ်လျှင် အတောင့်(၅၀၀၀)ခန့်ဖြင့်(၃၅)ရက် ခန့်ခူးဆွတ်ရပြီး အတောင့်ရေ  (၁၇၅၀၀၀)တောင့်ရပါသဖြင့် တစ်ဧက ဝင်ငွေ(၄၅၅၀၀၀၀)ကျပ်ရရှိပါသည်။ အကျိုးအမြတ် အနေ ဖြင့် တစ်ဧကလျှင်(၁၅၀၀၀၀၀)ကျပ် အမြတ်ဝင်ငွေရရှိနိုင်ပါကြောင်း စိုက်ပျိုးသူတောင်သူတစ်ဦး ၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

မိတ္ထီလာခရိုင်ဆီထွက်သီးနှံစိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ

    မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာများကိုစိုက်ပျိုးကြပြီး ထွက်ရှိသော သီးနှံများကို ဒေသတွင်းကြိတ်ခွဲမှုအပြင် အခြားဒေသများသို့ တင်ပို့ ရောင်းချကြပါသည်။

     မိတ္ထီလာခရိုင်တွင်မိုးနှမ်းကိုမေလနှင့်ဇွန်လများတွင်စိုက်ပျိုးကြပြီးမိုနှမ်းစိုက်ဧကမှာ (၃၂၀၇၇၆) ဧကစိုက်ပျိုးခဲ့ပြီး အထွက်နှုန်းမှာ (၃)တင်း၊အထွက်စုစုပေါင်း ( ၉၆၂၄၀၉ ) တင်းရှိကြောင်း၊ မိုး နှမ်းကို စက်တင်ဘာလတွင် စတင်ပေါ်ပြီး ရာသီချိန်တွင် နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀၀-၁၀၂၀၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ထွက်ရှိသောနှမ်းကိုများ ဒေသတွင်း ဆီစက်လုပ်ငန်းများအပြင် မန္တလေမြို့ သို့ အဓိကတင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

      မိုးမြေပဲကို မေလနှင့်ဇွန်လတွင် စိုက်ပျိုးကြပြီး ၊ မိုးမြေပဲစိုက်ဧကမှာ (၄၇၂၆၉)ဧက စိုက်ပျိုးပြီး၊ အထွက်နှုန်းမှာ (၃၈.၇၄) တင်း၊ အထွက်စုစုပေါင်း (၁၃၃၉၄၄၅) တင်းရှိပြီး၊ ရိတ်သိမ်းမှု အနည်းငယ် ကျန်ရှိနေသေးကြောင်း၊ မိုးမြေပဲမှာ နိုဝင်ဘာလတွင် စတင်ပေါ်ပြီး ရာသီချိန်တွင် မြေပဲလုံးဆံ တစ်ပိဿာလျှင် (၈၇၀၀) ကျပ်၊မြေပဲဂျွန်ဆံ တစ်ပိဿာလျှင် (၈၃၀၀) ကျပ် ဈေးဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

     မိုးနေကြာကို မေလနှင့်ဇွန်လတွင် စိုက်ပျိုးပြီး၊ မိုးနေကြာ စိုက်ဧက (၃၇၄၇) ဧက၊ အထွက်နှုန်း (၁၄.၇၀) တင်း၊ အထွက်စုစုပေါင်း (၂၆၁၀၈) တင်းရှိပြီး၊ မိုးနေကြာကို စက်တင်ဘာလမှာပေါ်ပြီး ရိတ်သိမ်းမှုအနည်းငယ်ကျန်ရှိနေသေးကြောင်း၊ ဈေးကွက်အတွင်း နေကြာတစ်ပိဿာလျှင် (၆၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

     ယခု ဒီဇင်ဘာလတတိယပတ်တွင် မြေပဲဆီတစ်ပိဿာလျှင်(၁၅၀၀၀-၁၆၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင်(၁၄၀၀၀-၁၆၀၀၀) ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၁၉၀၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာ လျှင် (၆၂၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၄၃၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၃၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ၊ ယခင်နိုဝင်ဘာလ တတိယပတ်နှင့် ကာလတူနှိုင်းယှဉ်လျှင် မြေပဲဆီ၊ နှမ်းဆီ၊နေကြာဆီဈေးနှုန်းတည်ငြိမ်နေပြီး ၊ မြေပဲဖတ် တစ်ပိဿာလျှင် (၄၅၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၅၀၀) ကျပ် ၊နေကြာဖတ် တစ်ပိဿာလျှင် (၂၀၀) ကျပ်ခန့် ဈေးနှုန်းမြင့် တက်လာကြောင်း ၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဒေသတွင်းဆီကြိတ်ခွဲမှုနည်း၍ ထုတ်လုပ်မှုနည်းပြီး ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်များအား တိရစ္ဆာန်အစာအဖြစ် ဈေးကွက်ဝယ်လိုအားမြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မအူပင် မြို့နယ်၌ စီးပွားဖြစ်စိုက်ပျိုး လျက်ရှိသော ကြယ်တာရာ ဘုရားပန်း

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ အောင်ဟိတ်ကျေးရွာအုပ်စု ပုလဲကုန်ကျေးရွာနှင့် စလင်းဒေါင့်ကျေးများ တွင် ကြယ်တာရာဘုရားပန်းကို စီးပွားဖြစ်စိုက်ပျိုး လျက်ရှိ ကြောင်းသိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မအူပင်မြို့နယ်တွင် ပန်းစိုက် ဧက ၁၂၈ ကျော် စိုက်ပျိုးထား ရှိကြောင်း မြို့နယ်စာရင်းများအရ သိရသည်။

          မအူပင်မြို့နယ်၊ အောင်ဟိတ်ကျေးရွာအုပ်စု ပုလဲကုန်းကျေးရွာနှင့် စလင်းဒေါင့်ကျေးရွာတွင် ကြယ်တာရာပန်းစိုက်ပျိုးကြပြီး၊ ဘုရားပန်းအဖြစ် ရောင်းချသော ပန်းတစ်မျိုး ဖြစ်သည်။ ကြယ်တာရာ မျိုးကို အပင်ကိုဝယ်ယူပြီး တစ်ပင်ကို   ၁၀   ကျပ်နှုန်းဖြင့်  တောင်ကြီးဘက်မှ မှာယူ ဝယ်ယူသလို မအူပင်မြို့တွင် လည်း မျိုးပန်းအဖြစ် စိုက်ပျိုးရန် ပြန်လည် ရောင်းချသူများလည်းရှိသည်။ တစ်ဧက လျှင် အပင် တစ်သောင်းစိုက်ပျိုးရကြောင်း၊  ကြယ်တာရာ ဘုရားပန်း စိုက်သူတောင်သူ ဒေါ်အေးမြင့်က ပြောပြသည်။ ကြယ်တာရာပန်းသည် စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး  ဒီဇင်ဘာ ပထမပတ် တွင် ပန်းပွင့်၍ ခူးဆွပ်ရပြီးဖြစ်ကြောင်း၊ တစ်နေ့ကို ပန်းအပင်  ၆၀၀-၇၀၀ပင် ခူးရပြီး နေ့စဉ် ရက် ၂၀အတွင်း ခူး၍ ရောင်းချရကြောင်း သိရသည်။

          အောင်ဟိတ်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာသူ/သားများသည် လယ်ယာထွက်စပါးကို စိုက်ပျိုးသလို ပန်းစိုက်ပျိုး သူလည်းများသည်။ ပန်းမျိုးစုံကိုလည်း နှစ်စဉ်စိုက်ပျိုးကြပြီး ရာသီမရွေးစိုက်ပျိုးသော ပန်းများလည်းရှိသည်၊၊ တစ်နှစ်ကို ပန်းစိုက်ပျိုးမှု ရာသီအလိုက်ပန်းများ  ၄ကြိမ် စိုက်ပျိုး ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ်    ၈၀၀၀၀၀/- ခန့် ကုန်ကျပြီး အထွက်နှုန်း အနေဖြင့်    တစ်လလျှင် အပင်ရေ ၁၂၀၀၀နီးပါး ခန့်ထွက်ရှိသည်။ ဈေးနှုန်းအနေဖြင့် ကြယ်တရာပန်းတစ်ပင် ကို လက်ကားဈေး တစ်ပင်ကို ၁၅၀ကျပ်၊ တစ်နေ့ကို အပင် ၅၀၀-၆၀၀ထွက်၍ တစ်လကို ၂၀ရက်ခူးရသည့်အတွက် ငွေကျပ် ၁၈၀၀၀၀၀/-ရရှိကာ  အကျိုးအမြတ်  ၁,၀၀၀,၀၀၀ /-ကျပ် ခန့် အကျိုးအမြတ် ရရှိကြောင်း သိရသည်။

          ပန်းဈေးကွက်အနေဖြင့် မအူပင်မြို့၊ ကျိုတ်လတ်၊ မော်ကျွန်း၊ ဖျာပုံနှင့် ရန်ကုန်မြို့များသို့သာ တင်ပို့ရောင်းချပြီး ဒေသခံများ စီးပွားဖြစ် စိုက်ပျိုးနေသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

လက်ပံတန်းမြို့နယ်၌မိုးစပါးများရိတ်သိမ်း

 

              ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်လက်ပံတန်းမြို့နယ်သည် ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စုရှိပြီး အများအားဖြင့် လယ်ယာစိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကျောင်း လုပ်ကိုင်ကြပါ သည်။ လက်ပံတန်းမြို့နယ်အတွင်း လယ်ယာစိုက်ပျိုးသောဧက ၁၀၁၈၃၈ ဧကရှိပြီး ယခုအောက်တို ဘာလတွင် ကျေးရွာအုပ်စုအများအပြားတွင် မိုးစပါးများ ရိတ်သိမ်းလျက်ရှိနေကြပါသည်။  လက်ပံ တန်းမြို့နယ်အတွင်း စိုက်ပျိုးထားသောစပါးမျိုးများမှာ မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ဗျော့ထွန်း၊ ရက်(၉၀)၊ ရက်(၇၀)စပါးမျိုးများ စိုက်ပျိုးကြောင်း သိရှိရပါသည်။ တစ်ဧကကုန်ကျစရိတ် အနေဖြင့် (၆)သိန်းခန့်ကုန်ကျပြီး တစ်ဧကအထွက်နှုန်း(၆၀)တင်းခန့် ထွက်ရှိပါသည်။ ပေါင် (၅၀) စပါးတင်း (၁၀၀)လျှင် အစိုဓါတ်၂၃/၂၅%၊ဈေးနှုန်း (၁၆၀၀၀၀၀)ကျပ်ဈေးဖြင့် တစ်ဧကဝင်ငွေ (၉၆၀၀၀၀)ကျပ် ရရှိနိုင်ပါသည်။ အကျိုးအမြတ်အနေဖြင့်တစ်ဧကလျှင်(၃၆၀၀၀၀)ကျပ် ရရှိကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)

အရောင်းအဝယ်အေးနေတဲ့ ကွန်ကရစ်ပစ္စည်းဈေး

     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၌ ကွန်ကရစ်ပစ္စည်းများကို အဓိကပြုလုပ် ရောင်းချနေသော ကွန်ကရစ်ပစ္စည်းဈေးကွက်တွင် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ကုန်ချောရောင်းအားများ ကျဆင်းလျက်ရှိကြောင်း ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူ လုပ်ငန်းရှင် တစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

     ထုတ်လုပ်သည့်ကွန်ကရစ်ပစ္စည်းများမှာ (၇)ပေနှင့်(၈)ပေအရှည်ရှိကွန်ကရစ်တိုင်များ၊ ရေစည် (၃)စည်ဆံ့နှင့်တစ်စည်ဆံ့ရေကန်များ၊ အဆောက်အဦဆောက်လုပ်ရာတွင် တိုင်များ၏အောက်ခံအဖြစ် အသုံးပြုသည့် အမြင့်(၂)ပေရှိ ကျင်တွယ်ခုံအသေးနှင့်အလတ်၊ အမြင့်(၂.၅)ပေရှိကျင်တွယ်ခုံအကြီးများ၊ မိလ္လာကျင်းများတွင်အသုံးပြုသည့် အမြင့်(၁.၅)ပေရှိသည့်ကွန်ကရစ်ခွေများ၊ အလှပန်းများထည့်သွင်း စိုက်ပျိုးသည့် အဝအကျယ်တစ်ပေရှိ ကွန်ကရစ်ပန်းအိုးအသေး၊ အဝအကျယ်(၁.၅)ပေရှိ ပန်းအိုးအလတ်၊ အဝအကျယ်( ၂)ပေရှိ ပန်းအိုးအကြီးတို့ကို ပုံမှန်ထုတ်လုပ်လျက်ရှိပါသည်။

   ယခုလက်ရှိ ရောင်းချလျက်ရှိသည့် ဈေးနှုန်းများအနေဖြင့် (၇)ပေကွန်ကရစ်တိုင်တစ်တိုင်လျှင် ၂၂၀၀၀ကျပ်၊(၈)ပေကွန်ကရစ်တိုင်တစ်တိုင်လျှင် ၂၆၀၀၀ကျပ်၊ (၃)စည်ဆံ့ရေကန်တစ်ကန်လျှင် ၆၀၀၀၀ ကျပ်၊ ကျင်တွယ်ခုံအသေးတစ်ခုလျှင် ၁၅၀၀၀ကျပ်၊ အလတ်တစ်ခုလျှင် ၂၅၀၀၀ကျပ်နှင့် အကြီးတစ်ခုလျှင် ၃၀၀၀၀ကျပ်၊ မိလ္လာကွန်ကရစ်ခွေတစ်ခွေလျှင် ၂၅၀၀၀ကျပ်၊ ပန်းအိုးအသေးတစ်အိုး လျှင် ၈၀၀၀ ကျပ်၊ အလတ်တစ်အိုးလျှင် ၁၀၀၀၀ကျပ်နှင့် အကြီးတစ်အိုးလျှင် ၁၅၀၀၀ကျပ်နှုန်းတို့ဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    အရောင်းရဆုံးပစ္စည်းများမှာ (၇)ပေကွန်ကရစ်တိုင်များဖြစ်ပြီး (၃)စည်ဆံ့ရေကန်များမှာ ဒုတိယ အရောင်းရဆုံးပစ္စည်းများဖြစ်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ ကျောက်၊ သံချောင်း ဈေးများမြင့်တက်နေသဖြင့် အမြတ်နည်းသော်လည်း မိမိလုပ်ငန်းခွင်ရှိလုပ်သားများ၏ စားဝတ်နေရေး အတွက် အလုပ်အကိုင်မပျက်လုပ်ကိုင်နိုင်ရန်ရည်ရွယ်ပြီး ဝယ်လိုအားအပေါ်မူတည်၍ ဈေးနှုန်းကို ချင့်ချိန် ရောင်းချနေရပါကြောင်း၊ ယခုလက်ရှိကာလတွင် မိမိတို့ထုတ်လုပ်လျက်ရှိသည့် ကွန်ကရစ် ပစ္စည်းများအရောင်းပါးပြီး ယခင်နှစ်ကထက် ရောင်းအားသိသိသာသာလျော့နည်းနေကြောင်းနှင့် အော်ဒါမှာယူမှုများကိုလည်း လက်ခံပြုလုပ်ပေးလျက်ရှိပါကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

ပြည်မြို့ရှိ‌ဂေါ်ဖီထုပ်ဈေးကွက်

              ဂေါ်ဖီထုပ်များ ပြည်မြို့ရှိ‌ဈေးကွက်အတွင်းသို့ဝင်ရောက်ရာတွင် ရွှေတောင်မြို့နယ်မှ ဝင် ရောက်လာခြင်းများ ရှိသကဲ့သို့ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာကြကြောင်း သိရှိရပါသည်။ ဂေါ်ဖီ ထုပ်ကို ရှမ်းပြည်နယ်ဘက်တွင်တစ်နှစ်ပတ်လုံး စိုက်ပျိုးပြီး မြေပြန့်ဒေသများ၌ဆောင်းရာသီတွင် စိုက်ပျိုးကြပါသည်။ ဂေါ်ဖီထုပ်အပင်များကို စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)မှ(၁၀၀)အတွင်း စတင် ထွက်ရှိပြီး တစ်ဧကလျှင် ဂေါ်ဖီအထုပ်ပေါင်း (၁၀၀၀)ခန့် ထွက်ရှိကြောင်းသိရှိရပါသည်။ ပြည်ခရိုင်မှ ထွက်ရှိသော ‌ဂေါ်ဖီထုပ်များသည် ရွှေတောင်မြို့နယ်ရှိ ကျီးသဲနှင့်မြို့မကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ တစ်ထုပ်လျှင် (၃၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ ရောင်းချကြောင်းသိရှိရပါသည်။ ယခင်လများတွင် ဂေါ်ဖီထုပ် ဈေးနှုန်းမှာ (၁၀၀၀)မှ (၁၂၀၀)ကျပ်ရောင်းချခဲ့ပြီး ယခုလတွင် မိုးများအဆက်မပြတ် ရွာသွန်းခဲ့သော ကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိပြီး သယ်ယူသောကားများမှာ အစီးရေအနည်းငယ်သာ ထွက်ရှိသောကြောင့် ရန်ကုန်မြို့ရှိကုန်စိမ်းဈေးများသို့ ကားအဝင်နည်းကာ ‌ဂေါ်ဖီထုပ်ဈေးမြင့်တက် ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျောက်ပန်းတောင်းမြို့နယ် မြေပဲစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်ရရှိမှု အခြေအနေ

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ ဖြစ်သည့်မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာစိုက်ပျိုး မှုရှိပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲကို (၆၃၈၆၀)ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်း (၄၂.၁၉)တင်းနှုန်းဖြင့် တင်းပေါင်း(၂၆၉၄၅၅၁)တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲ စိုက်ပျိုးမှုအနေဖြင့် (၁၈၄)ဧကသာ စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၄၆)တင်းဖြင့် တင်းပေါင်း(၈၄၆၄)တင်း ထွက်ရှိခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာ ထားမှုအနေဖြင့် (၅၈၂၇၁) ဧကလျာထားမှုရှိပြီး မိုးရာသီကုန်အထိ (၆၅၈၉၀)ဧကစိုက်ပျိုးပြီး ရိတ်ဧက(၂၈၅၁၁)ဧက ရိတ်သိမ်းပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၄၂.၂၄)တင်း ထွက်ရှိ ခဲ့ပါသည်။ အထွက်တင်းစုစုပေါင်း(၁၂၀၄၂၀၄) တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးရန် လျာထားမှုမှာ(၃၁၉)ဧကရှိပြီး ယခုစိုက်ပျိုးပြီးစီးမှုမှာ(၁၄၁)ဧက ရှိပါသည်။ ထွက်ရှိသော မြေပဲများကို ကျောက်ပန်းတောင်းမြို့နှင့်ထိစပ်လျက်ရှိသော ကျေးရွာများမှ မြို့ပေါ်ရှိ ပွဲရုံများနှင့် ဆီစက်များသို့လာရောက်ရောင်းချကြပါသည်။ ၂၀၂၃-၂၀၂၄ခုနှစ် ဒီဇင်ဘာလတွင် မြေပဲဆီဆံ တစ်တင်းလျှင်(၁၀၀၅၀၀)ကျပ်၊ မြေပဲလုံးဆံတစ်တင်းလျှင်(၁၀၅၀၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်း လျှင်(၁၂၀၀၀၀)ကျပ်များဖြင့်ရောင်းချခဲ့ကြပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ်ကာလတူလတွင် မြေပဲဆီဆံ တစ်တင်းလျှင်(၁၂၄၅၀၀)ကျပ်၊ မြေပဲလုံးဆံတစ်တင်းလျှင်(၁၂၇၅၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်း လျှင်(၁၃၅၀၀၀)ကျပ်ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါသည်။

        ၂၀၂၄-၂၀၂၅ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကစိုက်ပျိုးမှု ကုန်ကျ စရိတ်အနေဖြင့်(၉၄၁၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်း (၄၂.၁၉)တင် နှုန်းထွက်ရှိခဲ့ပါသည်။ ပေါ်ချိန်တွင် မြေပဲတောင့်တစ်တင်းလျှင်(၃၈၅၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီး၊ တစ်ဧကဝင်ငွေ(၁၆၂၄၃၁၅)ကျပ်ရရှိ၍ တောင်သူအကျိုးအမြတ်မှာ(၆၈၃၃၁၅)ကျပ်ရရှိပါသည်။ ဒေသတွင်ထွက်မြေပဲများကို ယခင်က အခြားဒေသများသို့တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာ ပါသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံမြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြုလုပ်ပါက ဒေသတွင်း ဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများအလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများစားသုံးရ ခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာစေ သည့်အတွက် ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း