Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

          ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ (၀၉း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ် ကွက်၊ ရေးလမ်းရှိ ရတနာဦးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၄၃)ပေပါကို ယာဥ်မောင်းဦးအောင်ကျော်ကျော် ၊ယာဉ်အမှတ် 7M-2226/ Hino မော်တော်ယာဥ်ဖြင့်တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၄၃) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ်မှ တစ် ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချ ပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ အသင့်စားမုန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် အလုပ်ရုံအား စစ်ဆေးခြင်း

          ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ၊ နံနက် ၀၉း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှစစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊စည်ပင် သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ဆန်းသစ်အသင့်စားမုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်း ချသည့် အလုပ်ရုံအား ‌စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စစ်ဆေးခြင်းဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်း စွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ဖြူးထုတ်လုပ်ရောင်းချနေမှုများ ရှိ/ မရှိ၊ မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့် ဖြစ်စေတွဲ လျက်ဖော်ပြထားသော ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန်စားသောက် ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက် များ ရယူဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အရောင်းသွက်သည့်ငှက်ပျောသီး

    စျေးကွက်အတွင်းသို့ ဝင်ရောက်လာသည့်ငှက်ပျောသီးများမှာ    မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ပဲခူတိုင်းဒေသကြီးတို့မှဝင်ရောက်မှုများကြောင်း သိရရှိရပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်း အမရပူရ၊ပုသိမ်ကြီး၊မတ္တရာ၊ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သားမြို့နယ်တို့ တွင် ငှက်ပျောသီးသီးနှံအများအပြားစိုက်ပျိုးကြောင်း  သိရှိရပါတယ်။    စျေးကွက်အတွင်း ရောင်းချသည့် ငှက်ပျောသီးများအနက်  အများဆုံးတွေ့ရှိရသည့်အမျိုးအမည်များမှာ  ဖီးကြမ်း၊  သီးမွေး၊  ရခိုင်၊ ငှက်ပျောချဉ်နှင့်ရွှေနီငှက်ပျောတို့ဖြစ်ပါတယ်။ ငှက်ပျောသီး သီးနှံကို အဟာရဓါတ်စာ၊ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်  ထည့်သွင်းသုံးစွဲခြင်း၊ ဘုရားပွဲနှင့် မိရိုးဖလာကန်တော့ပွဲများတွင်   သုံးစွဲ ကြောင်း သိရှိရပါတယ်။ ဖီးကြမ်းငှက်ပျောသီးအနေဖြင့် မတ္တရာမှထွက်သည့်အသီးမှာ အခွံထူပြီး၊ အရသာမှာ အချိုဓါတ်အနည်းငယ်လျော့ကြောင်းနှင့် ကျောက်ဆည်မှထွက်သည့် ငှက်ပျောသီးမှာ   အခွံပါးပြီး၊အချိုဓါတ်များကြောင်း သိရှိရပါတယ်။ ဖီးကြမ်းနှင့် ရခိုင်ငှက်ပျောသီးများကို  ဘုရားပွဲနှင့်  မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံးနှင့်သုံးစွဲသည့် ငှက်ပျော ခိုင်အရေအတွက်အလိုက်၊အလုံးအရွယ်အစားအလိုက်စျေးနှုန်းအမျိုးမျိုးရှိရာ၁၂၀၀ဝိ/- နှင့် ၁၈၀၀ဝိ/-စျေးအသီးသီးရောင်းချကြောင်းတွေ့ရှိရပါတယ်။ စျေးကွက်အတွင်း ရောင်းချသည့်ငှက်ပျောဖီး စျေးနှုန်းများအနေဖြင့် တစ်ဖီးလျင်  ဖီးကြမ်း(အစိမ်း)    ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-စျေး၊   ဖီးကြမ်း  (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/- စျေး၊ ရခိုင်ငှက်ပျောသီးနှင့်ငှက်ပျောချဉ်သီးမှာ    အစိမ်းနှင့်အမှည့်   စျေးကွာခြားမှုမရှိဘဲ တစ်ဖီးလျင် ၁၅၀ဝ/- နှင့် ၂၀၀ဝိ/- စျေးတို့   အသီးသီးရောင်းချလျက်ရှိပါတယ်။ သီးမွေးငှက်ပျောသီးအနေဖြင့်   ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ မတ္တရာတို့တွင် အများအပြား စိုက်ပျိုးပြီး၊စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှလည်း     ဝင်ရောက်မှုများရှိပါတယ်။   တောင်ငူမြို့နယ်မှထွက်ရှိသည့် သီးမွေးငှက်ပျောသီးမှာ အလုံးလှ၍ အနံ့နှင့်အရသာမှာ လူကြိုက် များပြီးစျေးကောင်းရကာ တစ်ဖီးလျင်(၁၇လုံးနှင့် ၂၅လုံးပါ) ၄၀၀ဝိ/- နှင့် ၅၅၀ဝိ/-စျေး၊ ကျန် ဒေသများမှထွက်သည့်သီးမွေးငှက်ပျောသီး အစိမ်း/အမှည့် တစ်ဖီးလျင်  ၁၅၀ဝိ/-  နှင့် ၂၅၀ဝိ/-စျေး အသီးသီးရောင်းချလျက်ရှိပါတယ်။  တောင်ငူမြို့နယ်မှ  ထွက်ရှိသည့် ရွှေနီငှက်ပျောသီး တစ်ဖီးလျင် အလုံးအရေတွက်နှင့် လတ်ဆတ်မှုအပေါ်မူတည်၍ ၅၀၀ဝိ/-နှင့် ၈၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက် ရှိပါတယ်။ မိုးရာသီနှင့်နွေရာသီထွက်ငှက်ပျောသီးများမှာ ပို၍ လှပပြီး၊ ဆောင်းရာသီတွင် ငှက်ပျော သီးသီးနှံမှာ လှပမှုနည်းကြောင်း သိရှိရပါတယ်။ စျေးကွက်အနေဖြင့်   ဒီဇင်ဘာလဒုတိယပတ် အတွင်း  ဒေသမျိုးစုံမှအသီးမျိုးစုံဝင်ရောက်မှုများပြီး  ငှက်ပျောသီးမှာ အရောင်းသွက်သည့် သီးနှံဖြစ်ကြောင်း မန္တလေးမြို့၊ ရေနီမြောင်းစျေးရှိ ငှက်ပျောသီးရောင်းချသည့်ဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါတယ်။

DOCA(မန္တလေး)

 

                                                              

 

 

 

မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ဖြစ်ပေါ်နေသာ နှမ်းဈေးနှုန်း

    မန္တလေးတိုင်းဒေသကြီးအတွင်း နှမ်းအဓိကစိုက်ပျိုးထွက်ရှိသော ဒေသများအနက် ကျောက်ဆည်ခရိုင်တွင် အများဆုံးစိုက်ပျိုးထွက်ရှိလျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် နှမ်းဈေးများမြင့်တက်လာခဲ့သည်။ ယခုအခါ မိုးနှမ်းများ ထွက်ပေါ်ချိန်ဖြစ်သောကြောင့်  ဒေသတွင်း အရောင်းအဝယ်များ ဖြစ်လျက်ရှိပါသည်။

    ယခုအချိန်တွင် လူအများမှာ ကျန်းမာရေးအတွက် နှမ်းဆီကို ဝယ်ယူစားသုံးကြသည့် အတွက် ဆီစက်သမားများကလည်း နှမ်းဆီကြိတ်ရန် အဝယ်ရှိသည့်အချိန်ဖြစ်သည့်အတွက် နှမ်းဈေးများ မြင့်တက်လာသည်ဟု သိရသည်။

    နှမ်းဈေးမှာ မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် စမုန်နမ်းနက်တစ်တင်းလျှင် ၆၅၀၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ၄၀၀၀၀၀ နှင့် နှမ်းညိုတစ်တင်းလျှင် ၃၂၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု သိရသည်။ မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သော နှမ်းဈေးနှုန်းများကို ၂၀၂၃ခုနှစ်နှင့် ၂၀၂၄ခုနှစ် နှိုင်းယှဉ်ကြည်မည်ဆိုလျှင် ယခုနှစ်အတွင်း ဈေးမြင့်တက်လာခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

 

 

၂၀၂၄-၂၀၂၅ ရာသီပဲတီစိမ်းစိုက်တောင်သူများအတွက်(GAP-GHP)နည်းစဉ်များအတိုင်း စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၍စိုက်ပျိုးရေးဦးစီးဌာန၊ကျွမ်းကျင်ပညာရှင်များမှပို့ချသော‌ တောင်သူပညာပေးသင်တန်းအခမ်းအနား

   ဥ‌ရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာ့ပဲတီစိမ်းများတင်ပို့ရာ တွင် တစ်နှစ်ထက်တစ်နှစ်ပိုမိုတင်ပို့နိုင်ရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ရာသီ ပဲတီစိမ်းစိုက်တောင်သူ များအတွက် (GAP-GHP) နည်းစဉ်များအတိုင်း စိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များကပို့ချသော‌ တောင်သူပညာပေး သင်တန်းအခမ်းအနားအား ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နံနက်(၀၉:၃၀)တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်းအမှုထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပံ့ပိုးကူညီပေးသောကုမ္ပဏီများမှတာဝန်ရှိသူများနှင့် တောင်သူများ စုစုပေါင်း ၁၂၆ ဦးတက်ရောက် ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်စကားပြောကြားခဲ့ပါသည်။ ဦးကျော်ကျော်လွင်က  တောင်သူများအား ကောင်းမွန်သောစိုက်ပျိုးရေးစနစ်များဖြင့် စိုက်ပျိုး နိုင်ရန်အတွက် ကြိုတင်အသိပညာပေးရန်၊ စုဆောင်းသူဝယ်ယူသူများကိုလည်း သိုလှောင်မှု၊ ပို့ဆောင်မှု တို့အား မှတ်တမ်းထားရှိစေရန်နှင့် လုပ်ငန်းဆောင်ရွက်သည့်စက်ရုံများကိုလည်း ကျန်းမာရေး နှင့် ညီညွတ်သည့် အလေ့အကျင့်ရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး သက်ဆိုင်ရာကုမ္ပဏီ များ၏ကူညီပံပိုးမှုဖြင့် အသိပညာပေးဆောင်ရွက်လျှက်ရှိပါကြောင်း၊ နှစ်စဉ် ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲတီစိမ်းတင်ပို့ခဲ့မှုအခြေအနေများအကြောင်းနှင့် သင်တန်းတွင် အသိပညာပေးသည့်အတိုင်း စနစ်တကျစိုက်ပျိုးထုတ်လုပ်ပါက တောင်သူ၊ အဝယ်တော်၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်သည့်အကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်လာသောတောင်သူများအား ပညာပေး သင်တန်းပို့ချခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များအားမေးမြန်းခဲ့ကြကာ အခမ်းအနားပြီးမြောက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

ဒီဇင်ဘာလ တတိယပတ်တွင် တွံတေးမြို့နယ် အခြေခံစားသောက်ကုန်များဖြစ်သောဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်( ၃၃၀၀-၃၄၀၀)ကျပ်၊ တောင်ပျံဆန် ရိုးရိုးတစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ကျားပျံဆန်တစ်ပြည်လျှင်(၅၄၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင် (၇၆၇၅)ကျပ်၊ ယခုအပတ်(၇၆၇၅)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာ လျှင် (၂၂၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်ဆုံတစ်ပိဿာလျှင် (၄၀၀၀-၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုက်) တစ်ပိဿာလျှင်(၁၉၅၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင်(၁၂၅၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင်(၆၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်) တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ ငြုပ်တောင့်(အပု)တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊  ကုလားပဲခြမ်း တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ မန်းချည်းသီးမှည့် တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် (၇၀၀၀၀)ကျပ်၊ခေါက်ဆွဲခြောက်တစ်ထုတ်လျှင်  (၇၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၃၅၀)ကျပ်နှင့် ဘဲဥတစ်လုံး လျှင် (၅၅၀)ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

အလားတူဗမာကြက်တစ်ပိဿာလျှင် (၂၇၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင်(၂၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၅၀၀၀-၃၀၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်စသည်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများနှင့် အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာတည်ငြိမ်လျှက်ရှိပြီး အသား၊ငါးဈေးနှုန်းများနှင့်စားအုန်းဆီဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းသွားလျှက်ရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

“ သုံးခွမြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

ဒီဇင်ဘာလ တတိယပတ်တွင် သုံးခွမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၃၀၀-၃၆၀၀)ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်း တစ်ပြည်လျှင်(၅၀၀၀-၆၀၀၀)ကျပ်၊ ကျားပျံတစ်ပြည်လျှင်(၅၀၀၀-၆၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင်ယခင်ပတ်တွင်(၇၇၅၀)ကျပ်၊ ယခုပတ်တွင်(၇၇၅၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ် လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်စုံ တစ်ပိဿာလျှင်(၂၅၀၀-၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင်(၁၈၀၀၀-၂၀၀၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင်(၃၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်)တစ်ပိဿာလျှင် (၉၀၀၀-၁၄၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်းတစ်ပိဿာလျှင်(၇၂၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၇၀၀၀-၈၀၀၀)ကျပ်၊ သကြား တစ်ပိဿာလျှင်(၅၆၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၃၈၀-၄၀၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၅၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

အလားတူ ဗမာကြက်တစ်ပိဿာလျှင်(၂၅၀၀၀-၃၀၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင် (၂၀၀၀၀-၂၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၀၀၀၀-၂၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၂၂၀၀၀-၂၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၅၀၀၀-၂၇၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် စသည့်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရပါသည်။

ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများ၊ အသား၊ငါး ဈေးနှုန်းများနှင့် စားသောက်ကုန်ပစ္စည်း(ကုန်ခြောက်)ဈေးနှုန်းများမှာ အနည်းငယ် ပြောင်းလဲ လျက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာတည်ငြိမ်လျှက်ရှိကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိသောအခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေ”

ဒီဇင်ဘာလ တတိယပတ်တွင် ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၃၀၀-၃၄၀၀)ကျပ်ထိ၊ ငစိန်အုပ်စု တစ်ပြည်လျှင် (၃၀၀၀-၃၁၀၀)ကျပ်၊ ကျားပျံဆန်တစ်ပြည်လျှင်(၅၃၀၀-၅၄၀၀)ကျပ်တို့ဖြင့် လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ယခင်ပတ်တွင် (၇၅၅၀)ကျပ်၊ ယခုပတ်တွင် (၇၅၄၅)ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင်(၂၀၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်စုံ တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀-၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင်(၁၅၀၀၀-၂၀၀၀၀)ကျပ်၊ နနွင်းတစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊  ရိုးရိုးဆားတစ်ပိဿာလျှင်(၆၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၆၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်)တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာ လျှင်(၇၅၀၀)ကျပ်၊ မန်ကျည်းသီးအမှည့် တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ငံပြာရည် တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင်(၇၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၃၈၀-၄၀၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင်(၄၅၀-၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

အလားတူအသား၊ငါးဈေးနှုန်းများဖြစ်သော ကြက်သား(ဗမာကြက်) တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၃၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင်(၉၀၀၀)ကျပ် စသည့်ဖြင့် လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရပါသည်။

ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းနှင့်အသားငါး ဈေးနှုန်းများ၊ အခြေခံစားသောက်ကုန် ဈေးနှုန်း(ကုန်ခြောက်)များမှာ တည်ငြိမ်လျှက်ရှိပြီး  စားအုန်းဆီ ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားလျှက်ရှိကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

ခရမ်းမြို့နယ်၊ ဒီဇင်ဘာလ (၁၈) ရက်

ဒီဇင်ဘာလ တတိယပတ်တွင် ခရမ်းမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၅၀၀-၃၈၀၀)ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင်(၅၈၀၀-၆၀၀၀)ကျပ်၊ ငစိန်အုပ်စု ပုသိမ်ရာကျော်တစ်ပြည်လျှင် (၃၀၀၀-၃၂၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင်(၇၈၀၀)ကျပ်၊ ယခုပတ်တွင် (၇၈၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်ဆုံ တစ်ပိဿာလျှင်(၃၀၀၀-၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြက်ကုတ်) တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ဆားကြမ်းတစ်ပိဿာလျှင်(၇၀၀)ကျပ်၊ ငြုပ်တောင့် (အရှည်) တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ ငြုပ်တောင့်(အပု) တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ငပိ(မျှင်)တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၃၈၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက ရှိပါသည်။

အလားတူ ဗမာကြက်တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ် ဝက်သားတစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ ဆိတ်သား   တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာ လျှင် (၁၀၀၀၀)ကျပ်စသည့်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက် ရှိကြောင်းသိရပါ သည်။

ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများ၊ အသားငါး ဈေးနှုန်းများ၊ စားအုန်းဆီဈေးနှုန်းနှင့် ပဲဆီဈေးနှုန်းများမှာတည်ငြိမ်လျှက်ရှိပြီး   အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းသွားလျှက်ရှိကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

ပဲစောင်းလျားသီးဈေးကွက်

     မန္တလေးတိုင်းဒေသကြီးတွင် ပဲမြစ်ထွက်ရှိရန်စိုက်ပျိုးရာတွင် အပင်မှထွက်ရှိသည့် ပဲစောင်းလျားသီးကို မန္တလေးမြို့အနီးတဝိုက်ရှိဒေသများမှ ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး များသောအားဖြင့် ကျောက်ဆည်၊ တံတားဦး၊ မတ္တရာတို့မှ ထွက်ရှိသော ပဲစောင်းလျားသီးများသည် မန္တလေးဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ပြီး ရာသီစာအဖြစ် စားသုံးလျက်ရှိကြောင်း သတင်းရရှိပါသည်။ မန္တလေးမြို့၊ ၄၁လမ်း ကမ်းနားလမ်း ကုန်စိမ်းဈေး ၊ (ဝေယံထွန်းဈေး)မှ ပဲစောင်းလျားသီးကို လက်ကားရောင်းချပြီး လက်လီအနည်းငယ် ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။ ကုန်စိမ်းဈေးမှ လက်ကားဝယ်ယူပြီး မန္တလေးမြို့ရှိ ဈေးအသီးသီးတွင် လက်လီပြန်လည်ရောင်းချလျက်ရှိကြောင်းသိရှိရပါတယ်။ လက်ကားဈေး ၁ပိသာလျှင် (၃၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါတယ်။ ဈေးနှုန်း သင့်တင့်သည့် ပဲစောင်းလျားသီးကို လူအများကြိုက်နှစ်သက်ပြီး ရာသီစာအဖြစ် စားသုံးလေ့ရှိကြောင်း၊ ပဲစောင်းလျားသီးသုပ်၊ အတို့အမြုပ်၊ အချဉ်ရည်ဟင်းအဖြစ်စားသုံးကြပြီး ကျန်းမာရေးနှင့် ညီညွတ်သော အသီးဖြစ်၍ စားသုံးသင့်ကြောင်း သတင်းကောင်းပါးလိုက်တယ်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း