Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နယ်ဝယ်လက် အဝယ်လိုက်နေတဲ့ ပြည်ချင်းဈေးကွက်

            ချင်းထွက်ရှိရာ ရှမ်းပြည်နယ်၊ အောင်ပန်းချင်းများ ပြည်ဈေးကွက်အတွင်းသို့ ဒီဇင်ဘာဒုတိယပတ်မှစ၍ အဝင်များလာတာတွေ့ရပါတယ်။ ပြည်ဈေးကွက်မှ နတ္တလင်း၊ ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ ဝက်ထီးကန်၊ ပေါက်ခေါင်းမြို့များမှ ဝယ်ယူမှုများလာတာ တွေ့ရပါသည်။ အဝယ်များပေမဲ့ ဈေးနှုန်းတက်မသွားပဲ ဈေးနှုန်းတည်ငြိမ်နေတာ တွေ့ရပါတယ်။ ယခင်နှစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ချင်းဈေးမှာ တစ်ပိဿာလျှင် ပွဲရုံဈေး ၄၀၀၀-၆၅၀၀ကျပ် ဈေးဖြစ်ပြီး ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ချင်းဈေးမှာ တစ်ပိဿာလျှင် ၃၀၀၀-၄၀၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်နှစ်နှင့် နှိုင်းယဉ်လျှင် ဈေးကောင်းမရသော နှစ်ဖြစ်ပါသည်။ ပွဲရုံများတွင် လက်လီ/လက်ကား ရောင်းဝယ်သူများနှင့် အခြားမြို့နယ်များသို့ တင်ပို့မှုအပါအဝင် ပွဲရုံများ၌ ပိဿာ (၃၀၀)ခန့် အ‌ရောင်းအဝယ်ဖြစ်ပြီး ယခင်ကာလများထက် အရောင်းပါးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၏ဒီဇင်ဘာတတိယအပတ် တွင်ပဲတီစိမ်းနှင့် ဘိုကိတ်ပဲသီးနှံ အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်း၊‌ ဈေးကွက်အခြေအနေ

            ပြည်ခရိုင်တွင် ပဲမျိုးစုံအရောင်းအဝယ် ဖြစ်လျက်ရှိရာ ယခုဒီဇင်ဘာလ တတိယပတ်တွင် ပဲတီစိမ်းနှင့် ဘိုကိတ်ပဲအသစ်များ ပန်းတောင်း၊ ကံမဘက်မှ ဝင်ရောက်လာပြီး ဘိုကိတ်အဝင် တစ်ရက်ကိုအိတ် (၂၀၀-၃၀၀)ခန့်အဝင်ရှိပါသည်။ ဘိုကိတ်ပဲသစ်တစ်တင်းကို ၉၀၀၀၀ကျပ် ဈေးဖြင့်ဈေးစဖွင့်ခဲ့ပါသည်။ ဘိုကိတ်ပဲသီးနှံကို မြို့တွင်းအဝယ်နှင့် ရန်ကုန်တစ်ရက်ကို အိတ်(၁၀၀-၂၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါသည်။ ဒီဇင်ဘာလဒုတိယပတ်တွင် ပဲတီစိမ်းအသစ်များမှလည်း ပန်းတောင်း၊ ကံမဘက်မှ အဝင်ရှိပြီး ပဲတစ်တင်းကို ၉၇၀၀၀-၉၈၀၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲတီစိမ်းအဝင်မှာ တစ်ရက်ကို အိတ်(၅၀၀-၆၀၀)ခန့် အဝင်ရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်ကို အိတ်(၅၀၀-၆၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ခရိုင်၊ ပြည်မြို့သည် ဒေသအချက်အချာကျသော မြို့ဖြစ်၍ ပဲအရောင်းအဝယ်ဖြစ်မှုမှာလည်း သွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရွှေဘိုမြို့တွင် အရောင်းအဝယ်ဖြစ်နေသော အစေ့ထုတ်ပြောင်းဈေး

             ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်သာမက နယ်မြေခြင်းသထိစပ်လျက်ရှိသည့် ရေဦးခရိုင်နှင့် ကန့်ဘလူခရိုင်မှ အစေ့ထုတ်ပြောင်းများလည်း ဝင်ရောက်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၂၆၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀၀)တင်း/ (၄၄၉)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၇၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ် အောက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၁၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ယခုအပတ်၌ ရွှေဘိုဈေးကွက်သို့ အစေ့ထုတ်ပြောင်းအဝင်များသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းအခြေအနေ

            ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့်ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

         ခရမ်းချဉ်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် ဆောင်းရာသီတွင် မိမိတို့ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ဒေသတွင်းခရမ်းချဉ်သီးများကိုသာ မှာယူရောင်းချရပါသည်။ ဒေသထွက် ခရမ်းချဉ်သီးမှာ အချိန်ကြာမြင့်စွာထားလျင် ပုတ်လွယ်ပြီး အထားမခံသည့်အတွက် အကြိုက်နည်းကြပြီး ဈေးနှုန်းသက်သာကြောင့် ဒေသထွက်ခရမ်းချဉ်သီးများကိုသာ လှိုင်လှိုင်ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ယခင် နိုဝင်ဘာလတွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၈၀၀၀/၁၀၀၀၀)ကျပ် ဈေးနှုန်ုးတို့ ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

             ယခု ဒီဇင်ဘာလ တတိယအပတ်တွင် ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ထိုင်ဝမ်အမျိုးအစား ခရမ်းချဉ်သီးနှင့် ရိုးရိုးဗမာ အမျိုးအစား ခရမ်းချဉ်သီးဟူ၍ နှစ်မျိုးပေါ်လာပြီး ရိုးရိုးဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံးအကြီး/ အသေး ပေါ်မူတည်၍တစ်ပိဿာလျှင်(၅၀၀၀/၆၀၀၀)ကျပ် ဖြစ်ပြီး (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ဒီဇင်ဘာလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ကြည့်မည့်ဆိုပါက  ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ်ဈေးကျလျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ကြက်သွန်ဖြူ ဈေးနှုန်းအခြေအနေ

          ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်း ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးမှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

           ကန့်ဘလူမြို့နယ်တွင် ကြက်သွန်ဖြူ ယခင်ဒီဇင်ဘာလဒုတိယပတ်အတွင်း ကြက်သွန်ဖြူ ဈေးနှုန်းအနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင်  ကျပ်(၂၃၀၀၀)၊ (၂၅) ကျပ်သား လျှင် ကျပ်(၅၅၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)(၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)ဈေးနှုန်း ဈေးနှုန်း အသီးသီးရောင်းချလျက်ရှိကြောင်း၊ ယခု ဒီဇင်ဘာလ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင်  ကျပ်(၂၃၀၀၀)၊ (၂၅) ကျပ်သား လျှင် ကျပ်(၅၅၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) (၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)ဈေးနှုန်း အသီးသီးရောင်းချလျက်ရှိကြောင့် ဒီဇင်ဘာလဒုတိယပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက တည်ငြိမ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကြက်သွန်ဖြူအရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေး၌ ဗူးသီးဈေးနှုန်း ဈေးကွက် အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ပတ်ဝန်းကျင်အနီးတဝိုက်ရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများသည် မိမိတို့ ယာကွက်များအတွင်းနှင့် အိမ်ခြံဝင်း များအတွင်းတွင် စားပင်သီးပင်များကို မိသားစု စားဝတ်နေရေးအဆင်ပြေစေရန်နှင့် အပိုဝင်ငွေ ဗူးသီးကို စိုက်ပျိုးကြပါသည်။ ဗူးသီးပင်သည် နွယ်ပင်အမျိုးအစားဖြစ်သည့်အတွက် စင်ထိုးပြီး စိုက်ပျိုးကာ မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးရသော အပင်မျိုးလဲဖြစ်ပါသည်။

          ဗူးသီးကို မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးဖြင့် ချက်စားနိုင်ခြင်း၊ ဗူးသီးနှင့် ဆူးပုတ်ရွက်ချက်စားခြင်း၊ ဗူးသီးဟင်းခါးချက်စားခြင်း၊ ဗူးသီးကိုပြုတ်ပြီး ငပိရည်နှင့် တို့စားခြင်း၊ ချဉ်ရည်ကျိုစားရာတွင်အသုံးပြုခြင်းနှင့် သီးစုံဟင်းချက်ရာတွင်လည်း အသုံးပြုကြပါသည်။

          ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ဗူးသီး ဈေးနှုန်းများမှာ ဗူးသီးအလုံး အကြီး/အသေး ပေါ်မူတည်၍ ဗူးသီး(အကြီး)တစ်လုံးလျှင်(၃၀၀၀) ကျပ်၊ ဗူးသီး (အလတ်)တစ်လုံးလျှင်(၂၅၀၀)ကျပ်နှင့် ဗူးသီး(အသေး)တစ်လုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ‌ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေး ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ဈေးကွက်တွင် နှမ်းဖြူဈေးဆက်လက်ကျ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွကလျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

         ရွှေဘိုဈေးကွက်သို့ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ နှမ်းဖြူများ ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းဖြူတစ်တင်းလျှင်(၁၂၁၅၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀)တင်း/ (၁၁၀)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းဖြူတစ်တင်း လျှင်(၁၂၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် နှမ်းဖြူတစ်တင်းလျှင် (၃၅၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် နှမ်းဖြူတစ်တင်းလျှင် (၂၁၅၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် နှမ်းဖြူဈေးအနည်းငယ်ကျဆင်းသော်လည်း ရွှေဘိုဈေးကွက်သို့ နှမ်းဖြူများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိ သူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ဈေးကွက်တွင် နှမ်းနက်ဈေးအနည်းငယ်တက်လာ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

         ရွှေဘိုဈေးကွက်သို့ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ နှမ်းနက်များ ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင်(၂၂၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိကြောင်း၊  အရောင်းအဝယ်ဖြစ်မှုမှာ (၁၃၅၀၀)တင်း/(၃၃၁)တန်ဖြစ်ကြောင်း၊ ယခင် အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်ပတ်၌ နှမ်းနက် တစ်တင်းလျှင်(၂၂၁၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်ထက် နှမ်းနက်တစ်တင်းလျှင် (၃၅၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ နှမ်းနက်တစ်တင်းလျှင် (၁၁၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင်ယခင်နှစ်ကာလတူထက် နှမ်းနက်တစ်တင်းလျှင် (၁၀၉၀၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

             ဒီဇင်ဘာလ၊ တတိယအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင် (၂၀၀၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင်(၉၅၀၀ဝိ/-)၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင်(၁၀၃၀၀ဝိ/-)၊  ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၀၇၀၀ဝိ/-)၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင်(၂၃၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ်ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာ တစ်ဗူးလျှင်(၇၅၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး MCတံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာနှင့် ငှက်ကြီးတောင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့)၊ ရှောင်လင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့) ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း၊ ရွှေဘိုခရိုင်တွင် မိုးစပါးများစတင်ရိတ်သိမ်းချိန်ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာလည်း ပုံမှန်သာဖြစ်ကြောင်း  ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်းရှိ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်း အခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ဂေါ်ဖီထုတ်ကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။

            ဂေါ်ဖီထုတ်ကို အသုံးပြုပုံမှာ အကြော်အချဉ်ဖျော်စပ်ရာတွင်လည်းကောင်း၊ ကော်ပြန်ကြော်၊ စမူစာကြော်၊ အသုပ်စုံနှင့် မုံညှင်းချဉ်တို့တွင် ရောနှောထည့်သုံးသလို မုံလာထုတ် အစိမ်းကို ရေစိမ်၍ အတို့အမြုပ်ဖြင့်လည်းစားကြသလို အခြားသီးနှံများဖြင့်လည်းရောကြော်ပီး စားကြသည့်အတွက် အရှိမဖြစ် ကုန်စိမ်းသီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။

              ကန့်ဘလူမြို့ မြို့မဈေးတွင် စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ဂေါ်ဖီ ထုတ်များကို ယခင်လ များတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု နိုဝင်ဘာ လကုန် ဒီဇင်ဘာလ လဆန်းပိုင်းတွင် ဒေသတွင်းထွက်ရှိသည့် ဂေါ်ဖီထုတ်များကိုသာ ဝယ်ယူရောင်း ချလျက်ရှိပြီး ဂေါ်ဖီထုတ်များကို အထုတ်အကြီး/အ‌သေးသောင်းပြောင်းဝယ်ယူကာ ဖောက်သည် ဈေး နှုန်းအနေဖြင့် ဂေါ်ဖီထုတ် တစ်ထုတ်လျှင် (၂၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူမျာကို ပြန်လည်ရောင်းချသည့် ဈေးနှုန်းမှာ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဂေါ်ဖီထုတ် အကြီး / အသေးပေါ် မူတည်၍ တစ်ထုတ်လျှင် (၃၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ယခု ဒီဇင်ဘာလ တတိယပတ်တွင် ဂေါ်ဖီထုတ် အကြီး/ အသေးပေါ်မူတည်၍ တစ်ထုတ်လျှင် (၃၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့်  အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက  ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း