Main menu

                  မန္တလေးစျေးကွက်ရှိရွှေဖရုံသီး

Powered by Drupal

     မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်ရွှေဖရုံသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ရွှေဖရုံသီး ၁ လုံး လျှင် အလုံး(ကြီး) ၈၅၀၀ ကျပ်နှင့် ၉၀၀၀ကျပ်၊   အလုံး(လတ်)  ၆၅၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ အလုံး (သေး) ၁၅၀၀ ကျပ်နှင့်၂၀၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည် ၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။   ရွှေဖရုံသီးမှာ မန္တလေးစျေးကွက်သို့ ဝင်ရောက်မှုများ ပြား လျက်ရှိပြီး ၊ဘုရားပွဲနှင့်အလှူပွဲရာသီ၍  အချိုပွဲများတွင် သုံးစွဲမှုများ သည့်ကုန်စိမ်းအမယ်တစ်မျိုးဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)