Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

       ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၈၅၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၄၈၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၄၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၅၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၆၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၉၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၆၀၀၀ ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

      ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ စတုတ္ထအပတ် စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၅၀၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၈၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၉၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၃၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၆၀၀၀ ကျပ် ဈေးနှုန်းများ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

        ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် ဒီဇင်ဘာလ တတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ငရုပ်သီးခြောက်ဈေးနှုန်းမှာ အနည်ငယ်မြင့်တက်ခဲ့ပြီး ဧည့်မထ(ဒေသ)ဆန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ ခရမ်းချဉ်သီးနှင့် ချင်းဈေးနှုန်းတို့မှာ အနည်းငယ် ကျဆင်းခဲ့ပါ သည်။ ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

            ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၇) ရက် နေ့အထိဖြစ်ပေါ်ခဲ့သော ပြင်ဦးလွင် မှ ဘောက်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၁၂၀၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၀၊  ပြည် မှ ဆီးသီး(ချဉ်) တစ်ပြည် ကျပ် ၂၅၀၀၊ ပြင်ဦးလွင် မှ စတော်ဘယ်ရီ တစ်ဗူး ကျပ် ၃၅၀၀၊  ရဲမွတ်တပ်မြို့ မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးလတ် ကျပ် ၄၀၀၀၊ အလုံးသေး ကျပ် ၄၃၀၀၀၊ နောင်ချို မှ ဖရဲသီး (၈၅၅) အလုံးကြီး ကျပ် ၁၃၅၀၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၀၊ အလုံးသေး ကျပ် ၈၀၀၀၊ အောင်ပန်း မှ ထောပတ်သီး တစ်လုံး ဈေးနှုန်းမှာ အလုံးကြီး ကျပ် ၁၀၀၀၊ အောင်ပန်း မှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀၀၊ ပုပ္ပါး မာလာကာသီး အလုံးကြီးအိတ်တစ်အိတ် ကျပ် ၆၀၀၀၀၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၆၀၀၀ ၊အလုံးလတ် ကျပ် ၅၀၀၀၊ ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၈၀၀၀၀၊ တောင်ကြီး မှ အာတာလွတ်ဥ တစ်ပိဿာ ကျပ် ၃၀၀၀၊ ကြံခင်း မှ ထန်းမြစ်တစ်စီး ကျပ် ၂၅၀၀၊ တောင်ကြီး မှ စိမ်းစားဥ တစ်ပိဿာ ကျပ် ၁၅၀၀၊ တိုက်ကြီးမှ ကလောဥ တစ်ပိဿာ ကျပ် ၁၂၀၀ တို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဓနုဖြူမြို့နယ်၌ ရုံးပတီသီးစိုက်ပျိုး တောင်သူများဈေးကောင်းရ

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ထုံးပုံကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာတွင် ရုံးပတီသီး သီးနှံကို ၂ဧက စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ဟင်းသီးဟင်းရွက်စိုက်ဧက ဓနုဖြူတွင် ဧက ၈၆၁ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

          မျိုးအနေဖြင့် ရုံးပတီသီး(Finger-1) သီးနှံကို တစ်ထုပ်လျှင်  ၆၅၀၀၀-၇၅၀၀၀ကျပ်နှုန်းဖြင့်  ဝယ်ယူ၍ တစ်ဧကလျှင် မျိုးထုပ် ၇ ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့များကို မြေချ၍  စိုက်ပျိုးပြီး ၊ အပင်တစ်ပင်လျှင် ရုံးပတီ အတောင် ၄၀-၅၀ခန့်ထွက်ရှိကြောင်း၊  အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ၄၅ရက်တွင် ရုံးပတီသီးကို စတင်ခူးဆွတ် ကြောင်း၊ ရုံးပတီးသက်တမ်းမှာ ၃လထိရှိ၍ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၂၀သိန်း ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ရုံးပတီသီး အတောင့်ရေ  ၁၀၀၀၀၀-၁၂၀၀၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလတွင် ရုံးပတီသီး လက်ကားဈေး အတောင့် ၁၀၀လျှင် ငွေကျပ် ၃၀၀၀-၅၀၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၀သိန်းကျော်ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ် ဟင်းသီး ဟင်းရွက် ဒိုင်များသို့ တင်ပို့ရပြီး ထွက်ပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်မှုကြောင့် အကျိုးအမြတ် များ ရရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ကြက်သွန်နီအသစ်များလှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်နေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကြက်သွန်နီ အဓိကစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ကမ္မမြို့နယ်များတွင် မိုးစိုက်(ဥစိုက်)များ  အဓိကစို က်ပျိုးလျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် နယ်ပေါင်းစုံမှ ကြက်သွန်နီများ ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ဖြစ်ပြီး ဒီဇင်ဘာလ(တတိယပတ်)တွင် မိုးကြက်သွန်သွန်နီ(အသစ်)ဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် (၃၂၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်သွန်နီတစ်ပိဿာ လျှင် ကျပ်(၄၀၀)ခန့် ဈေးတက်နေကြောင်း၊ နေ့စဉ်အရောင်းအဝယ်ဖြစ်မှုကုန်ဝင်ချိန်မှာ ပိဿာချိန် (၁၃၀၀၀၀)ကျော်၊ တန်ချိန်အားဖြင့် (၂၁၂)တန်ဝင်ရောက်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံနှင့် မြဝတီမြို့သို့ တင်ပို့နေကြောင်း  ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့မဈေး၌ အောင်ပန်းအားလူများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၌ အာလူးသီးများကို ကမ္မမြို့နယ်၊ ပေါက်မြို့ နယ်များရှိ ချောင်းဘေးများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် ပေါက်နှင့် ကမ္မမြို့ နယ်များ၌ အာလူးသီးများစတင်စိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးသို့ ရှမ်းပြည်နယ်ဒေသမှ ထွက်ရှိသော အောင်ပန်းအာလူးသီးများနေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

          အာလူးသီး ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင်  အာလူးအလုံးပေါ် မူတည်၍ အလုံးကြီး လက်ကားတစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ် (၆၅၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ လက်လီ အလုံးကြီးတစ်ပိဿာလျှင် ကျပ် (၉၀၀၀)၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဖြစ်ပြီး ဒီဇင်ဘာလ (ဒုတိယပတ်)တွင် အာလူးလက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ အလုံးလတ် တစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၆၅၀၀)ဖြင့် နေ့စဉ် ဝင်ရောက်မှုပိဿာချိန်(၃၀၀၀ မှ ၅၀၀၀)ထိဝင်ရောက်နေကြောင်း၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလ နှိုင်းယှဉ်ပါကတစ်ပိဿာလျှင် ကျပ် (၂၀၀၀)ခန့်ဈေးတက်နေကြောင်း ကုန်သည်များထံမှ သိရှိရပြီး မြို့မစည်ပင်ဈေးတွင်ရောင်းချနေသော လက်လီဈေးမှာ အလုံးကြီး တစ်ပိဿာလျှင်ကျပ် (၁၀၀၀၀)၊ အလုံးလတ်တစ်ပိဿာလျှင်ကျပ် (၈၀၀၀)၊ အလုံးသေး တစ်ပိဿာလျှင် ကျပ်(၇၀၀၀) ဖြင့် ရောင်းချနေကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူကြက်သွန်နီ ဒီဇင်ဘာလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)မှစတွင်  ကြက်သွန်နီဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ ဈေးကွက်သို့ နွေကြက်သွန်နီ အဟောင်းများအပြင် မိုးကြက်သွန်နီအသစ်များလည်း စတင်ဝင်ရောက် ကြောင်း၊  ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ဒေသများနှင့် အခြားမြို့နယ်များ ဖြစ်သည့် ပခုက္ကူ၊ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ တညောင်မြို့နယ်ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ကြက်သွန်နီအဟောင်းများ ကုန်ဆုံး ရာသီချိန်ဖြစ်၍ ဝင်ရောက်မှုနည်းကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန်ပိဿာ (၁)သောင်း ခွဲခန့် တစ်ပတ်အတွင်း ပိဿာချိန်(၁)သိန်းခန့် ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိ ရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် နွေကြက်သွန်နီအဟောင်းမှာ ဈေးကျ ဆင်းပြီး ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် ကျပ်(၂၃၀၀-၁၆၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှ ပြန်လည်သန့်စင်ပြီး ဥအကြီးအရွယ်အစား၊ အရောင်အဆင်းလိုက်၍ ကြက်သွန်နီ တစ်ပိဿာ လျှင် ကျပ်(၃၅၀၀-၂၅၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မိုးကြက်သွန်နီအသစ် တစ်ပိဿာ လျှင် တောဈေး(ဂျွန်) ကျပ်(၂၈၀၀-၂၂၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပွဲရုံမှ ပြန်လည် ရောင်းချ ဈေးတစ်ပိဿာလျှင် ကျပ်(၃၅၀၀-၂၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ (ပထမပတ်)နှင့် နှိုင်းယှဉ်ပါက နွေကြက်သွန်နီအဟောင်းတစ်ပိဿာလျှင် ကျပ်(၄၀၀)ခန့် ကျဆင်းအရောင်းအဝယ် ဖြစ်ကြောင်း၊ မိုးကြက်သွန်နီအသစ်များ ဈေးကွက်သို့ဝင်ရောက်မှုနည်းသေးကြောင်း၊ ဇန်နဝါရီလအတွင်း စိုက်တောင်သူများမှ မိုးကြက်သွန်နီအသစ်များ လှိုင်လှိုင်တူးဖော်မည်ဖြစ်၍ ဈေးကွက်သို့ ဝင်ရောက်မှု များလာမည်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ(၁)သိန်း၊ တန်ချိန်အားဖြင့် (၁၆၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါ သည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသော မန်ကျည်းသီးမှည့်ဈေးနှုန်းဈေးကွက်

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိက အားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် မန်ကျည်းမှည့်ဈေးများ သိသိသာသာဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မန်ကျည်းသီးအသား တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၁၆၀၀၀)၊ လက်လီဈေး ကျပ်(၁၈၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးအတက်အကျမရှိကြောင်း၊ မန်ကျည်းသီးမှည့်များမှာ ရာသီကုန်ချိန်နီး၍ ဒေသတွင်း ပွဲရုံများတွင် ဝယ်ယူသိုလှောင်ထားသော မန်ကျည်းသီးမှည့်များလည်း လက်ကျန်ပစ္စည်းနည်းလျက်ရှိပြီး ဒေသတွင်း စားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိခြင်းကြောင့် မန်ကျည်းသီးဈေး မြင့်တက်လျက် ရှိကြောင်း ယခုအချိန်တွင် မန်ကျည်းသီးများ လှိုင်လှိုင်သီးချိန်ဖြစ်၍ ဖေဖော်ဝါရီလကုန်ပတ်တွင် မန်ကျည်းမှည့်အသစ်များ ဝင်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဒေသတွင်း သုံးစွဲမှုအနေဖြင့် မြို့ပေါ်ရှိ မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက် ကုန်လုပ်ငန်းရှင် လှောင်လက်သမားများမှ ကုန်ဝင်နည်းသောကြောင့် ဝယ်ယူထားရှိပြီး ပြန်လည် ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များမှလည်း အများ အပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များအပြင် တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ရှမ်းပြည်နယ်မှ ကုန်စိမ်းဝင်ရောက်မှုအခြေအနေ

    မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိမာလာကုန်စိမ်းဈေးသို့ နေ့စဉ် ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ၊ မုန့်ညှင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ဘူးသီး၊ဘိုစားပဲစသည်ဖြင့် အခြေခံစားသောက်ကုန်စိမ်းများ ဝင်ရောက် လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်စိမ်းသီနှံစိုက်ပျိုးမှု နည်းပါးသောကြောင့်အဓိကအား ဖြင့် ကုန်စိမ်းသီးနှံ များကို ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှ ဝင်ရောက် လျက်ရှိပါသည်။

    ယခုအခါတွင်လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများရှိသဖြင့် ရှမ်းပြည်နယ်ရှိဒေသအချို့မှဝင်ရောက် လျက်မရှိတော့ဘဲ တောင်ကြီးမြို့နှင့် အနီးတစ်ဝိုက်ရှိဒေသများနှင့်ရွာငံ၊အင်းလေး၊ပြင်ဦးလွင်တို့မှ ဝင် ရောက်လျက်ရှိကြောင်း သိရှိရသည်။ကုန်စိမ်းဝင်ရောက်မှုအနေဖြင့် ၆ဘီးကား (၂၈၀) မှ (၃၅၀)ခန့် အထိ ဝင်ရောက်လျက်ရှိပါသည်။ ပျမ်းမျှအားဖြင့် ကုန်စိမ်းများကို Canter (၆)ဘီး တစ်စီးလျှင် ၅တန်ဆံ့ဖြင့်သာ ဝင်ရောက်လျက်ရှိပြီး ခရမ်းချဉ်သီးကိုသာ Canter (၁၂)ဘီး (၁၅)တန်ဆံ့ဖြင့်သာ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ မန္တလေးမြို့၊သီရိမာလာကုန်စိမ်းဈေးသို့ (၁.၁၂.၂၀၂၅) မှ (၁၆.၁၂.၂၀၂၄) အထိ ၆ဘီးကား (၆၂၃)စီးခန့် (၃၁၁၅ )တန်ခန့်ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။    

DOCA(မန္တလေး)

 

အထက်မင်းလှမြို့၌ ဆောင်းသီးနှံပဲတီစိမ်း စတင်ထွက်ပေါ်၍ ဈေးကောင်းရလျက်ရှိ

               မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ အင်းကွင်း၌ ကုလားပဲ၊ ပဲကြီးနှင့် ပဲတီစိမ်းသီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် ပဲတီစိမ်းသီးနှံကို တောင်သူ (၂၀)ဦးမှ စိုက်ဧက(၃၀)ဧကခန့်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

          စိုက်ပျိုးရာတွင် မျိုးကို ဒေသခံတောင်သူအချင်းချင်းဆီမှ (၁)ပြည်လျှင် ကျပ်(၆၀၀၀)ဖြင့် ဝယ်ယူ စိုက်ပျိုးကြသလို ယခင်နှစ်ပဲတီစိမ်းစိုက်ခင်းမှထွက်ရှိသည့် ပဲတီစိမ်းများကို မျိုးအဖြစ်ဖယ်ချန်၍လည်း  ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ (၁)ဧကလျှင် မျိုး(၆)ပြည်ခန့်ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း (၁)ဧကလျှင် မျိုးဖိုး၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၂)သိန်းခန့် ကုန်ကျကြောင်း၊ ယခု၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် ပဲတီစိမ်းသီးနှံများ စတင်ထွက်ရှိလျက်ရှိရာ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၁၀)တင်းမှ (၁၁)တင်းထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ်(၁)သိန်းခန့်ရရှိကာ အကျိုး အမြတ်အနေဖြင့် ကျပ်(၈)သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ ရောင်းချကြောင်း၊ ယခင်နှစ်က ပဲတီစိမ်း(၁)တင်းလျှင် အမြင့်ဆုံးဈေး ကျပ်(၇၀၀၀၀)ခန့်သာရရှိခဲ့ပြီး  အထွက်နှုန်းအနေဖြင့်လည်း (၇)တင်းမှ (၉)တင်းနီးပါးသားရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မှု အထွက်နှုန်း ကောင်းသည့်အပြင် ဈေးကောင်းရသည့်အတွက် ပဲတီစိမ်းစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက်နေ ပဲတီစိမ်း စိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

မန္တလေးကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသာ နှမ်းနှင့်မြေပဲတို့၏ဈေးနှုန်းနှင့်ဈေးကွက်

    မန္တလေးမြို့ ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် (ဥပုသ်နေ့)မှ အပ နေ့စဉ်လယ်ယာထွက်ကုန်သီးနှံများအား အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။ ယခုဒီဇင်ဘာလ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံများဖြစ်သည့် နှမ်းနှင့်မြေပဲ တို့၏ဈေးနှုန်းများအား  ဖော်ပြအပ်ပါသည်။

    မန္တလေးတိုင်းဒေသကြီးတွင် လက်ရှိအချိန်တွင်ဆောင်းသီးနှံများဖြစ်သည့် နှမ်းနှင့်မြေပဲတို့ အား မြင်းခြံခရိုင်၊သပိတ်ကျင်းခရိုင်နှင့် ကျောက်ဆည်ခရိုင်တို့တွင် အဓိကစိုက်ပျိုးလျက်ရှိပါ သည်။မြင်းခြံခရိုင်တွင် နှမ်းသီးနှံ(ဆောင်း) စိုက်ဧက ၂၀၀၀၀ကျော်၊ကျောက်ဆည်ခရိုင်တွင် ၁၃၀၀၀ ကျော်နှင့် မြေပဲသီးနှံ(ဆောင်း) စိုက်ဧကသည် သပိတ်ကျင်းခရိုင်တွင် ၃၄၀၀၀ ဧကကျော်၊ မြင်းခြံ ခရိုင်တွင် ၃၂၀၀၀ဧကကျော် စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

   လက်ရှိတွင် ဆောင်းသီးနှံများဖြစ်သည့်(နှမ်း၊မြေပဲ)အသစ်များစတင်၍ မန္တလေးဈေးကွက် သို့ဝင်ရောက်လျက်ရှိပြီး ဆီစက်သမားဝယ်လက်များက ဈေးအမြင့်ဖြင့် ဝင်သလောက်ဝယ်ယူနေကြောင်း ကုန်သည်တစ်ဦးပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)

 

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း