Main menu

ကန့်ဘလူမြို့တွင် ရောင်းချနေသော ကျွဲကောသီးနှင့် ထောပတ်သီးဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်းချနေသော သစ်သီးဆိုင်များတွင် ကျွဲကောသီးနှင့် ထောပတ်သီးများကို အများအပြားရောင်းချနေကြကြောင်း သိရသည်။ ကျွဲကောသီးနှင့် ထောပတ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာ ယူရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

        ကျွဲကောသီးသည် အရည်ရွမ်းသော အသီးဖြစ်သောကြောင့်  အဖျော်ရည်ပြုလုပ်၍လည်းကောင်း၊ ထောပတ်သီးမှာ ကျန်းမာရေးအတွက် အထောက်အကူများစွာပြုသော အသီးဖြစ်သောကြောင့်  အဖျော်ရည်ပြုလုပ်၍ကာ  သရေစာအဖြစ်လည်း စားသုံးကြကြောင်း၊  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကျွဲကောသီး(၁)လုံးလျှင်  (၅၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ထောပတ်သီးအကြီး(၁)လုံးလျှင် (၁၃၀၀)ကျပ်၊ (၄)လုံးလျှင်(၅၀၀၀)ကျပ်၊ အလတ်(၁)လုံးလျှင် (၁၀၀၀)ကျပ်နှင့်အသေး(၁)လုံးလျှင် (၇၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)