Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့၏ နှမ်းနက်ဈေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

         ရွှေဘိုဈေးကွက်သို့ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ နှမ်းနက်များ ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင်(၂၂၀၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိကြောင်း၊ အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀)တင်း/ (၁၁၀)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းနက်တစ်တင်းလျှင်(၂၂၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတနှင့်ယခုအပတ် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ယခုအပတ်တွင် နှမ်းနက်လက်ကျန်နည်း၍ အရောင်းအဝယ်ဖြစ်သည့်ဈေးလည်းငြိမ်နေပြီး ဝင်ရောက်သမျှအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ပထမ)ပတ်တွင် ဈေးနှုန်းမြင့်တက်လျက်ရှိသည့် ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးနှုန်းဈေးကွက်

            ရွှေဘိုမြို့တွင် ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥ၊ ငုံးဥများကို မန္တလေးမြို့မှ သယ်ယူရောင်းချကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသမှ မွေးမြူနိုင်ခြင်းမရှိဘဲ၊ အခြားဒေသမှသယ်ယူရသည့်အတွက် ဈေးနှုန်းမြင့်မားရကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ပထမ) ပတ်တွင်ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်၍ ကြက်ဉ(၁)လုံးလျှင် (၄၂ဝိ/-)ကျပ်မှ (၄၇ဝိ/-)ကျပ်ထိ ဈေးနှုန်းဖြင့်ရောင်းချကြောင်း၊ ဘဲဥဈေးနှုန်းမှာ (၁)လုံးလျှင် (၅၀ဝိ/-)ကျပ်မှ (၇၀ဝိ/-)ကျပ်၊ ငုံးဥဈေးနှုန်းမှာ (၁)လုံးလျှင် (၁၀ဝိ/) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသည့် ခရမ်းချဉ်သီးဈေးနှုန်း

            ရွှေဘိုမြို့၌ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ၊ (စတုတ္တ)ပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ခရမ်းချဉ်သီးဈေးနှုန်းများမှာ အရွယ်အစားပေါ်မူတည်၍ အင်းသီး(၁)ပိဿာလျှင် (၆၀၀ဝိ/-)ကျပ် မှ (၇၀၀ဝိ/) ကျပ်၊ ဗမာသီး(ခေါ်) ကျားခြေရာသီးအချဉ်သီးဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်၍ (၁)ပိဿာလျှင် (၉၀၀ဝိ/-)ကျပ်မှ (၁၀၀၀ဝိ/-)ကျပ်ဖြင့် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ပထမ)ပတ်တွင် အင်းသီး(၁)ပိဿာလျှင် (၂၀၀ဝိ/-) ကျပ် မှ (၃၀၀ဝိ/) ကျပ်၊ ဗမာသီး(ခေါ်) ကျားခြေရာသီးအချဉ်သီးဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်၍ (၁)ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်မှ (၃၅၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်ပါက အင်းသီး(၁)ပိဿာလျှင်(၄၀၀ဝိ/)ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလျက်ရှိပြီး ဗမာသီး(ခေါ်) ကျားခြေရာသီးအချဉ်သီးဈေးနှုန်းမှာ (၇၀၀ဝိ/-)ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသည့် နံနံပင်နှင့် ကြက်သွန်မြိတ်ဈေးနှုန်း

          ရာသီပေါ်သီးနှံဖြစ်သည့် နံနံပင်နှင့်ကြက်သွန်မြိတ်များမှာ ဆောင်းရာသီတွင် လှိုင်လှိုင်ထွက်ရှိ၍ အခြားမြို့များမှ သယ်ယူရောင်းချစရာမလိုဘဲ မိမိတို့အိမ်ရှိ နေရာလွတ်များတွင်လည်းကောင်း၊ ခြံဝန်းကျယ်များတွင်လည်းကြောင်း စိုက်ပျိုးကြကြောင်း၊ ရွှေဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြကြောင်း၊ နံနံပင်နှင့် ကြက်သွန်မြိတ်မှာ ဟင်းခတ်အမွှေးအကြိုင်ဖြစ်၍ ဟင်းလျာတိုင်းတွင် ထည့်၍အသုံးပြုကြောင်း၊ ဇန်နဝါရီလ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော နံနံပင်ဈေးနှုန်းမှာ (၁)စည်းလျှင် (၁၀ဝိ/-)ကျပ်၊ (၁၀)စည်းလျှင် (၉၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်မြိတ် ဈေးနှုန်းမှာ (၁)စည်းလျှင်(၂၅ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်တွင် ဖြစ်ပေါ်နေသော မြေပဲလုံးဆံနှင့်မြေပဲအတောင့် ဈေးနှုန်းအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြောင်း၊ မြေပဲလုံးဆံနှင့် မြေပဲအတောင့်များကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲလုံးဆံများကို မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယိုပြုလုပ်ခြင်း၊ အစားအသောက်များနှင့်တွဲဖက်စားသုံးခြင်းတို့ကို ပြုလုပ်ကြကြောင်း၊ ကန့်ဘလူခရိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံနှင့် မြေပဲအတောင့်များသည် ဒေသတွင်းမှလည်းထွက်ရှိကြောင်း၊ မန္တလေးမြို့နှင့်ရွှေဘိုမြို့များမှလည်း ပြန်လည်ဝင်ရောက်ကြောင်း သိရသည်။

           ကန့်ဘလူခရိုင်တွင် ဇန်နဝါရီလပထမပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင် ငွေကျပ် (၃၀၀၀၀ မှ ၃၃၀၀၀)နှင့် မြေပဲလုံးဆံ(၁)တင်းလျှင် ငွေကျပ် (၁၂၅၀၀၀ မှ ၁၃၀၀၀၀)ဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းများ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

          ဇန်နဝါရီလပထမပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ်အိတ် လျှင်(၁၁၃၀၀၀)ကျပ်၊ အာမို၊ ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ(50)kg တစ် အိတ်လျှင်(၁၈၀၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီ တစ်ဘူးလျှင်(၁၈၀၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီ တစ်ဘူးလျှင်(၄၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင်း ပန်းဖူး(50)kg တစ်အိတ်လျှင် (၇၀၀၀)ကျပ်မြင့်တက်လာကြောင်း၊ မိုရယ်လ်မုန်း(၅၀၀)စီစီတစ်ဘူး လျှင်(၂၀၀၀)ကျပ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူခရိုင်တွင်ဖြစ်ပေါ်နေသော ပဲစဉ်းငုံဈေးနှုန်း၊ ဈေးကွက်အခြေအနေ

            မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့်နိုင်ငံဖြစ်သည်နှင့် အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

          ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံကို ဇွန်လနှင့်ဇူလိုင်လတို့တွင်စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလ၊ ဇန်နဝါရီလများတွင် ရိတ်သိမ်းရကြောင်း၊ ယခုနှစ်စိုက်ပျိုးရာသီ၌ ပဲစဉ်းငုံစိုက်ဧက(၁)သိန်းကျော်စိုက်ပျိုးထားရှိကြောင်း၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ပဲစဉ်းငုံသီးနှံမျိုးမှာ အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍(၂)မျိုးရှိပြီး ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလပထမပတ် အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ငွေကျပ်(၁၀၀၀၀၀ မှ ၁၀၃၀၀၀)နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ငွေကျပ်(၉၀၀၀၀ မှ ၉၃၀၀၀)ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

          ဒေသထွက်ပဲစဉ်းငုံသီးနှံများကို ကန့်ဘလူမြို့နှင့် ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှဝယ်ယူကြပြီး ပွဲရုံများမှတဆင့် ရွှေဘိုမြို့၊ မန္တလေးမြို့တို့ရှိ ပွဲရုံများ၊ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံသီးနှံဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင်ဖြစ်ပေါ်နေသော ကုလားပဲဈေးနှုန်း၊ ဈေးကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ် သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ဒေသတွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံများလည်း စိုက်ပျိုးကြောင်း သိရသည်။

         ကန့်ဘလူမြို့နယ်တွင် ကုလားပဲသီးနှံကို ဒီဇင်ဘာလကုန်တွင်စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းရကြောင်း၊ ကုလားပဲသီးနှံမျိုးမှာ ထိုင်ဝမ်မျိုး၊ (929)မျိုးနှင့် (V2)မျိုးဟူ၍ (၃)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလပထမပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် ငွေကျပ်(၈၅၀၀၀)၊ ကုလားပဲ(929)(၁)တင်းလျှင်ငွေကျပ်(၈၈၀၀၀)နှင့် ကုလားပဲ(V2)(၁)တင်းလျှင် ငွေကျပ်(၉၀၀၀၀)ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၌ ကြက်သွန်နီ(အသစ်)များ အရောင်းအဝယ်ဖြစ်လျက်ရှိ

            မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာနှင့် ပခုက္ကူကျွန်းတို့မှ မိုးစိုက်(ဥစိုက်)များ စတင်ထွက်ရှိနေပါသည်။ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်သို့ ရေစကြို၊ မြစ်ခြေတို့မှ မိုးစိုက်ကြက်သွန်နီများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ကြက်သွန်နီ(အဟောင်း)များလည်း ပေါက်နယ်ဒေသမှ အနည်းငယ်ဝင်ရောက်လျက်ရှိကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှ သိရသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သည် ပခုက္ကူမြို့၏ စီးပွားရေးအချက်အချာကျသော နေရာဒေသတစ်ခုလည်းဖြစ်ပါသည်။

          ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ကြက်သွန်နီ(အသစ်) လက်ကားဈေးနှုန်းမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ ကြက်သွန်နီ(အဟာင်း) ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၁၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ပတ်အတွင်း အရောင်းအဝယ် ဖြစ်ခဲ့သောပိဿာချိန်မှာ (၇၃၅၀၀၀)ပိဿာ၊ တန်ချိန်အားဖြင့် (၁၂၀၀)ကျော်၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ မြဝတီနှင့် ဟင်္သတမြို့များသို့ ကုန်ချိန်ပိဿာ(၄၄၁၀၀၀)ကျော်၊ ပိဿာချိန် (၃၀)ဝင်အိတ်ရေ(၁၄၇၀၀) အိတ်  တင်ပို့လျက်ရှိကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရသည်။

          ပခုက္ကူမြို့တွင် မြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရောင်းချလျက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းမှာ ထိပ်စ တစ်ပိဿာ လျှင် ကျပ်(၃၅၀၀) ၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၃၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ကြက်သွန်နီ(အဟာင်း) ထိပ်စ တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် (၁၅၀၀)ဖြင့် ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်းနက်(စမုံ)များ အရောင်းအဝယ်ဖြစ်လျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်းမျိုးစုံနှင့် မြေပဲကို အဓိကထားပြီး စိုက်ပျိုးလျက်ရှိပါသည်။ နှမ်းကို ပခုက္ကူမြို့နယ်အတွင်းရှိ ကံတော်၊ ကံလှ၊ ကျွဲတဲအုပ်စု ကံတိန်၊ ကံရက်၊ သစ်ပင်ကြီး၊ ဒဟက်ချောက်ကျေးရွာများတွင် နှမ်းစိုက်ဧက (၅၀၀၀)ကျော် စိုက်ပျိုးလျက်ရှိပါသည်။ အဓိကစိုက်ပျိုးသော နှမ်းအမျိုးအစားများမှာ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်၊ နှမ်းလျင် နှင့် သိပ္ပံနှမ်းနက်တို့ဖြစ်ပြီး  နှမ်းဖြူကို နှမ်းလှော်အဖြစ် ဒေသတွင်း သုံးစွဲလျက်ရှိကြောင်း သိရသည်။

          နှမ်းနက်(စမုံ)ကို ဒေသတွင်းသုံးစွဲရုံသာမက ပြည်ပသို့လည်း တင်ပို့လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ နှမ်းနက်(စမုံ) အမျိုးအစားကိုလိုက်၍ အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ နှမ်းနက်(စမုံ)ရှယ် တစ်တင်းလျှင် ကျပ်(၂၂၀၀၀၀ - ၂၃၂၀၀၀)၊ နှမ်းနက်(စမုံ)ရိုးရိုး တစ်တင်းလျှင် ကျပ်(၂၀၈၀၀၀)ဖြင့် အိတ်ရေ(၈၀၀ - ၁၀၀၀)အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့မှတဆင့် တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း